အသံကနေ လူတစ်ယောက်အကြောင်းကို ဘယ်လောက်အထိ ခန့်မှန်းနိုင်မလဲ

လူတစ်ယောက်ကို အကဲခတ်နိုင်ဖို့အတွက်နည်းလမ်းတွေအများကြီး ရှိပါတယ်။ အသံကို နားထောင်ပြီးတော့လည်း လူတစ်ယောက်ရဲ့ပင်ကိုယ်စရိုက်ကို သိရှိနိုင်ပါတယ်။

လူတစ်ယောက်ကို အသံကို နားထောင်ပြီး ဘယ်လိုအချက်တွေကို အကဲခတ်နိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ လူမှုဆက်ဆံရေး

အသံကို နားထောင်ပြီး သင်က extrovert လား၊ introvert လားဆိုတာကို မှန်းဆနိုင်ပါတယ်။ ဒီလေ့လာမှုမှာ အသံတွေကို မှတ်တမ်းတင်ပြီး လေ့လာခဲ့ပါတယ်။

ရလဒ်အရ စကားပြောမြန်ပြီး အသံကျယ်သူတွေက introvert တွေ ဖြစ်ကြပြီး extrovert တွေကတော့ စကားကို ဖြည်းဖြည်းလေးနဲ့ ညင်ညင်သာသာ ပြောတတ်ကြပါတယ်။

၂။ ယုံကြည်စိတ်ချရမှု

နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ Hello ဆိုတဲ့နှုတ်ဆက်စကားကို ပုံစံ ၆၄ မျိုးနဲ့ စမ်းသပ်လေ့လာခဲ့ပါတယ်။ အမျိုးသားတွေမှာတော့ အသံရဲ့အဆုံးသတ်နားမှာ အသံက မြင့်သွားရင်တော့ ယုံကြည်စိတ်ချရသူဖြစ်ကြောင်း တွေ့ရှိရပါတယ်။

အမျိုးသမီးတွေမှာတော့ Hello ဆိုတဲ့နှုတ်ဆက်စကားရဲ့ အသံအဆုံးအသတ်နားမှာ အသံက နိမ့်သွားရင် ယုံကြည်ရသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။

၃။ အရပ်အမြင့်

သင့်ရဲ့အသံကလည်း သင့်ရဲ့အရပ်အမြင့်ကို ဖော်ပြပေးနိုင်ပါတယ်။ ဒီလေ့လာမှုမှာ ဖြေဆိုသူတွေကို အသံတွေကို နားထောင်ခိုင်းပြီး အရပ်အမြင့်တွေကို ခန့်မှန်းစေပါတယ်။

ပါဝင်ဖြေဆိုသူ ၆၂.၁၇ ရာခိုင်နှုန်းက အသံကို နားထောင်ပြီး အရပ်ရှည်တဲ့သူတွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ရလဒ်အရ အရပ်ရှည်လေ အသံဩလေပါပဲ။

၄။ မျိုးပွားနိုင်‌ခြေ

ရာသီစက်ဝန်းနဲ့ ဟော်မုန်းအပြောင်းအလဲပေါ်မူတည်ပြီး အသံက ပြောင်းလဲသွားပါတယ်။ အမျိုးသမီးတွေမှာ သားဥကြွေချိန်ဆိုရင် အသံက ပိုပြီး ကျယ်နေတတ်ပါတယ်။

၅။ အားအင်

အမျိုးသားတွေမှာ အသံက အားအင်ဘယ်လောက်ရှိကြောင်းကိုလည်း ပြောပြပေးနိုင်ပါတယ်။ မိခင်ဘာသာစကားကို ပြောတဲ့ အသံတွေကို လေ့လာကြည့်တဲ့အခါ အမျိုးသားတွေမှာ ခန္ဓာကိုယ်အားအင်ကြီးလေ အသံက ပိုဩလေပါပဲ။

၆။ အလုပ်အကိုင်

အလုပ်အကိုင်ကလည်း အသံကို လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ အလုပ်အကိုင်က အသံပေါ်မှာ မူတည်ပြီး ပြောင်းလဲနိုင်တာဟာ အမျိုးသမီးတွေမှာ ပိုသိသာပါတယ်။ အမြဲတမ်းထိန်းချုပ်နေတဲ့ အလုပ်ရှင်နဲ့တွေ့ရင် အသံက မဝံ့မရဲဖြစ်နေတ်ပါတယ်။

၇။ Parkinson ရောဂါ

Parkinson ရောဂါခံစားနေရသူတွေမှာ အသံတွေ ပြောင်းလဲလာပါတယ်။ Parkinson ရောဂါဖြစ်ပွားနေသူတွေမှာ အသံက တိုးလာပြီး အသက်ရှူမဝဖြစ်လာပါတယ်။ စကားတွေကို ထပ်ခါထပ်ခါ ပြောလာလေ့ရှိပြီး ဆိုးရွားလာတဲ့အခါ အသံတွေ တုန်လာပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments