သင့်ကို အရမ်းအံ့ဩသွားစေမယ့် ထူးထူးဆန်းဆန်းရိုးရာ (၈) မျိုး

ကမ္ဘာက ထူးဆန်းတဲ့ရိုးရာတွေက အချိန်တွေ ကြာမြင့်လာတာနဲ့အမျှ ပျောက်ကွယ်လာပါတယ်။ ရိုးရာအသစ်အဆန်းတွေကလည်း ပေါ်ထွက်နေပါတယ်။

ဒီနေ့မှာတော့ အရမ်းကို အံ့ဩသွားစေမယ့် ထူးထူးဆန်းဆန်းရိုးရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အမျိုးသားတွေကို တားမြစ်ပိတ်ပင်ထားတဲ့ရွာ

ကင်ညာနိုင်ငံက Umoja ဒေသကို အမျိူးသမီးတွေပဲ အုပ်ချုပ်ပါတယ်။ အဲဒီဒေသမှာ ကြီးပြင်းလာတဲ့အမျိုးသားမဟုတ်ရင် နေထိုင်ခွင့်လည်း မရှိပါဘူး။ ၁၉၉၀ ခုနှစ်တည်းကစပြီး ဒီစည်းမျဉ်းကို အဲဒီဒေသခံတွေက လိုက်နာခဲ့ပါတယ်။

ခင်ပွန်းသည်တွေရဲ့ နှိပ်စက်ခြင်းကိုခံရတဲ့အမျိုးသမီးတွေဟာ Umoja ဒေသမှာ လာရောက်ခိုလှုံရင်းနဲ့ အမျိုးသားတွေ မလာရဆိုတဲ့ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပါတယ်။ ‌ဒေသအတွက် ဝင်ငွေကိုတော့ ခရီးသွားလုပ်ငန်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းတို့ကနေ ရရှိပါတယ်။

၂။ မျက်လုံးကို အလှဆင်ခြင်း

နယ်သာလန်နိုင်ငံမှာ ရှေးတုန်းက ပလက်တီနမ်နဲ့ပြုလုပ်ထားတဲ့အရာလေးတွေကို မျက်လုံးရဲ့မျက်နှာပြင်ပေါ်မှာ ရိုက်နှိပ်ကြပါတယ်။ ဘယ်ပုံစုံမဆို ရွေးချယ်လို့ရပြီး မျက်လုံးကို အလှဆင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ကြပါတယ်။ ဒီရိုးရာက အန္တရာယ်များတာကြောင့် နယ်သာလန်နိုင်ငံရဲ့အချို့နေရာတွေမှာ တားမြစ်ထားပါတယ်။

၃။ ဆံပင်ကို ရွှံ့သုတ်ခြင်း

အာဖရိက Fula လူမျိုးနွယ်စုရဲ့ အမျိုးသမီးတွေမှာ ကျယ်ပြန့်တဲ့နဖူးတွေ ရှိကြပါတယ်။ နဖူးကျယ်တဲ့အမျိုးသမီးတွေကို လှပတယ်လို့ သတ်မှတ်ထားကြပါတယ်။ နဖူးပြင်ကို ပေါ်လွင်အောင်လို့ ဆံပင်တွေကို စည်းထားလေ့ရှိကြပါတယ်။

အာဖရိက Himba လူမျိုးနွယ်စုမှာတော့ အမျိုးသမီးတွေက ရွှံ့နဲ့ထောပတ်ဆီရောပြီး ဆံပင်တွေကို လိမ်းကျံကြပါတယ်။ ဒီလိုလိမ်းထားတာက ဆွဲဆောင်မှုရှိတယ်လို့ ယူဆတာကြောင့်ပါ။

၄။ အမျိုးသားတွေကို တစ်ယောက်ထက်ပိုယူလို့ရတဲ့ လူမျိုး

ကမ္ဘာပေါ်က နေရာတော်တော်များများမှာတော့ အမျိုးသားတွေက အမျိုးသမီးတွေကို လက်ထပ်ခွင့်တောင်းကြပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း Mousu မှာ နေထိုင်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေကို တစ်ယောက်ထက် ပိုပြီး ယူလို့ရပါတယ်။

ကလေးတွေကိုတော့ အမျိုးသမီးဘက်က မိသားစုတွေက စောင့်ရှောက်ပေးကြပါတယ်။ အမျိုးသမီးတွေကို ဦးစားပေးပြီးတော့ သမီးအကြီးဆုံးတွေက မိသားစုရဲ့ဦးဆောင်သူတွေ ဖြစ်လာပါတယ်။

၅။ ကြီးမားတဲ့ နားပန်

အင်ဒိုနီးရှားနိုင်ငံက Dayak လူမျိုးတွေမှာ ရိုးရာတွေ အများကြီးရှိကြပါတယ်။ ခန္ဓာကိုယ်မှာ တက်တူးထိုးတာ၊ နားပန်အကြီးကြီးတွေရှိတာကို လှပတယ်လို့ ယူဆကြပါတယ်။

ကြီးမားတဲ့နားပန်တွေမှာ ငွေ သို့မဟုတ် သံနားကွင်းတွေကို ပန်ထားပြီး နားပန်က ကြီးတာကြောင့် ပုခုံးအထိ ရှည်ကျနေပါတယ်။ နားပန်အရှည်ဆုံးအမျိုးသမီးဟာ ရွာမှာ အလှဆုံးအမျိုးသမီးပါပဲ။

၆။ အမာရွတ်

ကမ္ဘာတစ်ဝှမ်းလုံးမှာ တက်တူးကို စက်၊ မင်တို့နဲ့ ထိုးကြပါတယ်။ အီသီယိုးပီးယားနိုင်ငံက Karo လူမျိုးနွယ်စုမှာတော့ အမာရွတ်ရှိအောင် ပြုလုပ်တာက တက်တူးထိုးနည်းတစ်မျိုးပါ။ Karo လူမျိုးနွယ်စုက အမျိုးသမီးတွေမှာ ပုံစံလှပတဲ့အမာရွတ်တွေရှိကြပါတယ်။

၇။ မင်္ဂလာဆောင်မတိုင်ခင်မှာ ငိုကြွေးခြင်း

တရုတ်နိုင်ငံက Tujia လူမျိုးနွယ်စုတွေရဲ့ ရိုးရာကတော့ အရမ်းစိတ်ဝင်စားစရာကောင်းပါတယ်။ အမျိုးသမီးတွေက လက်မထပ်ခင်တစ်လ အလိုတည်းကစပြီး ငိုကြွေးရတာပါ။ သတို့သမီးတစ်ယောက်တည်းငိုတာ ၁၀ ရက်ကြာတဲ့အခါ သတို့သမီးရဲ့အမေနဲ့ သတို့သမီးက ငိုပါတယ်။

နောက်ထပ် ၁၀ ရက်ကြာတဲ့အခါ သတို့သမီး၊ သတို့သမီးအမေ၊ သတို့သမီးအဘွားနဲ့ သတို့သမီးရဲ့ညီအစ်မတွေက အတူတူငိုကြပါတယ်။ ဒါကတော့ မင်္ဂလာဆောင်ကို ပိုပြီးပျော်စရာကောင်းအောင် ပြုလုပ်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။

၈။ အမျိုးသမီးအိမ်ထောင်ဦးစီး

အင်ဒိုနီးရှားနိုင်ငံ Minangkabau ဟာ အမျိုးသမီးအိမ်ထောင်ဦးစီးတွေ အများကြီး ရှိတဲ့နေရာပါ။ လူမျိုးအများစုမှာတော့ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ပြီးတဲ့အခါ အမျိုးသမီးက အမျိုးသားရဲ့အိမ်မှာ ပြောင်းနေရပါတယ်။ Minangkabau မှာတော့ အမျိုးသမီးတွေက အရာအာလုံးကို ထိန်းချုပ်ဦးစီးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments