အများသုံး USB အားသွင်းပေါက်တွေမှာ အားမသွင်းသင့်တဲ့အကြောင်းအရင်း (၅) ချက်

ဖုန်းအားသွင်းဖို့အတွက် လူအများရှိတဲ့နေရာတွေမှာ USB အားသွင်းပေါက်လေးတွေကို ပြုလုပ်ပေးထားလေ့ရှိပါတယ်။ USB အားသွင်းပေါက်လေးတွေ ရှိတာကြောင့် ဖုန်းအားသွင်းဖို့အတွက် မခက်ခဲတော့ပါဘူး။

ဒါပေမယ့် အများသုံး USB အားသွင်းပေါက်တွေကနေတစ်ဆင့် သင့်ရဲ့ကိုယ်ရေးအချက်အလက်၊ ငွေ၊ လျှို့ဝှက်ချက်တွေကို ခိုးယူသွားနိုင်ပါတယ်။

USB အားသွင်းပေါက်ကနေတစ်ဆင့် အချက်အလက်တွေကို အလွယ်တကူ ရရှိသွားနိုင်ပါတယ်။

အများသုံး USB အားသွင်းပေါက်တွေကနေတစ်ဆင့် သင့်ရဲ့ဖုန်းထဲကို malware တွေထည့်ပြီး အချက်အလက်ကို ဟက်သွားလို့ရနိုင်ပါတယ်။

ဒါမှမဟုတ် သင့်ဆီက အဖိုးတန်အချက်အလက်တွေကိုလည်း ခိုးယူသွားနိုင်ပါတယ်။ အဲဒါကြောင့် အများသုံး USB အားသွင်းပေါက်မှာ ဘယ်တော့မှ အားမသွင်းသင့်ပါဘူး။

ဖုန်းကို ပြင်ပနေရာမှာဆိုရင် power bank နဲ့သာ အားသွင်းပါ။

ဟက်ကာတွေက ဖုန်းအားသွင်းကြိုးကို အားသွင်းဖို့အတွက်သာမက အချက်အလက်တွေကို လွှဲပြောင်းဖို့ရည်ရွယ်ချက်နဲ့ပါ အသုံးပြုကြပါတယ်။ အဲဒါကြောင့် အများသုံးနေရာတွေမှာ power bank ကနေတစ်ဆင့်သာ ဖုန်းကို အားသွင်းသင့်ပါတယ်။

အခြားသူတွေရဲ့အားသွင်းကြိုးတွေကိုလည်း ယူမသုံးသင့်ပါဘူး။

ဖုန်းအားသွင်းကြိုး ကျန်ခဲ့တဲ့အခါ အခြားသူတွေရဲ့အားသွင်းကြိုးတွေကို အလွယ်တကူ ယူမသုံးသင့်ပါဘူး။ အားသွင်းကြိုးတွေမှာလည်း အချက်အလက်တွေကို လွှဲပြောင်းနိုင်တဲ့ chip ပြားလေးတွေ ထည့်သွင်းထားနိုင်ပါတယ်။

ဒါ့အပြင် လူအများတွေရှိတဲ့နေရာမှာ ကျန်ခဲ့တဲ့ အားသွင်းကြိုးတွေကိုလည်း မသုံးသင့်ပါဘူး။

ဖုန်းအားသွင်းဖို့ အရေးတကြီးလိုအပ်တဲ့အခါ power bank ကနေ တစ်ဆင့်သာ အားသွင်းပါ။

လူအများရှိတဲ့နေရာတွေက အားသွင်းကြိုးတွေက အများအားဖြင့် စိတ်ချရပါတယ်။ ဒါပေမယ့် ဟက်ကာတွေက အချက်အလက်ခိုးယူလို့ရတဲ့ အားသွင်းကြိုးအတုတွေကို တပ်ဆင်ထားတတ်ပါတယ်။

အရေးတကြီး ဖုန်းအားသွင်းဖို့ လိုအပ်တဲ့အခါတွေမှာ power bank ကိုသာ ဦးစားပေးအသုံးပြုသင့်ပါတယ်။

Adapter ကို အသုံးပြုပါ။

အများသုံးနေရာတွေမှာ အားသွင်းရင် စိတ်ချရဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ Adapter ကို အသုံးပြုတာပါ။

Adapter ကနေတစ်ဆင့်မှ အားသွင်းကြိုးတပ်ပြီး အသုံးပြုတာက အချက်အလက်တွေ ခိုးယူမခံရဖို့ လုံခြုံတဲ့နည်းလမ်းတစ်ခုပါ။

Zombie (lovemedia)

Post a Comment

0 Comments