အိမ်မှာ ဘက်တီးရီးယားတွေ အများဆုံးနေရာက အိမ်သာနဲ့ ပန်းကန်ဆေးကန်ပါ။ ဘက်တီးရီးယားတွေ နောက်ထပ်များတဲ့တစ်နေရာကတော့ မျက်နှာသုတ်ပါပဲ။
မျက်နှာသုတ်ပဝါက နေ့စဉ်လိုအပ်ချက်တစ်ခုပါ။ မျက်နှာအသားအရေလှပဖို့ မျက်နှာသုတ်ပဝါကို ပြောင်းလဲသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ဆံပင်ခြောက်စေဖို့ တဘက်အစား တီရှပ်အဟောင်းကို အသုံးပြုပါ။
ဆံပင်ကို တဘက်နဲ့ပတ်ပြီး အခြောက်ခံတာက ဆံသားတွေ ခြောက်သွေ့ပြီး ဆံဖျားနှစ်ခွ ဖြစ်စေပါတယ်။ အဲဒါကြောင့် ဆံပင်ကို ခြောက်ဖို့အတွက် တဘက်နဲ့မပတ်ဘဲ တီရှပ်အဟောင်းနဲ့ ပတ်ထားနိုင်ပါတယ်။ ဆံပင်ဖွာတာနဲ့ အဖျားနှစ်ခွဖြစ်တာတွေ သိသိသာသာ သက်သာသွားမှာပါ။
၂။ မျက်နှာကို ပဝါနဲ့ ကြိမ်ဖန်များစွာ ပွတ်တိုက်ရင် အသားအရေ ခြောက်သွေ့ပါတယ်။
မျက်နှာကို မျက်နှာသုတ်ပဝါနဲ့ ခဏခဏပွတ်တိုက်ရင် မျက်နှာက သဘာဝအဆီတွေ ပါသွားပါတယ်။ သဘာဝအဆီကတွေက မျက်နှာအသားအရေကို ကျန်းမာအောင်၊ စိုပြေအောင် ပြုလုပ်ပေးပါတယ်။ နောက်တစ်ချက်ကတော့ ခြောက်သွေ့တဲ့အသားအရေတွေကြောင့် မျက်နှာမှာ အဆီတွေ ပြန်လာတာပါ။
၃။ မျက်နှာသုတ်ပဝါနဲ့ ပွတ်တိုက်တာက အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။
တကယ်တော့ မျက်နှာသုတ်ပဝါတွေက မျက်နှာအသားအရေအတွက် အရမ်းကို ကြမ်းတမ်းပါတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါ အရေးအကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။
မျက်နှာသုတ်ပဝါကို ခဏခဏလျှော်လေ ပိုပြီး ကြမ်းတမ်းလာလေပါပဲ။ အဲဒါကြောင့် သဘာဝလေနဲ့ မျက်နှာကို အခြောက်ခံတာက အကောင်းဆုံးပါ။
၄။ မျက်နှာကို ပဝါနဲ့သုတ်တာကြောင့် skincare တာက အလကားဖြစ်သွားနိုင်ပါတယ်။
မျက်နှာကို မျက်နှာသုတ်ပဝါနဲ့သုတ်ရင် မျက်နှာရဲ့သဘာဝအဆီတွေလျော့ပါးကုန်ပါတယ်။ အဲဒါကြောင့် skincare လုပ်ပေမယ့်လည်း အကျိုးမရှိဖြစ်နေမှာပါ။ မျက်နှာသစ်ပြီးတဲ့အခါ သဘာဝလေနဲ့ အခြောက်ခံပြီး moisturizer လိမ်းပေးတာက အသားအရေကို ရေဓာတ်ပြည့်စေပါတယ်။
၅။ မျက်နှာသုတ်ပဝါကြောင့် ဝက်ခြံလည်း ဖြစ်ပေါ်လာပါတယ်။
မျက်နှာနဲ့ ခန္ဓာကိုယ်အတွက် တဘက်တစ်ထည်တည်းကိုသာ အသုံးပြုရင် ဝက်ခြံတွေ ထွက်လာမှာပါ။ လူအများစုက တဘက်တွေကို ရေချိုးခန်းထဲမှာပဲ ထားတာကြောင့် ဘက်တီးရီးယားတွေ စုဝေးပြီးသားဖြစ်သွားပါတယ်။
အဲဒီတဘက်နဲ့ မျက်နှာကို သုတ်ရင် မျက်နှာမှာ ဝက်ခြံတွေ အဆက်မပြတ်ထွက်လာမှာ အသေအချာပါပဲ။ တဘက်ကို မျက်နှာအတွက် သီးသန့်ထုတ်ထားပြီး အသုံးပြုပြီးတဲ့အခါမှာလည်း နေရောင်ရတဲ့နေရာမှာ လှန်းထားသင့်ပါတယ်။
၆။ ထိလွယ်ရှလွယ်အသားအရေပိုင်ရှင်တွေအတွက် မျက်နှာကို လေနဲ့သာ အခြောက်ခံပါ။
ထိလွယ်ရှလွယ်အသားအရေပိုင်ရှင်တွေက မျက်နှာသစ်ပြီးတဲ့အခါ မျက်နှာသုတ်ပဝါကို အသုံးမပြုသင့်ပါဘူး။ မျက်နှာသုတ်ပဝါက ထိလွယ်ရှလွယ်အသားအရေပိုင်ရှင်တွေအတွက် ကြမ်းတမ်းတာကြောင့် အသားအရေနီမြန်းတာကို ဖြစ်ပေါ်စေပါတယ်။ အဲဒါကြောင့် လေနဲ့သာ မျက်နှာကို အခြောက်ခံသင့်ပါတယ်။
၇။ မျက်နှာသုတ်ပဝါတစ်ထည်တည်းကိုကိုပဲ သုံးတာကလည်း အသားအရေအတွက် မကောင်းပါဘူး။
မျက်နှာသုတ်ပဝါကို ပုံမှန်လျှော်ပေးဖို့ မမေ့သင့်ပါဘူးနော်။ မျက်နှာသုတ်ပဝါမှာ ဆဲလ်သေတွေ ရှိနေတတ်တာကြောင့် ခဏခဏ လဲလှယ်ပေးသင့်ပါတယ်။
မျက်နှာသုတ်ပဝါမသန့်ရှင်းတာကြောင့် ချွေးပေါက်တွေပိတ်ပြီး အခြားအသားအရေပြဿနာတွေပါ ဖြစ်ပေါ်လာစေပါတယ်။
မျက်နှာသုတ်ပဝါမသုံးဘဲ မျက်နှာကို လေနဲ့သာ အခြောက်ခံခြင်း
သဘာဝလေနဲ့ မျက်နှာကို အခြောက်ခံတာက အန္တရာယ်ကင်းပြီး အသားအရေကို နူးညံ့စေပါတယ်။ မျက်နှာကို လေနဲ့အခြောက်ခံပြီးနောက် ရေဓာတ်ဖြည့်ခရင်မ်ကို လိမ်းပေးနိုင်ပါတယ်။
Zombie (lovemedia)
0 Comments