အချို့တွေ အိမ်သာကို အသုံးပြုပြီးတဲ့အခါ အိမ်သာထိုင်ခုံက ပြာသွားတာကို ကြုံဖူးမှာပါ။ အိမ်သာထိုင်ခုံက အရောင်ပြောင်းသွားရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။
၁။ ဂျင်းအဝတ်အစား
အိမ်သာကို အသုံးပြုပြီးနောက်မှာ အိမ်သာထိုင်ခုံက အရောင်ပြောင်းသွားတာကို တွေ့ရင် လန့်သွားမိမှာပါ။ အပြာရောင်ဂျင်းအဝတ်အစားတွေကို ဝတ်တဲ့အချိန်ကြာရှည်တဲ့အခါ ဂျင်းရဲ့အပြာရောင်က ခန္ဓာကိုယ်မှာ အနည်းငယ် ထိတွေ့သွားပါတယ်။
အဲဒီကနေ အိမ်သာကို အသုံးပြုရင်း အိမ်သာထိုင်ခုံက အရောင်ပြောင်းသွားတတ်ပါတယ်။ အိမ်သာထိုင်ခုံအရောင်ပြောင်းသွားတဲ့အခါ ချက်ချင်းသန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။
၂။ ခန္ဓာကိုယ်ကနေ ထွက်တဲ့ ချွေးနဲ့အဆီ
ခန္ဓာကိုယ်ကနေ ထွက်တဲ့ ချွေးနဲ့အဆီတွေက အပြာရောင် သို့မဟုတ် ခဲရောင်အဖြစ် ပြောင်းလဲသွားတာကို Chromhidrosis လို့ခေါ်ကြပါတယ်။
Chromhidrosis ခံစားနေရသူတွေက အသားအရောင်လည်း ပြောင်းလဲလာတတ်သလို အိပ်ရာခင်းနဲ့ အဝတ်အစားတွေမှာလည်း ခရမ်းရောင်၊ ခဲရောင်တွေ စွန်းလာတတ်ပါတယ်။
အိမ်သာကို အသုံးပြုပြီးနောက်မှာလည်း အိမ်သာထိုင်ခုံက အပြာရောင် သို့မဟုတ် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပါတယ်။
၃။ ဘက်တီးရီးယားနဲ့ ချွေးပေါင်းစပ်သွားခြင်း
ဘက်တီးရီးယားနဲ့ ချွေးပေါင်းစပ်ပြီး အရောင်ပြောင်းသွားတာကို pseudochromhidrosis လို့ခေါ်ကြပါတယ်။ အထူးသဖြင့် ချိုင်းနေရာတွေမှာ ဘက်တီးရီးယားနဲ့ ချွေးပေါင်းစပ်ပြီးတော့ အဝါရောင်အစွန်းတွေ ဖြစ်ပေါ်လာပါတယ်။
အဝါရောင်အပြင် တစ်ခါတရံ အနက်ရောင်လည်း ဖြစ်ပေါ်လာတတ်ပါတယ်။ ချွေးနဲ့ဘက်တီးရီးယားပေါင်းစပ်ပြီးတော့ အိမ်သာ၊ ရေချိုးကန်တို့ကို အသုံးပြုပြီးတဲ့အခါ မျက်နှာပြင်တွေက အရောင်ပြောင်းလဲသွားတာကို သတိထားမိနိုင်ပါတယ်။
၄။ ဟော်မုန်းအပြောင်းအလဲ
ဟော်မုန်းအပြောင်းအလဲကြောင့်လည်း အရောင်တွေ ပြောင်းလဲသွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အိမ်သာအသုံးပြုပြီးတဲ့အခါ အိမ်သာထိုင်ခုံရဲ့အရောင်က ခရမ်းရောင်အဖြစ် ပြောင်းလဲသွားပါတယ်။
ကိုယ်ဝန်ဆောင်ပြီးနောက်မှာတော့ အိမ်သာထိုင်ခုံအရောင်ပြောင်းတာကို မကြုံတွေ့ရတော့ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်မဟုတ်ဘဲ အိမ်သာထိုင်ခုံရဲ့အရောင် ပြောင်းနေတာကို သတိထားမိရင် ဟော်မုန်းကို စစ်ဆေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments