လက်ဖက်ရည်ရောင်းနေတဲ့ဓာတ်ပုံက ပျံ့နှံ့သွားခဲ့ပြီး ထိပ်တန်းမော်ဒယ်ဖြစ်လာခဲ့သူ ပါကစ္စတန်နိုင်ငံသား

၂၀၁၆ ခုနှစ်တုန်းက Arshad Khan ဟာ ပါကစ္စတန်နိုင်ငံရဲ့မြို့တော် Islambad မှာ လက်ဖက်ရည်ရောင်းနေခဲ့ပါတယ်။ လက်ဖက်ရည်ဖျော်နေရင်းနဲ့ သူစိမ်းတစ်ယောက်ရဲ့ကင်မရာကို အကြည့်ရောက်သွားခဲ့ပါတယ်။

အဲဒီကနေ သူ့ရဲ့ဘဝက တစ်ဆစ်ချိုးပြောင်းလဲ သွားခဲ့ပါတော့တယ်။ ကင်မရာကို အမှတ်မထင်ကြည့်မိလိုက်ရင်းကနေ သူ့ရဲ့ဓာတ်ပုံက ဆိုရှဘ်မီဒီယာမှာ ပျံ့နှံ့သွားပြီး လူသိများသွားခဲ့ပါတယ်။


ဓာတ်ပုံဆရာ Jiah Ali က Khan ရဲ့ဓာတ်ပုံကို ဆိုရှယ်မီဒီယာမှာ တင်လိုက်တာပါ။ လူထောင်ပေါင်းများစွာက သူ့ရဲ့ ဓာတ်ပုံကို သဘောကျပြီး မှတ်ချက်တွေ ပေးကြပါတယ်။

Khan ရဲ့ မျက်လုံးပြာပြာလေးတွေနဲ့ ကြွေလောက်တဲ့အကြည့်တွေက လူသိများသွားပါတယ်။ အဲဒီနောက်မှာတော့ ဓာတ်ပုံတွေ ဆက်တိုက်ရိုက်လာရတဲ့အပြင် တီဗွီအစီအစဉ်တွေမှာလည်း ပါဝင်လာပါတယ်။ မော်ဒယ်အဖြစ် စာချုပ်ချုပ်ဖို့ ကမ်းလှမ်းလာတာတွေလည်း ရှိလာပါတယ်။


Khan ရဲ့ ပထမဆုံးဓာတ်ပုံကို Hot-tea လို့နာမည်ပေးပြီး အွန်လိုင်းမှာ တင်ခဲ့တာပါ။ လူပေါင်းများစွာက Khan ရဲ့ ဘဝအကြောင်းကို သိချင်လာကြပါတယ်။

ဓာတ်ပုံက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ပြီး ၂ရက်အတွင်းမှာတင် အမျိုးသမီးပေါင်းများစွာက ဆိုင်ကို ဝင်လာမစဲတသဲသဲဖြစ်လာပါတယ်။


နောက်ပိုင်းမှာတော့ Khan က နာမည်ကြီး မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်မှာဆိုရင် အွန်လိုင်းမှာ ရှာဖွေမှုအများဆုံးမော်ဒယ်ကတော့ Khan ပါပဲ။

Islambad က online shopping site တစ်ခုနဲ့ Khan က အမျိုးသားအဝတ်အစားတွေအတွက် ကြော်ငြာပေးဖို့ စာချုပ်ချုပ်ဆိုထားပါတယ်။ Khan ကြော်ငြာပြီးနောက်မှာတော့ ရောင်းအားတွေက အများကြီးတက်လာခဲ့ပါတယ်။


Khan ရဲ့ဓာတ်ပုံကို အမှတ်မထင်ရိုက်ကူးပေးခဲ့တဲ့ ဓာတ်ပုံဆရာ Ali ကတော့ Khan ရဲ့အောင်မြင်မှုအတွက် အများကြီးဝမ်းသာနေခဲ့ပါတယ်။ အောင်မြင်မှုကို ဆက်ထိန်းထားနိုင်ဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။


Khan က ရုပ်ရည်ချောမောတဲ့အပြင် သူ့ရဲ့အကောင်းမြင်တတ်တဲ့စိတ်ကြောင့် ပိုပြီး ထင်ရှားလာခဲ့ပါတယ်။ Khan က မော်ဒယ်အလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments