ငါးတစ်ကောင်နီးပါး ရေကူးကျွမ်းကျင်ပြီး ပင်လယ်ထဲမှာပဲ လှည့်လည်နေထိုင်တဲ့ လူမျိုးနွယ်စု

ရေကူးတာက ဘဝမှာ အရမ်းကို အကျိုးပြုတဲ့ အရည်အချင်းတစ်ခုပါ။ အာရှတိုက်မှာ ရှိတဲ့ Bajua လူမျိုးနွယ်စုတွေကတော့ ငါးနီးပါး ရေကူးကျွမ်းကျင်ကြပါတယ်။

သူတို့တွေက ရေထဲမှာ မိနစ်ပေါင်းများစွာ ကြာအောင် အသက်အောင့်နေနိုင်ပါတယ်။ ပင်လယ်ရေအောက် ပေ ၂၀၀ မှာ ၁၃ မိနစ်ကြာအောင် အသက်အောင့်ထားနိုင်ပါတယ်။


Bajau လူမျိုးနွယ်စုတွေက မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့ရဲ့ ကမ်းရိုးတမ်းတွေမှာ နေထိုင်ခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။

ကမ်းရိုးတန်းတစ်လျှောက်မှာ ရေကြည်ရာမြက်နုရာ လှည့်လည်သွားလာ နေထိုင်ကြပါတယ်။ တစ်နေရာမှာ ကြာကြာမနေကြပါဘူး။


လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာကတည်းက Bajau လူမျိုးနွယ်စုတွေက ပင်လယ်တစ်ဝိုက်မှာ အုပ်စုဖွဲ့နေထိုင်ကြပါတယ်။ ငါးနဲ့ ပင်လယ်ထွက်ပစ္စည်းတွေ ရှာဖွေစားသောက်ပြီး ရောင်းချကြပါတယ်။

ရေကူးတာနဲ့ ဒိုင်ဗင်ထိုးတာကို အလွန်ငယ်ရွယ်တဲ့အရွယ်ကတည်းက သင်ခဲ့ကြပါတယ်။ တစ်နေ့ကို ၆ နာရီကနေ ၁၀ နာရီလောက်က ရေထဲမှာပဲ နေကြပါတယ်။


သူတို့အတွက် ပြဿနာတစ်ခုကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းကလောက် ငါးတွေ များများ မရတော့တာပါ။ Bajau လူမျိုးနွယ်စုက လူတွေရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အခြားလူတွေနဲ့ ကွဲပြားပါတယ်။

ပင်လယ်ရေနက်ထဲမှာ အသက်ရှင်သက်နိုင်ဖို့အတွက် သဘာဝက သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို အခြားသူတွေနဲ့မတူအောင် ဖန်တီးပေးထားပါတယ်။


သွေးနီဥဆဲလ်တွေကို ထိန်းသိမ်းထားနိုင်ဖို့၊ ရေထဲမှာ အချိန်ကြာကြာနေနိုင်ဖို့အတွက် သူတို့ရဲ့သရက်ရွက်တွေက ပိုကြီးပါတယ်။ အလွန်ငယ်တဲ့ကလေးတွေတောင် ရေထဲမှာ အချိန်ကြာကြာနေနိင်ပြီး မျက်လုံးကလည်း ရေအောက် မြင်ကွင်းတွေနဲ့ အသားကျနေပါပြီ။

Bajau လူမျိုးနွယ်စုတွေက ခေတ်မီနည်းပညာတွေကို မသုံးဘဲ ရေအောက်မှာ အချိန်ကြာကြာ အသက်အောင့်ထားနိုင်ပါတယ်။ ရေအောက် ၁၀ မီတာအထိ ဒိုင်ဗင်ထိုးနိုင်တဲ့အစွမ်းလည်း ရှိပါတယ်။


ရေအောက်မှာ ကြာကြာနေနိုင်ဖို့အတွက် ခန္ဓာကိုယ်အလေးချိန်၊ လက်လုပ်ရေကာမျက်မှန်တို့ကိုပဲ အသုံးပြုပါတယ်။ ပင်လယ်က သူတို့အတွက်တော့ အိမ်ပါပဲ။

ရေပေါ်မှာ အိမ်တွေကို ဆောက်ပြီး အရှေ့တောင်အာရှတစ်ဝိုက်က ကမ်းရိုးတန်းတွေမှာ လှည့်လည်နေထိုင်ကြပါတယ်။ ပင်လယ်ထဲကနေ သူတို့လိုအပ်တဲ့အရာတွေ အားလုံးရနေတာဖြစ်လို့ ကုန်းမြေပေါ်ကို ရောက်လာတာက အလွန်ကို နည်းပါးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments