သားတွေကို စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ ပေးသင့်တဲ့အကြောင်းအရင်းများ

ယောက်ျားလေးတွေကို ငယ်စဉ်ကတည်းက ယောက်ျားပီသဖို့၊ စိတ်ဓာတ်ခိုင်မာဖို့၊ ရဲရင့်နေစေဖို့ မိဘတိုင်းက သင်ကြားပေးကြပါတယ်။

အဲဒါကြောင့် ယောက်ျားလေးတွေက ကြီးပြင်းလာတဲ့အခါ စိတ်ခံစားချက်တွေကို ဘယ်လိုထုတ်ဖော်ပြသရမလဲဆိုတာကို မရှင်းမလင်းဖြစ်လာပါတယ်။ ဒါ့အပြင် အချို့သော ယောက်ျားလေးတွေဟာ အခြားသူရဲ့ ခံစားချက်တွေကိုလည်း နားမလည်ပေးနိုင်တော့ပါဘူး။

တကယ်တော့ ယောက်ျားလေးတွေဟာလည်း စိတ်ခံစားတတ်တာကြောင့် စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးက ဦးနှောက်ဖွံ့ဖြိုးပုံချင်း မတူညီပါဘူး။

မိန်းကလေးတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ ယောကျ်ားလေးတွေရဲ့ဦးနှောက်က ပိုပြီးတော့ လေးလံပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တတိယကာလမှာ testosterone ဟော်မုန်းက ယောက်ျားလေးသန္ဓေသားမှာ ဖြစ်ပေါ်လာပါတယ်။

အဲဒီဟော်မုန်းကြောင့် ယောက်ျားလေးတွေမှာ ခန္ဓာကိုယ်သန်မာမှုကို ရရှိလာပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီဟော်မုန်းကြောင့်ပဲ စိတ်ခံစားချက်တွေကို ဖော်ပြဖို့လည်း အားနည်းသွားပါတယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေထက် အရွယ်ရောက်တာ ပိုမြန်ပါတယ်။

ယောက်ျားလေးတွေရဲ့ ဦးနှောက်က မိန်းကလေးတွေနဲ့စာရင် ဖြည်းဖြည်းချင်းပဲ ဖွံ့ဖြိုးပါတယ်။ လေ့လာချင်တစ်ခုအရ မွေးကင်းစ မိန်းကလေးတစ်ယောက်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက အသက် ၆ ပတ်အရွယ်ယောက်ျားလေးတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အတူတူပါပဲ။

ယောက်ျားလေးတွေမှာလည်း စိတ်ခံစားလွယ်ကြပါတယ်။

အချို့သောယောက်ျားလေးတွေကို အပြင်ပန်းကကြည့်ရင် အေးတိအေးစက်ဖြစ်နေပေမယ့်လည်း စိတ်ခံစားလွယ်ကြပါတယ်။

ဒါပေမယ့် စိတ်ခံစားချက်ရတာချင်းတူရင်တောင် မိန်းကလေးတွေကို ပိုပြီး စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ ပေးကြပါတယ်။ တကယ်တော့ ယောက်ျားလေးတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှုတွေ ပြုလုပ်ပေးသင့်ပါတယ်။

ယောက်ျားလေးတွေအတွက် စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်အောင် ပြုလုပ်ပေးနိုင်မယ့်နည်းလမ်းများ

- ယုံကြည်မှုတည်ဆောက်ပြီး ခံစားချက်တွေကို ထုတ်ဖော်ပြသတတ်အောင် တိုက်တွန်းပေးပါ။

- သူ့ရဲ့အတွေးအမြင်တွေ၊ ပြဿနာတွေကို သေချာနားထောင်ပေးပြီး ကူညီအဖြေရှာပေးပါ။

- ကိုယ်ချင်းစာတရား၊ ကျေးဇူးသိတတ်မှုတို့ကို ဖော်ပြတဲ့စာအုပ်တွေကို ဖတ်ဖို့ လမ်းညွှန်ပါ။

- ငယ်ရွယ်တဲ့အချိန်ကစပြီး စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အရာတွေကို လျစ်လျူမရှုထားသင့်ပါဘူး။

- အဆုံးမရှိတဲ့ ချစ်ခြင်းမေတ္တာတွေပေးတဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာယောက်ျားပီသတဲ့ အမျိုးသားတစ်ယောက်အဖြစ် ပျိုးထောင်ဖို့ အထောက်အကူပြုနိုင်မှာပါ။

Zombie (lovemedia)

Post a Comment

0 Comments