ခန္ဓာကိုယ်အတွင်းက ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းက မနားမနေဘဲ ကျန်းမာရေးကောင်းစေဖို့ အလုပ်တွေလုပ်နေပါတယ်။
ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေက အလုပ်အနည်းငယ်ပိုလုပ်ပြီး ခန္ဓာကိုယ်က ပိုကြီးလာတဲ့အခါ ဘယ်လိုအရာတွေ ဖြစ်လာနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကြွက်သား
အရပ်ရှည်လာတာနဲ့အမျှ ခြေထောက်ကြွက်သားတွေလည်း လိုက်ပြီး ကြီးလာပါတယ်။ အရပ်က မထွက်တော့ဘဲ ကြွက်သားတွေက ပိုပိုကြီးလာရင် လမ်းလျှောက်ရတာ နှေးကွေးလာနိုင်ပါတယ်။ အရမ်းကြီးလာတဲ့အခါမှာတော့ လမ်းလျှောက်နိုင်မှာတောင် မဟုတ်တော့ပါဘူး။
၂။ ဈေးပိုဝယ်လာရခြင်း
ခန္ဓာကိုယ်က ကြီးသထက် ကြီးလာရင် အဝတ်အစားတွေက ဝတ်လို့ အဆင်မပြေတော့ပါဘူး။ အဲဒါကြောင့် အဝတ်အစားတွေကို ခဏခဏဝယ်ရပြီး ငွေတွေလည်း ပိုကုန်လာတော့မှာပါ။
၃။ နှလုံး
အသက်ကြီးလာလေ ခန္ဓာကိုယ်အတွင်းမှာ လည်ပတ်ဖို့ သွေးတွေ ပိုလိုအပ်လာလေပါပဲ။ ခန္ဓာကိုယ်က ကြီးမလာတော့ဘဲ နှလုံးက ကြီးသထက်ကြီးလာရင်တော့ ကျန်းမာရေးကို ထိခိုက်လာမှာပါ။ နှလုံးရောဂါများ၊ ခြေထောက်ရောင်ရမ်းတာနဲ့ ရင်တုန်းပန်းတုန်ဖြစ်တာကို ခံစားလာရနိုင်ပါတယ်။
၄။ အသည်း
ခန္ဓာကိုယ်ကျန်းမာဖို့ အသည်းရဲ့လုပ်ငန်းက အရမ်းကို အရေးပါပါတယ်။ အသည်းက ပုံမှန်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားပေးနိုင်ပါတယ်။
ဒါပေမယ့် အသည်းက အဆမတန်ကြီးလာရင်တော့ အသည်းရဲ့လုပ်ငန်းတွေ ဆက်လက်မလုပ်နိုင်တော့ဘဲ အသက်ကိုပါ ထိခိုက်လာနိုင်ပါတယ်။
၅။ သွား
အရပ်ရှည်လာတာနဲ့အမျှ သွားတွေက ခံတွင်းထဲမှာ နေရာတကျ ကြီးထွားလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ မေးရိုးကြွက်သားတွေ၊ သွားအရိုးတွေလည်း ဖွံ့ဖြိုးလာပါတယ်။
ဒါပေမယ့် သွားတွေက ပုံမှန်ထက် ပိုကြီးလာရင် သွားတိုက်ရ ခက်ခဲလာမှာဖြစ်သလို အစားအစာတွေ ဝါးစားရတာကလည်း အဆင်မပြေနိုင်တော့ပါဘူး။
၆။ ရှည်လျားတဲ့လက်သည်း
လက်သည်းတွေက အဆက်မပြတ်ရှည်လျားလာရင် နေ့စဉ်လုပ်နေကျဖြစ်တဲ့ ဇွန်းကိုင်တာ၊ ပစ္စည်းယူတာ၊ ကြယ်သီးတပ်တာတို့တောင် ပြုလုပ်ဖို့ မလွယ်ကူတော့ပါဘူး။
လက်သည်းက လွယ်လွယ်ကူကူနဲ့ ကျိုးသွားနိုင်ပြီး တစ်ခုခုနဲ့ ထိမိတဲ့အခါမှာလည်း နာကျင်မှုကို အရမ်းခံစားရမှာပါ။ ဒါ့အပြင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်တောင် ကိုယ်တိုင်ပြုလုပ်နိုင်တော့မှာမဟုတ်ပါဘူး။
Zombie (lovemedia)
0 Comments