နေ့စဉ်သုံးပစ္စည်း (၉) မျိုးရဲ့ စိတ်ဝင်စားစရာမူလရည်ရွယ်ချက်များ

အချို့သောအရာတွေက ထင်ထားသလို မဖြစ်လာတတ်ပါဘူး။ မူလရည်ရွယ်ချက်ထက်ကို ကျော်လွန်သွားတတ်သလို တိမ်မြုပ်ပျောက်ကွယ်သွားတာလည်း ရှိတတ်ပါတယ်။ အဲဒါကြောင့် သင် မထင်ထားတဲ့အရာဝတ္ထုတွေရဲ့ မူလရည်ရွယ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ခြေမရဲ့ အခြားနာမည်

ခြေမကို အင်္ဂလိပ်ဘာသာစကားနဲ့ big toe လို့ ခေါ်ကြပါတယ်။ ဒါပေမယ့် ခြေမရဲ့ မူရင်းနာမည်က hallux ပါ။ ခြေမရဲ့အဓိကရည်ရွယ်ချက်ကတော့ မတ်တပ်ရပ်တဲ့အခါ ခန္ဓာကိုယ်ကို ညီမျှအောင် ထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ပါတယ်။

၂။ ဦးထုပ်ပေါ်က သိုးမွေးပန်းဖွား

ဦးထုပ်ပေါ်က သိုးမွေးပန်းဖွားလေးက အလှဆင်ဖို့သက်သက် ရည်ရွယ်ချက်မဟုတ်ပါဘူး။ တကယ်တော့ သင်္ဘောသားတွေက ဦးထုပ်ပေါ်မှာ သိုးမွေးပန်းဖွားလေးတွေကို စတင်အသုံးပြုခဲ့ကြသူတွေပါ။

ပင်လယ်ထဲမှာ လှိုင်းပုတ်တဲ့အခါ ဦးခေါင်းနဲ့ သင်္ဘောရဲ့မျက်နှာကျက် မတိုက်မိအောင်လို့ ဦးထုပ်ပေါ်မှာ သိုးမွေးပန်းဖွားလေးတွေ တပ်ထားကြပါတယ်။

၃။ ကော်ဖီမွှေတံ

ကော်ဖီမွှေတံက ကော်ဖီမွှေဖို့သက်သက်ပဲ မဟုတ်ပါဘူး။ ကော်ဖီမွှေတံမှာပါဝင်တဲ့ အပေါက်လေးတွေက ကော်ဖီမွှေနေတုန်း မွှေတံကွေးသွားအောင် ကာကွယ်ပေးပါတယ်။

၄။ ကော်ဖီဘူးပေါ်က အပေါက်လေး

ကော်ဖီဘူးအဖုံးပေါ်မှာ အပေါက်သေးလေးတစ်ပေါက်ပါဝင်ပါတယ်။ အဲဒီအပေါက်လေးနေ လေဝင်ပြီး ကော်ဖီရဲ့အဓိကအပေါက်ကနေ ကော်ဖီတွေ ချောချောမွေ့မွေ့ထွက်စေဖို့ ကူညီပေးပါတယ်။

၅။ စက်လှေကားဘေးက ဘရက်ရှ်

စက်လှေကားရဲ့ဘေးနံရံတွေမှာ ဘရက်ရှ်လေးတွေ ပါဝင်တာက ဖိနပ်တွေကို ဖုန်သုတ်ပေးဖို့မဟုတ်ပါဘူး။ အဝတ်အစားတွေ စက်လှေကားထစ်ကြားမှာ မညှပ်သွားအောင် ကူညီပေးတာပါ။

၆။ မှတ်စုစာအုပ်ပေါ်က အနီရောင်မျဉ်း

ရှေးတုန်းက မှတ်စုစာအုပ်ပေါ်မှာ အနီရောင်မျဉ်းတွေ ပါဝင်ပါတယ်။ အနီရောင်မျဉ်းအထိပဲ စာရေးဖို့ ရည်ရွယ်ချက်နဲ့ အနီရောင်မျဉ်းကို ထည့်သွင်းပေးထားကြပါတယ်။

ရှေးတုန်းက အိမ်တွေမှာ ကြွက်ပေါတာကြောင့် စာအုပ်တွေကို ကိုက်ကြပါတယ်။ စာတွေကို အနီရောင်မျဉ်းအထိပဲ ရေးရင် အရေးကြီးတဲ့စာတွေ ကြွက်စားတာ မခံရတော့ပါဘူး။

၇။ မိုက်ခရိုမီးဖိုပေါ်က အနက်ရောင်မီးခံသံဘောင်

အနက်ရောင်မီးခံသံဘောင်က ရေဒီယိုသတ္တိကြွတာကို ကာကွယ်ပေးပြီး အပူပေးတဲ့လုပ်ငန်းစဉ်ကို မြန်ဆန်စေပါတယ်။

၈။ လေယာဉ်မှန်ပြတင်းပေါ်က အပေါက်လေး

လေယာဉ်မှန်ပြတင်းပေါ်မှာ အပေါက်လေးပါဝင်တာက အန္တရာယ်မဖြစ်ပါဘူး။ ပြတင်းပေါက်မှာ အလွှာ ၃ လွှာပါဝင်ပြီး လေထုဖိအားကို မျှတအောင် ပြုလုပ်ပေးပါတယ်။ လေယာဉ်ဆင်းသက်တဲ့အခါ မှန်ခိုးတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါတယ်။

၉။ မြေပဲထောပတ်ဘူးပေါ်က ဓား

မြေပဲထောပတ်ဘူးထဲမှာ ဓားလေးကို ဘူးအဖုံးအောက်မှာ ထည့်ထားလေ့ရှိပါတယ်။ အလူမီနီယံခဲပြားလေးကို ခွာလိုက်ရင် အလွယ်တကူတွေ့နိုင်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments