အိမ်မှာ လိုအပ်တဲ့ပစ္စည်းတွေကို စတိုးဆိုင်၊ ကုန်စုံဆိုင်မှာ သွားဝယ်ရင်းနဲ့ မလိုတဲ့ပစ္စည်းတွေ ဝယ်လာမိတာကို ကြုံဖူးမှာပါ။ မလိုတဲ့ပစ္စည်းတွေကို ဝယ်မိတာကြောင့် ငွေတွေလည်း ပိုကုန်နေမှာပါ။
အဲဒါကြောင့် ဈေးဝယ်တဲ့အခါ ငွေတွေ ပိုကုန်ရတဲ့အခြားအကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်။
၁။ အမြည်းပေးတာတွေကို စားကြည့်ခြင်း
ကုန်ပစ္စည်းအသစ်တွေကို ကြော်ငြာတဲ့ အထုပ်သေးလေးတွေ၊ မုန့်လေးတွေကို မြည်းရင်းနဲ့ အားနားပြီးတော့ ဝယ်လာမိတတ်ပါတယ်။
ရောင်းသူရဲ့ အပြောကောင်းမှုကြောင့်လည်း မလိုအပ်ဘဲ ပစ္စည်းတွေ ဝယ်လာမိတတ်ပါတယ်။ အဲဒါကြောင့် ဈေးဝယ်တဲ့အခါ ဝယ်မယ့်ပစ္စည်းတွေကို ကြိုတင်ရေးလာသင့်ပါတယ်။
၂။ မကြာခဏဈေးသွားဝယ်ခြင်း
တစ်ပတ်စာ သို့မဟုတ် ၅ ရက်စာကို ကြိုတင်ပြီး တစ်ခါတည်း ဝယ်ထားတာက ငွေကုန်သက်သာစေပါတယ်။ တစ်ခုလိုရင်း ဈေးသွားဝယ်ရင်းပြုလုပ်တာက မလိုအပ်တာတွေ ဝယ်လာမိတတ်ပါတယ်။
ဒါ့အပြင် ကြိုတင်ဝယ်ထားတာက အချိန်ကုန်သက်သာတဲ့အပြင် သွားလာစရိတ်တွေလည်း နည်းပါးသွားစေမှာပါ။
၃။ သဘောကျတဲ့အရာတိုင်းကို ဝယ်ခြင်း
အစားအစာ၊ သန့်ရှင်းရေးသုံးပစ္စည်း၊ ဆေးက မရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတွေပါ။ ဒါပေမယ့် ဈေးဝယ်ထွက်တဲ့အခါ ချစ်စရာကောင်းတဲ့ပစ္စည်းတွေကို တွေ့ရင် ဝယ်လာမိတတ်ပါတယ်။ မလိုအပ်တာတွေကို မဝယ်မိဖို့ဆိုရင် ဗိုက်ပြည့်အောင် စားပြီးမှ ဈေးဝယ်ထွက်ပါ။
၄။ ပေါပေါရလို့ များများဝယ်ခြင်း
အချို့သော ပစ္စည်းတွေကို များများဝယ်ရင် ဈေးသက်သာပါတယ်။ များများရပေမယ့် အချို့သော ပစ္စည်းတွေက တာရှည်အထားမခံပါဘူး။
ကြာရှည်ထားလို့မရတာကြောင့် လွှင့်ပစ်ရတဲ့အခါ နှမြောစရာပါပဲ။ အဲဒါကြောင့် ကြာရှည်အထားမခံတဲ့ပစ္စည်းတွေကိုလည်း ပေါပေါလောလောရတိုင်း မဝယ်သင့်ပါဘူး။
၅။ အမြင်လှတဲ့ပစ္စည်းတွေကို ဝယ်ယူခြင်း
အရောင်တဲ့အစားအစာတွေ၊ အမြင်လှတဲ့ပစ္စည်းတွေဆိုရင် အလိုလိုဝယ်ချင်လာပါတယ်။ ဒါပေမယ့် အချို့သော အသီးတွေက အမြင်မလှမပေမယ့်လည်း အရသာရှိသလို ကောင်းလည်း ကောင်းပါတယ်။
၆။ သေချာထုပ်ပိုးထားတဲ့ အစားအစာတွေကို ဝယ်ယူခြင်း
သေချာထုပ်ပိုးထားတဲ့ အစားအစာတွေနဲ့ လက်တွေ့ဝယ်ယူလို့ရတဲ့အစားအစာတွေက ဈေးကွာခြားသွားပါတယ်။ လက်တွေ့ဝယ်ယူလို့ရတဲ့အစားအစာတွေက ဈေးသက်သာတဲ့အပြင် စိတ်ကြိုက်လည်း ရွေးချယ်လို့ရပါသေးတယ်။ သေချာထုပ်ပိုးထားတဲ့ အစားအစာတွေက ဈေးပိုနေတတ်ပါတယ်။
၇။ ပိတ်ရက်တွေမှာ ဈေးဝယ်ခြင်း
ပိတ်ရက်တွေမှာ ဈေးဝယ်ရင် မလိုတာတွေ ပိုဝယ်လာမိတတ်ပါတယ်။ မနက်ပိုင်းမှာ ဈေးဝယ်ရင် အချိန်သိပ်မရတာကြောင့် အများကြီးလည်း မဝယ်ဖြစ်တော့ပါဘူး။ အဲဒါကြောင့် ပိတ်ရက်တွေမှာ ဈေးဝယ်တာတွေကို ရှောင်သင့်ပါတယ်။
၈။ ကိုယ်ပိုင်ဈေးဝယ်အိတ်ကို အသုံးမပြုခြင်း
ကိုယ်ပိုင်ဈေးဝယ်အိတ်နဲ့ဝယ်မယ်ဆိုရင် အတိုင်းအဆနဲ့ ဝယ်ရတာကြောင့် အများကြီးမဝယ်ဖြစ်တော့ပါဘူး။ ကိုယ်ပိုင်ဈေးဝယ်အိတ်ကို အသုံးပြုတာကြောင့် ပတ်ဝန်းကျင်မှာ ပလက်စတစ်အိတ်အသုံးပြုမှုကိုလည်း လျှော့ချပြီးသားဖြစ်သွားပါတယ်။
Zombie (lovemedia)
0 Comments