ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားဖို့အတွက် waxing ကို ရွေးချယ်သင့်တဲ့အကြောင်းအရင်းများ

ခြေထောက်က အမွေးအမျှင်တွေကို ဖယ်ရှားတာက ၂၀ ရာစုမှာ ခေတ်စားလာခဲ့ပါတယ်။ အမွေးအမျှင်မရှိတဲ့ ခြေထောက်က အမျိုးသမီးတွေရဲ့ အလှအပစံနှုန်းတစ်ခုဖြစ်လာပါတယ်။

ခြေထောက်က အမွေးအမျှင်တွေကို သင်တုန်းဓားနဲ့ ရိတ်တာထက် waxing လုပ်သင့်တဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြေထောက်နာကျင်တာကို သက်သာစေခြင်း

ခြေထောက် အမွေးအမျှင်တွေကို သင်တုန်းဓားနဲ့ရိတ်လိုက်ရင် အသားအရေက နာကျင်လာပါတယ်။ မုတ်ဆိတ်ရိတ်ခရင်မ်လိမ်းပြီး ရိတ်ရင်တောင် နာကျင်နေတတ်ပါသေးတယ်။

ခြေထောက်ကို waxing လုပ်တာကတော့ နာကျင်မှုမရှိတဲ့အပြင် ချောမွေ့တဲ့အသားအရေကိုပါ ရရှိစေပါတယ်။ ထိခိုက်နာကျင်တာတွေလည်း နည်းပါးသွားမှာပါ။

အချိန်အတော်ကြာအောင် အမွေးအမျှင်တွေ မထွက်လာခြင်း

သင်တုန်းဓားနဲ့ အမွေးအမျှင်တွေ ဖယ်ရှားတာက ရက်အနည်းငယ်အတွင်းမှာပဲ ပြန်ပေါက်လာစေပါတယ်။ Waxing နည်းနဲ့ ဖယ်ရှားရင်တော့ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ အမွေးအမျှင်တွေက ပြန်မပေါက်လာပါဘူး။

သင်တုန်းဓားနဲ့ ရိတ်တာက အသားအရေကို ခြောက်သွေ့စေခြင်း

အမွေးအမျှင်တွေ မဖယ်ရှားခင်မှာ ခြေထောက်ကို မုတ်ဆိတ်ရိတ်ခရင်မ်လိမ်းပေးတာက ချောမွေ့ပြီး ထိခိုက်ရှနာနည်းပါတယ်။ ဒါပေမယ့် မုတ်ဆိတ်ရိတ်ခရင်မ်က အသားအရေရဲ့ သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလို ဖြစ်တာကြောင့် အသားအရေ ခြောက်သွေ့လာပါတယ်။

သွေးမထွက်ခြင်း

တစ်ခါတရံမှာ သင်တုန်းဓားနဲ့ရိတ်တဲ့အခါ ဂရုစိုက်နေရင်း ဓားရှပြီး သွေးထွက်လာပါတယ်။ ထိခိုက်ရှနာကနေတစ်ဆင့် ပိုးဝင်သွားနိုင်ပါတယ်။ အဲဒါကြောင့် အန္တရာယ်ကင်းတဲ့ waxing နည်းကိုသာ ရွေးချယ်သင့်ပါတယ်။

အသားအရေကို ပိုမိုချောမွေ့လာစေခြင်း

Waxing ပြုလုပ်တာက အမွေးအမျှင်တွေကို လွယ်လွယ်ကူကူဖယ်ရှားနိုင်တဲ့အပြင် အသားအရေကို ကြေးချွတ်ပြီးသားလည်း ဖြစ်စေပါတယ်။ အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပြီးသားဖြစ်သွားတာကြောင့် ပိုမိုချောမွေ့လာပါတယ်။

သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေခြင်း

ခြေထောက်က အမွေးအမျှင်တွေအတွက် သင်တုန်းဓားကို မကြာခဏအသုံးပြုပြီး မကြာခဏလွှင့်ပစ်နေရမှာပါ။ ပြန်လည်အသုံးပြုလို့လည်း မရတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် ထိခိုက်လာစေပါတယ်။

Waxing ပြုလုပ်တာကတော့ စွန့်ပစ်အမှိုက်နည်းပါးတဲ့အပြင် ပြန်လည်အသုံးပြုလို့ရတဲ့ အဝတ်စကိုလည်း အစားထိုးသုံးနိုင်တာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments