နေထိုင်တဲ့ကမ္ဘာကြီးက အံ့ဩစရာကောင်းသလို လူသားတွေရဲ့ ခန္ဓာကိုယ်ကလည်း အံ့ဩစရာကောင်းပါတယ်။ ကိန်းဂဏန်းအချက်အလက်တွေအရ တစ်နှစ်ကို သိပ္ပံတွေ့ရှိမှုပေါင်း ၂.၅ မီလီယံတောင် ရှိပါတယ်။
အဲဒီထဲကမှ သင့်ကို အရမ်းအံ့ဩသွားစေမယ့် သိပ္ပံတွေ့ရှိချက်အသစ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ တစ်ညတာအိပ်စက်တဲ့အခါ အကြိမ် တစ်ရာထက်ပိုပြီး နိုးလာပါတယ်။
သင့်အတွက်တော့ အိပ်ရေးဝတဲ့ညတစ်ညလို့ ထင်ကောင်းထင်ရပါတယ်။ဒါပေမယ့် လေ့လာချက်တွေအရ တစ်ညတာအိပ်စက်နေချိန်အတွင်းမှာ အကြိမ် ၁၀၀ ထက်ပိုပြီးတော့တောင် နိုးလာပါတယ်။
ခန္ဓာကိုယ်ထဲက Neurotransmitter တွေက adrenaline တွေနဲ့ ဆက်စပ်နေပါတယ်။ Adrenaline ကြောင့် ခန္ဓာကိုယ်က တစ်ညတည်းမှာပဲ အကြိမ်ပေါင်းများစွာ နိုးနေပါတယ်။
၂။ တိမ်ကနေ နှင်းတွေကို ထုတ်လုပ်နိုင်ခြင်း
တိမ်ကနေတစ်ဆင့် နှင်းတွေ ထုတ်လုပ်ပုံကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ တိမ်တွေကနေ မိုး၊ နှင်းနဲ့ ရေခဲတွေကိုတောင် ထုတ်လုပ်နိုင်ပါတယ်။ အဲဒါကြောင့် အချို့နေရာတွေမှာ တိမ်ကနေ နှင်းကျလာအောင် ပြုလုပ်လို့ရနိုင်ပါတယ်။
၃။ ခွေးတွေက ကိုယ့်ကိုယ်ကိုယ် သတိပြုနိုင်ခြင်း
ခွေးတွေရဲ့ အသိဉာဏက်ကလည်း မြင့်မားပါတယ်။ ခွေးတွေက သူတို့သွားလာနေတာ၊ ခန္ဓာကိုယ်လှုပ်ရှားနေတာကို ကိုယ်တိုင်သတိပြုမိနိုင်ပါတယ်။ ဒါ့အပြင် ခွေးတွေက ရှုပ်ထွေးတဲ့အရာတွေကိုလည်း စဉ်းစားနိုင်ပါသေးတယ်။
၄။ သန်းဝေတာက ပျင်းလို့၊ အိပ်ချင်လို့ မဟုတ်ပါဘူး။
ပျင်းတဲ့အခါ၊ အိပ်ချင်တဲ့အခါမှာ သန်းဝေလာတာမဟုတ်ပါဘူး။ တွေ့ရှိချက်တွေအရ ကိုယ်ချင်းစာနာစိတ်ရှိသူတွေက မကြာခဏသန်းတတ်ကြပါတယ်။ မအိပ်ချင်ဘဲ ခဏခဏသန်းတာက ကိုယ်ချင်းစာစိတ်ရှိကြောင်း ဖော်ပြတဲ့လက္ခဏာပါ။
၅။ နှာချေခြင်း
ကျန်းမာဖို့အတွက် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က အရေးပါပါတယ်။ စကားပြောနေရင်းနဲ့လည်း နှာချေတတ်ပါတယ်။ ဓာတ်မတည့်တာ၊ အိပ်ချင်တာတို့ကြောင့်လည်း နှာချေပါတယ်။
လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့အခါမှာလည်း နှာချေတတ်ပါတယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ နှာခေါင်းနဲ့ ခံတွင်းက ခြောက်သွေ့လာပြီး နှာချေချင်လာတာကြောင့်ပါ။
Zombie (lovemedia)
0 Comments