ဘောလုံးမှာ ထူးချွန်တာအပြင် Cristiano Ronaldo ရဲ့ လေးစားစရာအချက် (၈) ချက်

Cristiano Ronaldo ကို မသိတဲ့သူကတော့ ကမ္ဘာပေါ်မှာ ခပ်ရှားရှားပါပဲ။ နာမည်ကြီးဘောလုံးသမား Cristiano Ronaldo ဟာ ဘောလုံးမှာပဲ ထူးချွန်တာမဟုတ်ဘဲ သူ့ရဲ့လေးစားစရာကောင်းတဲ့ အရည်အချင်းတွေလည်း အများကြီးရှိပါသေးတယ်။

၁။ Cristiano Ronaldo ဟာ သွေးကို ပုံမှန်လှူလေ့ရှိပါတယ်။

Cristiano Ronaldo ဟာ အသက် ၂၄ နှစ်ကတည်းကနေ ယခုအသက်အရွယ်အထိ ပုံမှန်သွေးလှူဒါန်းခဲ့ပါတယ်။ အဲဒါကြောင့် သူ့ခန္ဓာကိုယ်မှာ တက်တူးမရှိတာပါ။ တက်တူးထိုးပြီး ၆ လကနေ ၁၂ လကြာမှသာ သွေးကို လှူဒါန်းလို့ရတာပါ။

၂။ အလှူအတန်းကို အရမ်းစိတ်အားထက်သန်ပါတယ်။

Cristiano ဟာ သူ့ရဲ့အလှူအတန်းတွေကို သိပ်ပြီးတော့ ဖော်ပြလေ့မရှိပေမယ့် သတင်းထောက်တွေကတော့ ရှာဖွေတွေ့ရှိကြပါတယ်။ Cristiano ဟာ သူ့ရဲ့ပရိသတ်ကလေးလေးတစ်ယောက်အတွက် ခွဲစိတ်ခ၊ အိမ်ပြန်ပြင်ဖို့စရိတ်၊ ဆေးရုံစရိတ်တွေကိုပါ လှူဒါန်းခဲ့သူပါ။

၃။ Cristiano ဟာ ငယ်သူငယ်ချင်းတွေကိုလည်း ဘယ်တော့မှ မမေ့ပါဘူး။

ကမ္ဘာကျော်ဘောလုံးသမားဖြစ်ပေမယ့်လည်း ငယ်သူငယ်ချင်းတွေရဲ့အိမ်ကို သွားလည်ပြီး လက်ဆောင်တွေ ပေးလေ့ရှိပါတယ်။ သူငယ်ချင်းဖြစ်သူ Albert Fantrau က ဘောလုံးနဲ့ပတ်သက်ပြီး အများကြီးကူညီဖူးခဲ့ကြောင်း ဝန်ခံပြောဆိုဖူးပါတယ်။

၄။ မိသားစုကိုလည်း အရမ်းချစ်တတ်သူပါ။

နာမည်ကျော်ကြားတဲ့အပြင် ပရိသတ်တွေ သန်းပေါင်းများစွာရှိသူ Cristiano Ronaldo ဟာ အောင်မြင်မှုမှာ ယစ်မူးသူတော့မဟုတ်ပါဘူး။ မိသားစုကို တန်ဖိုးထားပြီး မိသားစုကို ဦးစားပေးပါတယ်။ မိသားစုနဲ့ အချိန်ကုန်ဆုံးရတာ၊ ခရီးထွက်ရတာကို သဘောကျသူပါ။

၅။ Cristiano ဟာ ပရိသတ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံလေ့ရှိပါတယ်။

Cristiano လို နာမည်ကျော်တစ်ယောက်ကို တွေ့ဖို့ဆိုတာတော့ မလွယ်ကူပါဘူး။ ၂၀၁၈ FIFA ကမ္ဘာ့ဖလားမှာ သူ့ကို မတွေ့လိုက်ရလို့ ငိုနေတဲ့ ပရိသတ်ကလေးလေးကို Cristiano က ပွေ့ဖက်ပြီး လက်မှတ်ထိုးပေးခဲ့ပါတယ်။

၆။ Cristiano က ဟာသဉာဏ်လည်း ရှိသူပါ။

တစ်ခါတုန်းက Cristiano ဟာ Madrid မြို့ရဲ့လမ်းပေါ်မှာ အိမ်ခြေရာမဲ့တစ်ယောက်လို ဝတ်ပြီး တစ်နာရီခန့် ဘောလုံးကစားနေခဲ့ပါတယ်။

သူစိမ်းတွေနဲ့လည်း စကားပြောပြီး အမျိုးသမီးတွေဆီကနေလည်း ဖုန်းနံပါတ်တွေတောင်းပါတယ်။ ပြီးနောက် ဟာသတွေလည်း ပြောပြခဲ့ပါသေးတယ်။

၇။ စိတ်ခံစားချက်တွေကို ဖော်ပြဖို့ ဘယ်တော့မှ မရှက်ရွံ့ခဲ့သူပါ။

Cristiano ဟာ စိတ်ဓာတ်ခိုင်မာသူ၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသူ၊ ပါးနပ်သူပါ။ ဒါပေမယ့် Cristiano လို အောင်မြင်သူတွေမှာလည်း စိတ်ခံစားရတဲ့အချိန်တွေ ရှိပါတယ်။ သူ့ရဲ့စိတ်ခံစားချက်တွေကို အများရှေ့မှာ ထုတ်ပြဖို့ မရှက်ရွံ့ခဲ့သူပါ။

ပျော်စရာပဲဖြစ်ဖြစ်၊ ဝမ်းနည်းစရာပဲဖြစ်ဖြစ် ကြုံလာရတဲ့အခါ အများရှေ့မှာတင် မျက်ရည်ကျတာ သို့မဟုတ် ရယ်မောတာတို့ ပြုလုပ်ပါတယ်။

၈။ Cristiano ဟာ အခြားသူတွေကို ကူညီဖို့ အမြဲအဆင်သင့်ဖြစ်နေပါတယ်။

Cristiano ဟာ အခြားသောအသင်းက လူတွေကိုလည်း ကူညီလေ့ရှိပါတယ်။ အခြားအသင်းက ကစားသမားတစ်ယောက်ကို ထိုင်ခုံတန်းဆီ သွားတဲ့အခါ ဘေးကနေ ကူပြီး တွဲခေါ်ပေးခဲ့ပါတယ်။ နာမည်ကြီးဘောလုံးသမားဖြစ်ပေမယ့်လည်း ကစားသမားအချင်းချင်း လေးစားမှုထားလေ့ရှိသူတစ်ယောက်ပါ။

Zombie (lovemedia)

Post a Comment

0 Comments