ခဲတံတစ်ချောင်းကို အသုံးပြုပြီး စိတ်ဖိစီးမှုတွေကို ဖယ်ရှားနိုင်မယ့်နည်းလမ်း

များများပြုံးလေ များများပျော်ရွှင်လာလေလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ စိတ်ဖိစီးမှုတွေအရမ်းများနေတဲ့အခါ ပြေပျောက်သွားစေဖို့ ခဲတံတစ်ချောင်းပဲ လိုအပ်ပါတယ်။ ခဲတံတစ်ချောင်းက သင့်ကို ပျော်ရွှင်စေဖို့ ကူညီပေးနိုင်ပါတယ်။

မျက်နှာက ပြုံးလိုက်ရုံနဲ့ စိတ်အခြေအနေလည်း ပြောင်းလဲသွားနိုင်ပါတယ်။

ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေက သုတေသနပညာရှင်တွေက ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့ကြပါတယ်။ ပျော်ရွှင်စရာတွေက သင့်ကို ပြုံးစေနိုင်ပြီး ပြုံးလိုက်တာကလည်း သင့်ကို ပျော်ရွှင်စေနိုင်ပါတယ်။

ခဲတံတစ်ချောင်းကို သွားနဲ့ ကိုက်ထားလိုက်ပါ။

သိပ္ပံပညာရှင်တွေက အပြုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို အများကြီးလေ့လာခဲ့ကြပါတယ်။ ခဲတံတစ်ချောင်းကို သွားနဲ့ ကိုက်ထားလိုက်ပါ။ အဲဒီအခါ နှုတ်ခမ်းက အလိုအလျောက် ပြုံးပြီးသွားဖြစ်သွားပါတယ်။

နှုတ်ခမ်းက အလိုအလျောက်ပြုံးပြီးသွားဖြစ်တာကို ဦးနှောက်က နားလည်ပြီး စတင်ပျော်ရွှင်လာစေပါတယ်။ တကယ်တော့ ခဲတံတစ်ချောင်းကို အသုံးပြုပြီး စိတ်ကို ပျော်ရွှင်လာအောင် ဦးနှောက်ကို လှည့်စားလိုက်တာပါ။

ခဲတံနဲ့ပြုံးတဲ့ရလဒ်က ၁၄ မိနစ်ကနေ ၂ ရက်အထိ ကြာရှည်ခံပါတယ်။

ခဲတံကို သွားမှာ ကိုက်ပြီး ပြုံးတာက အရမ်းလွယ်ကူပေမယ့် ရလာတဲ့ရလဒ်ကတော့ များပြားပါတယ်။ ခဲတံကို ကိုက်ပြီး ပြုံးလိုက်တဲ့အခါ ပျော်ရွှင်မှုက ၁၅ မိနစ်ကနေ ၂ ရက်အထိ ကြာရှည်ခံပါတယ်။

ခဲတံကို အသုံးပြုပြီး စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်မပျော်ရွှင်ဘူးလို့ ထင်တဲ့အခါ၊ စိတ်ဓာတ်တွေ ကျနေတဲ့အခါ ခဲတံကို သွားမှာ ကိုက်ထားလိုက်ပါ။

မှန်ကြည့်လိုက်ရင် ပြုံးနေတဲ့မျက်နှာကို မြင်ရပြီး စိတ်လည်း ရွှင်လန်းလာမှာပါ။ နောက်ပိုင်းမှာတော့ ခဲတံမရှိဘဲနဲ့လည်း ပြုံးတဲ့နည်းနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်သွားနိုင်မှာပါ။

Zombie (lovemedia)

Post a Comment

0 Comments