ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းအနည်းငယ်မှာပဲ တွေ့ရတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း (၈) မျိုး

သိပ္ပံပညာက တိုးတက်နေပေမယ့်လည်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ပတ်သက်ပြီးတော့ ထူးဆန်းတဲ့အရာတွေ အများကြီးရှိပါသေးတယ်။ အချို့သော အင်္ဂါအစိတ်အပိုင်းတွေက ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းအနည်းငယ်မှာပဲ တွေ့ရတတ်တာပါ။

၁။ ကွဲနေတဲ့ လျှာခင်

ကမ္ဘာပေါ်က လူအများစုရဲ့ လျှာခင်က မကွဲဘဲ တစ်ခုတည်းပဲ ရှိပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းမှာတော့ ကွဲနေတဲ့ လျှာခင်ရှိပါတယ်။

လျှာခင်ကွဲတာကြောင့် အစာချေဖျက်တဲ့အခါ၊ စကားပြောတဲ့အခါမှာ အခက်အခဲရှိပါတယ်။ လျှာခင်ကွဲတာကို ခွဲစိတ်ပြီးတော့ ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်ပါတယ်။

၂။ အရသာဖုအပို

အချို့လူတွေမှာ သာမန်လူတွေထက် အရသာဖုတွေ အပိုလာတတ်ပါတယ်။ အရသာဖုတွေ အပိုပါတာကြောင့် ခါးတဲ့ ကော်ဖီ၊ ချောကလက်တွေကို ပိုပြီး အရသာခံနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေ ၂၅ရာခိုင်နှုန်းရဲ့ လျှာမှာ အရသာဖုအပိုတွေ ပါရှိပါတယ်။

၃။ လက်သည်း၊ ခြေသည်းတွေ မပါဝင်တဲ့ လက်ချောင်း၊ ခြေချောင်းများ

လက်သည်း၊ ခြေသည်းတွေ မပါဝင်တဲ့ လက်ချောင်း၊ ခြေချောင်းတွေက အရမ်းကို ကြောက်စရာကောင်းနေမှာပါ။ လက်သည်း၊ ခြေသည်းတွေ မပါဝင်တာက ရှားပါးတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးကိုတော့ အများကြီး ထိခိုက်မှုမရှိစေပါဘူး။

၄။ မကျိုးနိုင်တဲ့အရိုး

ကမ္ဘာ့လူဦးရေရဲ့ ရာခိုင်နှုန်းအနည်းငယ်မှာပဲ သိပ်သည်းဆများတဲ့ အရိုးတွေ ရှိတာပါ။ ဒါက မျိုးရိုးဗီဇနဲ့ သက်ဆိုင်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက အမျိုးသားတစ်ယောက်ဟာ ကားမတော်တဆမှုဖြစ်ပေမယ့်လည်း ဘာအရိုးမှ မကျိုးခဲ့ပါဘူး။

၅။ နားရဲ့ဘေးက အပေါက်လေး

အချို့သောလူတွေမှာ နားရဲ့ဘေးမှာ အပေါက်လေးတစ်ပေါက် ပါဝင်ပါတယ်။ အဲဒီအပေါက်လေးက ကျန်းမာရေးအတွက် ဘာအန္တရာယ်မှ မပြုနိုင်ပါဘူး။

၆။ အရောင်တွေကို ပိုပြီး ထင်ထင်ရှားရှားမြင်ရခြင်း

Tetrachromacy ပိုများတဲ့သူတွေက အရောင်တွေကို ပိုပြီး ထင်ထင်ရှားရှားမြင်ရပါတယ်။ သာမန်လူတွေက အပြာ၊ အစိမ်း၊ အနီအရောင်တွေကို ထင်ထင်ရှားရှားမြင်ရပေမယ့် Tetrachromacy ပိုများတဲ့သူတွေက အရောင် ၄ ရောင်အထိ မြင်ရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းဟာ အရောင်တွေကို ပိုပြီး ထင်ထင်ရှားရှားမြင်ရပါတယ်။

၇။ ကိုယ်နံ့ဆိုး

အချို့လူတွေရဲ့ ခန္ဓာကိုယ်က ငါးညှီနံ့လိုမျိုး ကိုယ့်နံ့ဆိုးတွေ ထွက်ပါတယ်။ Trimethylamine လို့ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာ ပါဝင်တာကြောင့် ငါးညှီနံ့လို အနံ့ဆိုးက ချွေးနဲ့အတူ ထွက်လာပါတယ်။

၈။ ထူထဲတဲ့ အမွေးအမျှင်

သမန်းဝံပုလွေပုံပြင်တွေက ကြောက်ဖို့ ကောင်းပါတယ်။ လက်တွေ့မှာလည်း အချို့လူတွေဟာ ခန္ဓာကိုယ်အမွေးအမျှင်တွေ အရမ်းထူထဲနေပါတယ်။

အဲဒါကို သမန်းဝံပုလေရောဂါလို့ ခေါ်ပြီး ခန္ဓာကိုယ်က အမွေးအမျှင်တွေက လိုတာထက်ကို ပိုပြီး ထူထဲနေပါတယ်။ မျိုးရိုးဗီဇကြောင့်လည်း ခန္ဓာကိုယ်မှာ အမွေးအမျှင်တွေ ထူထဲတတ်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments