ယနေ့ခေတ်မှာတော့ မိတ်ကပ်ကို အမျိုးသမီးတွေအပြင် အမျိုးသားတွေပါ လိမ်းခြယ်လာကြပါတယ်။ မိတ်ကပ်က ပင်ကိုရုပ်ရည်ကိုတောင် ပြောင်းလဲသွားစေပါတယ်။

လေ့လာချက်တွေအရ အမျိုးသားတွေဟာ မိတ်ကပ်လိမ်းလိုက်ရင် ယောက်ျားပီသတဲ့အသွင်အပြင်ကို ပိုမိုရရှိလာတယ်လို့ ဆိုပါတယ်။

မိတ်ကပ်လိမ်းတာက အမျိုးသားတွေကို ဆွဲဆောင်မှုရှိစေပါတယ်။

ယနေ့ခေတ်မှာ အမျိုးသားတွေလည်း မိတ်ကပ်ကို လိမ်းစပြုလာပါတယ်။ မိတ်ကပ်လိမ်းတဲ့အမျိုးသားနဲ့ မိတ်ကပ်မလိမ်းတဲ့အမျိုးသားကို ယှဉ်ကြည့်တဲ့အခါ မိတ်ကပ်လိမ်းထားသူက ပိုပြီးတော့ ဆွဲဆောင်မှုရှိကြောင်းကို တွေ့ရပါတယ်။ မိတ်ကပ်လိမ်းတာက အမျိုးသားတွေအတွက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေလည်း တိုးလာစေပါတယ်။

မိတ်ကပ်လိမ်းတာက ယောက်ျားပိုပီသတယ်လို့ ထင်ရစေပါတယ်။

အမျိုးသားတွေမှာ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွေးကပဲ ယောက်ျားပီသစေတာမဟုတ်ပါဘူး။ မိတ်ကပ်လိမ်းလိုက်ရင်လည်း ယောက်ျားပီသတဲ့အသွင်အပြင်ကို ရရှိစေပါတယ်။

မိတ်ကပ်လိမ်းတဲ့အခါ မျက်နာရဲ့ မလှပတဲ့အစိတ်အပိုင်းတွေကို ဖုံးအုပ်ပေးနိုင်တာကြောင့် ပိုပြီး ဆွဲဆောင်မှုရှိလာပါတယ်။

မိတ်ကပ်က မျက်နှာရဲ့လှပတဲ့အစိတ်အပိုင်းတွေကို ပေါ်လွင်ပါတယ်။

အမျိုးသမီးတွေလည်း မိတ်ကပ်နဲ့ မျက်နှာပုံစံကို ပြောင်းလဲနိုင်သလို အမျိုးသားတွေကလည်း ကွန်ဆယ်လာနဲ့ ပေါင်ဒါအကူအညီကိုသုံးပြီး မျက်နှာပုံစံကို ပြောင်းလဲနိုင်ပါတယ်။

မိတ်ကပ်လိမ်းထားတဲ့အခါ မျက်နှာရဲ့လှပတဲ့အစိတ်အပိုင်းက ပိုပြီးလှလာသလို အားနည်းချက်ရှိတဲ့အစိတ်အပိုင်းကလည်း မသိသာတော့ပါဘူး။

Bonus

သာမန်လူတွေလိုပဲ နာမည်ကြီးအမျိုးသားသရုပ်ဆောင်တွေလည်း ဓာတ်ပုံရိုက်ကူးရေးပြုလုပ်တဲ့အခါ မိတ်ကပ်လိမ်းကြပါတယ်။ Dwayne Johnson ကတော့ သူ့သမီးလေးရဲ့မိတ်ကပ်လက်ရာအစွမ်းကို အင်စတာဂရမ်မှာ တင်ထားပါသေးတယ်။

Zombie (lovemedia)

for zawgyi

မိတ်ကပ်လိမ်းထားတဲ့အမျိုးသားတွေက ယောက်ျားပိုမိုပီသတယ်လို့ ထင်ရတဲ့အကြောင်းအရင်းများ











Bonus


Zombie (lovemedia)