ငယ်ရွယ်တဲ့ကောင်လေးတွေနဲ့ တွဲတာက စိတ်ပိုမိုပျော်ရွှင်ရကြောင်း သက်သေပြလိုက်တဲ့ Madonna

အမျိုးသမီးတွေဟာ အသက်ငယ်တဲ့ကောင်လေးတွေနဲ့ တွဲရင် ပိုပြီးပျော်ရွှင်ရကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ဒါကိုတော့ အဆိုတော်ကြီး Madonna က သက်သေပြခဲ့ပါတယ်။ ကောလာဟလတွေအားလုံးကို Madonna က စုံတွဲပုံတွေနဲ့ ငြိမ်သက်သွားစေခဲ့ပါတယ်။

အချစ်ကို ရှာဖို့ ဘယ်တော့မှ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

ပေါ့ဘုရင်မကြီး Madonna ဟာ အသက် ၆၄ နှစ်ရှိပေမယ့်လည်း အသက် ၂၉ နှစ်အရွယ် လက်ဝှေ့နည်းပြဆရာ Josh Popper နဲ့ တွဲလိုက်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံတွေက အရင်တစ်ပတ်ကတည်းက အင်တာနက်တစ်ခွင်မှာ ပျံ့နှံ့ခဲ့ပါတယ်။ Josh Popper က Madonna ရဲ့ကလေးတွေကို လက်ဝှေ့လေ့ကျင့်ပေးနေသူပါ။

သူတို့ရဲ့အချစ်က တဖြည်းဖြည်းနဲ့ ခိုင်မြဲလာခဲ့ပါတယ်။

ကောလာဟလတွေကို အတည်ပြုပြီးနောက် Madonna ဟာ အင်စတာဂရမ်စတိုရီမှာ ပုံတွေကို ဆက်တိုက်တင်ပါတော့တယ်။

အင်္ကျီအနက်ဆင်တူဝတ်ပြီး ပါတီတစ်ခုကို တက်ရောက်လာတဲ့ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။ Madonna ဟာ Josh Popperနဲ့ ရှိနေရတာ အရမ်းကို ပျော်ရွှင်နေပုံပါပဲ။

Madonna ဟာ သူမရဲ့ ရည်းစားဟောင်းနဲ့ အရင်လကပဲ ပြတ်စဲခဲ့ကြတာပါ။

Madonna က အရင်တုန်းက သူမထက် အသက် ၄၁ နှစ်ငယ်တဲ့ မော်ဒယ် Andrew Danell နဲ့ ၅ လခန့် တွဲခဲ့ပါတယ်။ ရည်းစားဟောင်းနဲ့ ပြတ်သွားပေမယ့်လည်း သူမအတွက်တော့ အသည်းကွဲပုံမပေါ်ဘူးလို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အရင်ကလည်း အကသမား Ahlamalik Williams နဲ့ ၃ နှစ်လောက် တွဲခဲ့ပါသေးတယ်။ Ahlamalik Williams နဲ့ Madonna ဟာ အသက် ၃၅ နှစ် ကွာပါတယ်။

Madonna က ကိုယ့်ကိုယ်ကိုယ်နုပျိုအောင်နေပြီး လူတွေရဲ့ထင်မြင်ယူဆချက်တွေကို ဂရုမစိုက်ပါဘူး။

Madonna က အမြဲတမ်းနုပျိုနေစေဖို့ အသားအရေနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါတယ်။ သူမရဲ့ရွေးချယ်မှုတွေအတွက် ဘယ်တော့မှ နောင်တမရကြောင်း၊ စိတ်ကို ပျော်ရွှင်အောင်ပဲ ထားကြောင်း Madonna က ရေးသားလေ့ရှိပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments