အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ ကိုဗစ် ၁၉ ရောဂါကို ကြောက်တာကြောင့် အပြင်လုံးဝမထွက်ဘဲ အိမ်ထဲမှာပဲ ၃ နှစ်နေထိုင်ခဲ့ပါတယ်။
သူမကိုယ်တိုင်လည်း အပြင်မထွက်သလို သားဖြစ်သူကိုလည်း အိမ်ထဲမှာပဲ ပိတ်ထားပါတယ်။ သားဖြစ်သူက အိမ်အပြင်ကို ထွက်လိုက်တာနဲ့ ကိုဗစ် ၁၉ ရောဂါကူးစက်ပြီး ကွယ်လွန်သွားမှာကို စိုးရိမ်တာကြောင့်ပါ။
ကိုဗစ် ၁၉ စတင်ဖြစ်ပွားကတည်းက သူတို့သားအမိနှစ်ယောက်ဟာ အိမ်ထဲမှာ နေခဲ့ပါတယ်။ ၇ နှစ်အရွယ်သားဖြစ်သူကိုလည်း ရောဂါပိုးကူးစက်မှာ စိုးတာကြောင့် အိမ်ထဲမှာပဲ ထားခဲ့ပါတယ်။
သူမရဲ့ခင်ပွန်းကိုလည်း အိမ်အပြင်မှာပဲ နေဖို့ ပြောခဲ့ပါသေးတယ်။ ခင်ပွန်းဖြစ်သူက အိမ်အပြင်ထွက်ပြီး အလုပ်လုပ်ရတာကြောင့် အိမ်ကိုတောင် ပြန်လာခွင့်မပေးတော့ပါဘူး။ ခင်ပွန်းဖြစ်သူက နောက်ဆုံးမှာတော့ ရဲကို အကူအညီတောင်းခဲ့ရပါတယ်။
Sujan Majhi က အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး Gurugram မှာ အလုပ်လုပ်ပါတယ်။ ဇနီးသည်က တိုက်ခန်းမှာ ၃ နှစ်လုံး အပြင်မထွက်ဘဲ နေတာကြောင့် Sujan က အခြားနေရာမှာ အိမ်ငှားနေရပါတယ်။
အိမ်အတွက် လိုအပ်တဲ့စရိတ်၊ အိမ်ငှားခတွေကိုလည်း ရှင်းပေးပြီး လိုအပ်တဲ့ပစ္စည်းတွေကိုလည်း အိမ်အပြင်ကနေပဲ ချခဲ့ရပါတယ်။ ကိုဗစ်ရောဂါငြိမ်သက်သွားပေမယ့်လည်း Sujan ရဲ့ဇနီးက အိမ်အပြင်ကို လုံးဝထွက်မလာခဲ့ပါဘူး။
ရဲတွေကို ဒီအကြောင်း ပြောပြခဲ့တဲ့အခါ ယုံတောင်မယုံနိုင်ခဲ့ကြပါဘူး။ Sujan ရဲ့သားက အခုဆိုရင် ၁၀ နှစ်ရှိသွားပါပြီ။ သားဖြစ်သူရဲ့ ဆံပင်တွေကလည်း ပုခုံးအထိ ရောက်အောင် ရှည်နေပါတယ်။ ကျန်းမာရေးကောင်းပေမယ့်လည်း တစ်အိမ်လုံးလည်း အမှိုက်တွေနဲ့ ပြေည့်နေခဲ့တာပါ။
ကလေးရဲ့အမေက အပြင်ကို ထွက်လိုက်တာနဲ့ ရောဂါပိုးကူးသွားမယ်လို့ ထင်နေခဲ့တာပါ။ ဒါပေမယ့်လည်း ရဲတွေက စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတာကြောင့် ကလေးကိုတော့ အရင် ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ ကလေးနဲ့ အမေကို စိတ်ကျန်းမာရေးကုသဆောင်မှာ ကုသပေးနေပါတယ်။
ရုပ်သံ
Zombie (lovemedia)
0 Comments