ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြုအမူနေထိုင်မှုတွေက အသက်ရှည်စေပါတယ်။ ကျန်းမာစွာ အသက်ရှည်တာကလည်း ကံကောင်းခြင်းတစ်မျိုးပါပဲ။ အဲဒါကြောင့် ဘယ်လိုပြုမူနေထိုင်ပုံတွေက အသက်ရှည်စေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ရုပ်ရှည်နုပျိုခြင်း
စိတ်ဝင်စားစရာတစ်ချက်ကတော့ ရုပ်ရည်နုပျိုသူတွေက အသက်ရှည်ကြောင်း လေ့လာတွေ့ရှိတာပါ။ လေ့လာမှုမှာ အမြွှာအတွဲပေါင်း ၁၈၇ တွဲကို လေ့လာခဲ့ပါတယ်။ ရလဒ်အရ အမြွှာတွေထဲမှာ ရုပ်ရည်နုပျိုသူတွေက အသက်ပိုရှည်ကြောင်း တွေ့ရတာပါ။
၂။ အမျိုးသမီးဖြစ်နေခြင်း
ပျမ်းမျှအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် ၆ နှစ်ကနေ ၈ နှစ်ခန့်ပိုပြီး အသက်ရှည်ကြောင်းတွေ့ရပါတယ်။ နေထိုင်စားသောက်ပုံ၊ စိတ်နေစိတ်ထားတို့ကြောင့်လည်း အမျိုးသားနဲ့ အမျိုးသမီးတွေမှာ အသက်ရှည်တာ၊ မရှည်တာက ကွဲပြားသွားပါတယ်။
၃။ အသက် ၃၃ နှစ်ကျော်မှ ကလေးမွေးဖွားခြင်း
ကလေးကို အသက် ၃၃ နှစ်ကျော်မှ မွေးဖွားရင် အသက်ပိုရှည်တယ်လို့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ ဒီအချက်ကတော့ အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါစနစ်နဲ့ ဆက်စပ်နေပါတယ်။
၄။ ခန္ဓာကိုယ်အညွှန်းကိန်းက ၁၈.၅ နဲ့ ၂၅ ကြားမှာ ရှိခြင်း
အဝလွန်ခြင်းက အသက်တိုစေပါတယ်။ လူတစ်ယောက်ရဲ့ ပုံမှန်ခန္ဓာကိုယ်အညွှန်းကိန်းက ၁၈.၅ ကနေ ၂၅ ကြားမှာ ရှိပါတယ်။ ခန္ဓာကိုယ်က အဲဒီကိန်းဂဏန်းတွေကြားမှာ ရှိရင်ပိုပြီးတော့ အသက်ရှည်နိုင်ပါတယ်။
၅။ ဝမ်းဗိုက်မှာ အဆီမရှိခြင်း
အဝမလွန်သူတွေမှာလည်း ဝမ်းဗိုက်အဆီတွေ ရှိကြပါတယ်။ ဝမ်းဗိုက်ရဲ့အဆီနဲ့ နှလုံးရောဂါက ဆက်စပ်နေပါတယ်။ ဝမ်းဗိုက်အဆီက အန္တရာယ်ပေးနိုင်တဲ့အဆီပါ။ ဝမ်းဗိုက်မှာ အဆီနည်းသူတွေက ကျန်းမာပြီး အသက်ရှည်ကြပါတယ်။
၆။ အိပ်ရေးဝခြင်း
အိပ်ချိန်မမှန်တာ၊ အိပ်ချိန်နည်းတာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ တစ်ရက်ကို အနည်းဆုံး ၇ နာရီခန့် အိပ်စက်သင့်ပါတယ်။ အိပ်ချိန်နည်းတာကြောင့် ဝမ်းဗိုက်မှာ အဆီတွေ စုလာတဲ့အပြင် နှလုံးရောဂါပါ ရလာစေပါတယ်။
၇။ ညာသန်ဖြစ်ခြင်း
ဒီအချက်ကိုတော့ ၁၀၀ ရာခိုင်နှုန်းမှန်ကန်ကြောင်း သက်သေမပြနိုင်သေးပါဘူး။ ဒါပေမယ့် စစ်တမ်းတွေအရ ဘယ်သန်တွေထက် ညာသန်တွေက အသက်ပိုရှည်ကြောင်း တွေ့ရပါတယ်။
၈။ အရပ်ရှည်တဲ့အမျိုးသမီးဖြစ်ခြင်း
စနစ်တကျလေ့လာထားတဲ့ စာတမ်းတစ်ခုအရ အရပ်ရှည်တဲ့အမျိုးသမီးတွေဟာ အသက် ၉၀ အထိတောင် အသက်ရှည်နိုင်ကြပါတယ်။ ဒါပေမယ့် အရပ်ရှည်တဲ့အမျိုးသားတွေက အသက်ရှည်နိုင်ကြောင်းကိုတော့ မတွေ့ရှိရသေးပါဘူး။
အမျိုးသားတွေအတွက်တော့ တစ်ရက်ကို မိနစ် ၆၀ ခန့် လေ့ကျင့်ခန်းလုပ်ပေးတာက အသက်ရှည်စေတဲ့အပြင် ခန့်ညားမှုပါ ရရှိစေပါတယ်။
Zombie (lovemedia)
0 Comments