မီးဖိုခန်းက အိမ်မှာ မရှိမဖြစ်လိုအပ်တဲ့နေရာမှာပါ။ မီးဖိုက သန့်ရှင်းနေမှသာ တစ်အိမ်သားလုံးရဲ့ကျန်းမာရေးလည်း ကောင်းမွန်နေမှာပါ။
အဲဒါကြောင့် မီးဖိုသုံးပစ္စည်းတွေနဲ့ မီးဖိုခန်းကိုလည်း အမြဲသန့်ရှင်းပေးနေဖို့ လိုအပ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ တစ်အိမ်လုံးမှာ အညစ်ပတ်ဆုံးက အမှိုက်ပုံးမဟုတ်ဘဲ မီးဖိုခန်းပဲ ဖြစ်ပါတယ်။
မီးဖိုခန်းက ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့အတွက်အကောင်းဆုံးနေရပါ။ ပန်းကန်ဆေးဖော့၊ မဆေးရသေးတဲ့ ပန်းကန်တွေမှာ ဘက်တီးရီးယားတွေက အချိန်နဲ့အမျှ ပေါက်ပွားနေပါတယ်။
ဆော့စ်၊ ငရုတ်ရည်၊ ငံပြာရည်ဘူးတွေရဲ့အဖုံးတွေမှာလည်း ဘက်တီးရီးယားတွေ ရှိနေပါတယ်။ ဘက်တီးရီးယားတွေ နောက်ထပ်ရှိနေတဲ့နေရာကတော့ ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်တဲ့ဘူးပါ။
ဟင်းခတ်အမွှေးအကြိုင်တွေထည့်တဲ့ဘူးကို လေလုံပိတ်ထားတာကြောင့် ဘက်တီးရီးယားတွေအတွက် ပျော်စရာကောင်းတဲ့နေရာတစ်ခုဖြစ်လာပါတယ်။
မီးဖိုခန်းထဲမှာ ဘက်တီးရီးယားတွေ မပျံ့နှံ့အောင်လို့ အသားတွေကို ကိုင်ပြီးနောက်မှာ လက်မဆေးဘဲ မီးဖိုခန်းထဲက ဘယ်အရာကိုမှ မထိသင့်ပါဘူး။
လက်မဆေးဘဲ အခြားသော ပစ္စည်းတွေကို ထိလိုက်ရင် အသားမှာ ကပ်နေတဲ့ဘက်တီးရီးယားတွေကို ဖြန့်ဝေလိုက်သလိုပါပဲ။
မီးဖိုခန်းထဲမှာ ပိုးမွှားတွေ မပြန့်နှံ့နေစေဖို့အတွက် အသားအစိမ်းတွေကို သပ်သပ်ခွဲထားသင့်ပါတယ်။ ရေခဲသေတ္တာကိုလည်း ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့သင့်ပါဘူးနော်။
အသားတွေကိုလည်း ကျက်အောင်သာ ချက်သင့်ပါတယ်။ ဒါ့အပြင် ပန်းကန်ဆေးတဲ့ဖော့တွေကို အကြာကြီးအသုံးမပြုဘဲ မကြာခဏ လဲလှယ်ပေးသင့်ပါတယ်။
Zombie (lovemedia)
0 Comments