ဆွီဒင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Mo'cycleက မကြာသေးခင်က လေအိတ်ပါတဲ့ ကမ္ဘာ့ပထမဆုံး ဂျင်းဘောင်းဘီကို စတင်မိတ်ဆက်လိုက်ပါတယ်။ အဲဒီဂျင်းဘောင်းဘီက ဆိုင်ကယ်စီးသူတွေ ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ကာကွယ်ပေးနိုင်ပါတယ်။
ယာဉ်မတော်တဆမှုတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိကြပါတယ်။ အဲဒါကို ကာကွယ်ဖို့အတွက် ဆွီဒင်ကုမ္ပဏီက ပစ္စည်းသစ်ကို စတင်ထုတ်လုပ်လိုက်ပါတယ်။
လေအိတ်ပါဝင်တဲ့ဂျင်းဘောင်းဘီက အရမ်းကို ပေါ့ပါးပြီး တကယ့်ဂျင်းသားလိုပဲ ထင်ရပါတယ်။ ရေစိုနဲ့ ပွန်းပဲ့ဒဏ်တွေကိုလည်း ခံနိုင်ရည်ရှိပါတယ်။
လေအိတ်ပါ ပါဝင်တာကြောင့် ယာဉ်မတော်တဆမှုဖြစ်တဲ့အခါ ဆိုင်ကယ်မောင်းသူရဲ့ခန္ဓာကိုယ် အောက်ပိုင်းကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
လေအိတ်ပါဝင်တဲ့ဂျင်းဘောင်းဘီက ခါး၊ ပေါင်၊ တင်ပါးတွေကို သေချာကာကွယ်ပေးနိုင်ပါတယ်။ ဒူးမှာလည်း အနာတရမဖြစ်အောင်လို့ pad ကိုလည်း ထည့်သွင်းချုပ်လုပ်ထားပါတယ်။
လေအိတ်ဂျင်းဘောင်းဘီဖြစ်ပေမယ့်လည်း ထပ်ခါထပ်ခါ ပြနလည်အသုံးပြုလို့ရပါတယ်။ လေအိတ်ကို လေလျှော့လို့လည်း ရပါတယ်။ လေလျော့သွားရင်လည်း လေထိုးလို့လည်း ရပါတယ်။
ဘောင်းဘီမှာပါဝင်တဲ့လေအိတ်ကို ဆိုင်ကယ်မှာ သေချာချည်ထားဖို့ပဲ လိုပါတယ်။ အကယ်၍ ဆိုင်ကယ်လဲသွားခဲ့ရင် လေအိတ်က ချက်ချင်းဖောင်းလာပြီး ခန္ဓာကိုယ်အောက်ပိုင်းကို ကာကွယ်ပေးမှာပါ။
လေအိတ်နဲ့ ဆိုင်ကယ်ကို သေချာမချိတ်ထားမိလည်း စိတ်ပူစရာမလိုပါဘူး။ ဆိုင်ကယ်လဲသွားတော့မယ်လို့ သတိပြုမိတာနဲ့ လေအိတ်ကို ဖွင့်လိုက်ရုံပါပဲ။
ဆိုင်ကယ်မတော်တဆမှုတွေ ဖြစ်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်း ပြင်းပြင်းထန်ထန်ဒဏ်ရာရတာတွေကို Mo'cycle တည်ထောင်သူက တွေ့ခဲ့တာကြောင့် လေအိတ်ပါတဲ့ဆိုင်ကယ်စီးဘောင်းဘီ တီထွင်ဖို့ အကြံရခဲ့တာပါ။
ဒီလအတွင်းမှာ လေအိတ်ပါတဲ့ ဆိုင်ကယ်စီးဘောင်းဘီကို ၄၉၉ ဒေါ်လာနဲ့ စတင်ရောင်းချသွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရုပ်သံ
Zombie (lovemedia)
0 Comments