ကလေးတွေက မိဘတွေရဲ့ အပြုအစုအယုအယကို အထူးနှစ်သက်ကြပါတယ်။ မိဘတွေ ပွေ့ချီပြီး ချောသိပ်တာကို အမြဲလိုချင်ကြပါတယ်။
ဒါပေမယ့် အလုပ်များတဲ့မိဘတွေအတွက် ကလေးကို အမြဲတမ်းမချော့နိုင်ပါဘူး။ အဲဒီအတွက် ဂျပန်နိုင်ငံက အမေတစ်ယောက်ဟာ အကြံကောင်းတစ်ခုကို ရရှိသွားပါတယ်။
Nezi Seto တို့မိသားစုမှာ အသက်တစ်နှစ်အရွယ် ကလေးတစ်ယောက် ရှိပါတယ်။ ကလေးနဲ့အတူမရှိပေးနိုင်တဲ့အချိန်မှာ ကလေးမငိုအောင်လို့ အမေနဲ့ပုံစံတူ ကတ်ထူပြားကြီးနှစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
တစ်ပုံကတော့ ထိုင်နေတဲ့ပုံဖြစ်ပြီး တစ်ပုံကတော့ မတ်တပ်ရပ်နေတဲ့ပုံပါ။ ပုံစံတူကတ်ထူပြားက အမေနဲ့တစ်ရွယ်တည်းဖြစ်အောင် ပြုလုပ်ထားတာပါ။
အိမ်အလုပ်တွေလုပ်နေရင်း ကလေးက ငိုနေတဲ့အခါ ကတ်ထူပြားကြီးကို ကလေးနားကို ချပေးထားလိုက်ပါတယ်။ ကလေးရဲ့ စိတ်ထဲမှာ ကတ်ထူပြားကို အမေရှိနေတယ်ဆိုတဲ့ စိတ်လုံခြုံမှုရသွားပြီး အငိုလည်း တိတ်သွားပါတယ်။
ကလေးက အဲဒီကတ်ထူပြားကို သွားမထိမချင်းတော့ အဆင်ပြေနေမှာပါ။ ကလေးက အမေဘေးနားမှာရှိပြီး အမြဲတမ်းပျော်ရွှင်နေပါတယ်။
ကလေးမငိုတာကြောင့် အမေက ကိုယ့်ကိုယ်ကိုယ်လည်း အချိန်ပေးနိုင်ပြီး လုပ်ချင်တဲ့အလုပ်တွေလည်း အေးအေးဆေးဆေးလုပ်လို့ရသွားပါတယ်။
ကလေးအတွက်လည်း စိတ်ဖိစီးမှုတွေမဖြစ်တာကြောင့် အရမ်းကို အဆင်ပြေသွားစေပါတယ်။ အလုပ်များတဲ့မေမေတို့အတွက် Nezi Seto ရဲ့စိတ်ကူးက အထောက်အကူဖြစ်စေမှာပါ။
Zombie (lovemedia)
0 Comments