ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာ ရနိုင်မယ့် အရှားပါးဆုံး ခရမ်းရောင်ပျားရည်

အမေရိကန်နိုင်ငံ North Carolina ပြည်နယ်က Sandhills တောင်ဟာ ကမ္ဘာပေါ်မှာ ခရမ်းရောင်ပျားရည်တွေကို ထုတ်လုပ်တဲ့ တစ်ခုတည်းသော နေရာပါ။ ခရမ်းရောင် ပျားရည်တွေက အခြားသော ပျားရည်တွေထက် ပိုပြီးချိုပါတယ်။

ပျားရည်က အဝါရောင်ဖျော့ကနေ ပယင်းရောင်အရင့်အထိ အရောင်အမျိုးမျိုးကွဲပြားသွားပါတယ်။ ပျားတွေ ဝတ်ရည်စုပ်ယူတဲ့ပန်းပေါ်မှာမူတည်ပြီး ပျားရည်ရဲ့အရောင်ကလည်း ပြောင်းလဲသွားပါတယ်။


ဒါပေမယ့် ဒီပျားရည်က ဘာ့ကြောင့် ခရမ်းရောင်ဖြစ်နေရလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဘလူးဘယ်ရီသီးကို ဝတ်ရည်စုပ်ယူတာကြောင့် ပျားရည်က ခရမ်းရောင်ဖြစ်သွားလိမ့်မယ်လို့ အချို့က ထင်ကြေးပေးကြပါတယ်။


ဒါပေမယ့် ပျားတွေမှာ ဘလူးဘယ်ရီသီးကို စုပ်ယူနိုင်လောက်ထိ သန်မာတဲ့သွားတွေ မရှိကြောင်း ပျားမွေးမြူသူတွေက ဆိုကြပါတယ်။

Kudzu ဆိုတဲ့ အပင်ရဲ့ ပန်းကလည်း ပုံမှန်မဟုတ်တဲ့ အရောင်တွေကို ထုတ်လုပ်ပါတယ်။ အဲဒီပန်းကို စုပ်ယူတာကြောင့် ပျားရည်က အရောင်ပြောင်းသွားနိုင်တယ်လို့ အချို့က ယူဆကြပါတယ်။


ပျားရည်က ခရမ်းရောင်ပြောင်းလဲသွားတာဟာ ပျားရည်အစာအိမ်ထဲက အက်စစ်နဲ့ အလူမီနီယံဓာတ်ပြုမှုကြောင့်ဖြစ်တယ်လို့ North Carolina State University က ပါမောက္ခ John Ambrose က ဆိုပါတယ်။

မြောက်ကာရိုလိုင်းနားပြည်နယ်က ပန်းတွေက အခြားသော နေရာက ပန်းတွေထက် အလူမီနီယံပိုမို ပါဝင်ပါတယ်။ ခရမ်းရောင်ပျားရည်က ချိုပြီး စပျစ်သီး သို့မဟုတ် ဘယ်ရီသီးအရသာ အနည်းငယ် ပါဝင်ကြောင်း ရေးသားထားပါတယ်။

ခရမ်းရောင်ပျားရည်က အခြားသော ပျားရည်တွေထက် ပိုပြီးတော့ ဈေးကြီးပါတယ်။ အခုဆိုရင်တော့ ခရမ်းရောင်ပျားရည်ကို ဝယ်လိုအားတွေက အရင်ကထက် ပိုများလာပါပြီ။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments