ခေတ်အဆက်ဆက် ဒေါက်မြင့်ဖိနပ်တွေကို အမျိုးသမီးတွေပဲ စီးကြပါတယ်။ တကယ်တော့ ဒေါက်မြင့်ဖိနပ်တွေက အမျိုးသားတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ခဲ့တာပါ။
ဒါပေမယ့် အမျိုးသမီးတွေကြားမှာ ဒေါက်ဖိနပ်က ရေပန်းစားခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ အမျိုးသားတွေက ဒေါက်မြင့်ဖိနပ်တွေကို ပြန်လည်ပြီး စီးလာကြပါပြီ။
ဒေါက်မြင့်ဖိနပ်တွေကို ၁၀ ရာစုနှစ်တွေတုန်းက အမျိုးသားတွေ စီးခဲ့ပါတယ်။ ယနေ့ခေတ်နဲ့မတူဘဲ အဲဒီအချိန်တုန်းကတော့ ဒေါက်မြင့်ဖိနပ်တွေက ဖက်ရှင်ကျအောင် စီးတဲ့အရာမဟုတ်ခဲ့ပါဘူး။
ဒေါက်မြင့်ဖိနပ်ကို အရင်ဆုံး စတင်စီးခဲ့သူတွေကတော့ ပါရှန်းမြင်းတပ်က စစ်သည်တော်တွေပါ။ မြင်းစီးတဲ့အခါမှာ ခြေနင်းကွင်းမှာ မြဲမြံစေဖို့ရည်ရွယ်ချက်နဲ့ ဒေါက်မြင့်ဖိနပ်တွေကို စီးခဲ့ကြပါတယ်။
၁၇ ရာစုမှာတော့ ဥရောပတိုက်မှာ အမျိုးသားတွေရဲ့ ခြေသလုံးနဲ့ ပေါင်အလှကို ပေါ်လွင်အောင်လို့ ဒေါက်ဖိနပ်တွေကို ကျယ်ကျယ်ပြန့်ပြန့်စီးလာကြပါတယ်။
ဒါပေမယ့် ၁၈ ရာစုမှာ လိင်ခွဲခြားမှုတွေ ရှိလာတာကြောင့် အမျိုးသားတွေက ဒေါက်ဖိနပ်တွေကို မစီးကြတော့ပါဘူး။ ယနေ့ခေတ်မှာတော့ ဖက်ရှင်တကြော့ပြန်အဖြစ် အမျိုးသားတွေက ဒေါက်ဖိနပ်တွေကို စီးလာကြပါတယ်။
အမျိုးသားတွေက ဒေါက်ဖိနပ်စီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပိုရှိလာတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အချို့သော အမျိုးသားတွေရဲ့ စိတ်ထဲမှာတော့ ဒေါက်ဖိနပ်စီးတာက တစ်မျိုးမြင်ကောင်း မြင်ကြပါတယ်။
တကယ်တော့ အမျိုးသားတွေက ဒေါက်ဖိနပ်နဲ့ဆိုရင်လည်း လိုက်ဖက်ပါတယ်။ အခုဆိုရင် pop icon, rock stars အမျိုးသားတွေလည်း ဒေါက်မြင့်နပ်ကို စီးလာကြပါတယ်။
အမျိုးသားတွေအတွက် သီးသန့်ထုပ်လုပ်ထားတဲ့ ဒေါက်မြင့်ဖိနပ်တွေကလည်း ပေါများလာပါတယ်။ နာမည်ကြီး ဘရန်းတွေကလည်း အမျိုးသားတွေအတွက် ဒေါက်မြင့်ဖိနပ်တွေကို ထုတ်လုပ်လာကြပါပြီ။
Zombie (lovemedia)
0 Comments