ထိတ်လန့်စရာတစ်ခုခုကြုံတွေ့ရတဲ့အခါ၊ ရာသီဥတုအေးတဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ ကြက်သီးမွေးညင်းထကြပါတယ်။ ကြက်သီးမွေးညင်းထတာကို ပုံမှန်လို့ထင်ရပေမယ့် တကယ်တော့ မဖြစ်မနေလိုအပ်တဲ့အရာပါ။
ကြက်သီးမွေးညင်းထတာက လူသားတွေ စတင်ဖြစ်ပေါ်ကတည်းကပါ။
အပူချိန်က လျော့ကျသွားတဲ့အခါ ကြွက်သားရဲ့ဘေးပတ်လည်က အမွေးအမျှင်တွေကနေ ကြက်သီးထလာပါတယ်။ ကြက်သီးထတာက ခန္ဓာကိုယ်ကနေ အလိုအလျောက်သတိပေးချက်တစ်မျိုးပါ။
ရှေးဦးလူသားတွေက တောရိုင်းတိရစ္ဆာန်တွေ တွေ့တဲ့အခါ အန္တရာယ်ရှိကြောင်း ခန္ဓာကိုယ်က ကြက်သီးထတဲ့နည်းနဲ့ သတိပေးပါတယ်။
ဆံပင်တွေ ပြန်လည်သန်စွမ်းဖို့အတွက် ကြက်သီးထတာက မဖြစ်မနေလိုအပ်ပါတယ်။
အေးတဲ့အပူချိန်နဲ့ အကြာကြီးထိတွေ့နေရရင် ကြက်သီးထပါတယ်။ ဆံပင်တွေ ပြန်လည်ပေါက်ဖို့၊ အသစ်တွေပေါက်လာဖို့ဆိုရင် ကြက်သီးထတာက မဖြစ်မနေလိုအပ်ပါတယ်။
ကြွက်သားနဲ့ မွေးညှင်းဆဲလ်တွေကြားမှာလည်း ကြက်သီးထတာဖြစ်ပေါ်ပါတယ်။ အဲဒါကတော့ ခန္ဓာကိုယ်ကနေ ဆံပင်တွေက ပြန်ပေါက်ဖို့ လိုအပ်ကြောင်း အသိပေးတာပါ။
အနာတွေ အကျက်မြန်ဖို့ဆိုရင်လည်း ကြက်သီးထတာလိုအပ်ပါတယ်။
ခန္ဓာကိုယ်က အင်္ဂါတွေကို မတူညီတဲ့တစ်ရှူးသုံးမျိုးနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါပေမယ့် အသားအရေမှာ ဒီတစ်ရှူးတွေကတော့ မတူညီတဲ့ပုံနဲ့ဖွဲ့စည်းထားပါတယ်။ အာရုံကြောတွေက သေးငယ်တဲ့ကြွက်သားတွေနဲ့လည်း ဆက်စပ်နေပါတယ်။
Stem cell တွေနဲ့ ဆက်စပ်နေတဲ့ ကြွက်သားတွေက ဆံပင်တွေပြန်ပေါက်ဖို့အတွက်သာမက အနာကျက်ဖို့လည်း အရးပါပါတယ်။ ဆဲလ်တွေ များလေ အနာပိုကျက်လေပါပဲ။
ကြက်သီးမွေးညင်းထတာက ပေါင်းကူးတံတားလိုမျိုး ပံ့ပိုးပေးပါတယ်။
ကြက်သားနဲ့ အမွေးအမျှင်တွေကြားမှာ ဆက်စပ်မှု ပြတ်တောက်သွားရင် နာဗ်ကြောတွေနဲ့ အမွေးအမျှင်တွေ ဆက်စပ်မှုလည်း မရှိတော့ပါဘူး။
အဲဒါကြောင့် နာဗ်ကြောနဲ့ အမွေးအမျှင်တွေကြားမှာ ကြက်သီးမွေးညင်းထတာက မဖြစ်မနေလိုအပ်ပါတယ်။
Zombie (lovemedia)
0 Comments