ယနေ့ခေတ်မှာ အပင်လေးတွေ စိုက်ပျိုးတာက ပြန်လည်ခေတ်စားလာခဲ့ပါတယ်။ အပင်လေးတွေ စိုက်ပျိုးတာက ပတ်ဝန်းကျင်ကို အကျိုးပြုရုံမက စိတ်ကိုလည်း ပျော်ရွှင်စေပါတယ်။
အပင်စိုက်တာက လူသားတွေရဲ့ စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်နိုင်လဲဆိုတာ သိဖို့ ပညာရှင်တွေက လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ Minneaplis-St.Paul မှာနေထိုင်တဲ့ လူပေါင်း ၃၇၀ ကို စစ်တမ်းကောက်ယူခဲ့ပါတယ်။
Daynamica ဆိုတဲ့ အက်ပလီကေးရှင်းတစ်ခုမှာ နေ့စဉ်ပြုလုပ်တဲ့အရာပေါင်း ၁၅ ခုအကြောင်းကို ထည့်သွင်းရေးသားလို့ရပါတယ်။ အဲဒီအက်ပလီကေးရှင်းအသုံးပြုသူတွေထံကနေ စစ်တမ်းကောက်ယူခဲ့ပါတယ်။
လူပေါင်း ၃၇၀ မှာ ၁၁၈ ယောက်က အိမ်မှာ အပင်စိုက်ရတာကို သဘောကျကြောင်း၊ အပင်စိုက်တာက ပျော်ရွှင်မှုတွေ ပိုပေးနိုင်ကြောင်း ရေးသားခဲ့ကြပါတယ်။
အပင်စိုက်တာက ဘဝမှာ အဓိပ္ပါယ်ရှိတဲ့အလုပ်တစ်ခုလို့ခံစားရကြောင်း၊ အကောင်းမြင်စိတ်တွေလည်း တိုးပွားလာကြောင်း အမြင်တွေကို ရေးသားခဲ့ကြပါတယ်။
အပင်စိုက်လို့ရလာတဲ့ ပျော်ရွှင်မှုဟာ စက်ဘီးစီးတာ၊ လမ်းလျှောက်တာ၊ ညစာထွက်စားတာတို့ကနေ ရလာတဲ့ပျော်ရွှင်မှုထက်ကို ပိုနေပါတယ်။
အပင်စိုက်ပျိုးတဲ့အမျိုးသမီးတွေက စိတ်တည်ငြိမ်မှုကို ပိုပြီးရရှိလာကြပါတယ်။ အပင်စိုက်တာက ဝင်ငွေတစ်ခုအဖြစ် နည်းပေမယ့်လည်း စိတ်တည်ငြိမ်တာကြောင့် အခြားအလုပ်တွေအပေါ်မှာ အာရုံစိုက်လာနိုင်ပါတယ်။
နေရောင်ခြည်က ခန္ဓာကိုယ်ထဲက ပျော်ရွှင်မှုဟော်မုန်းတွေကို တိုးလာစေပါတယ်။ ဗီတာမင်ဒီကိုလည်း ရရှိတာကြောင့် ခန္ဓာကိုယ်အတွက်လည်း ကျန်းမာရေးကောင်းလာစေပါတယ်။
အပင်စိုက်ခြင်းနဲ့နောက်ထပ် ကောင်းကျိုးတစ်ခုကတော့ အသက်ကြီးတဲ့အခါဖြစ်လေ့ရှိတဲ့ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တာပါ။
Zombie (lovemedia)
0 Comments