မိန်းကလေးအများစု ပြုလုပ်တတ်တဲ့ဖက်ရှင်အမှား (၇) ခု

မျက်နှာကို လှပအောင် ပြင်ဆင်ချယ်သထားပေမယ့်လည်း အဝတ်အစားနဲ့ အသုံးအဆောင် ရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်ပါတယ်။

အဝတ်အစားနဲ့ အသုံးအဆောင် ရွေးချယ်မှု မှားယွင်းတဲ့အခါ သင့်ရဲ့အလှအပတွေအားလုံး မပေါ်လွင်နိုင်တော့ပါဘူး။ အဲဒါကြောင့် မိန်းကလေးအများစု ပြုလုပ်တတ်ကြတဲ့ ဖက်ရှင်အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်နှာပုံစံနဲ့ မလိုက်ဖက်တဲ့ နားကပ်ကို ရွေးချယ်ခြင်း

နားကပ်က မျက်နှာရဲ့အလှအပကို လွှမ်းမိုးနိုင်ပါတယ်။ ဘဲဥပုံစံမျက်နှာပိုင်ရှင်တွေက ဘယ်နားကပ်ဒီဇိုင်းနဲ့မဆို လိုဖက်ပါတယ်။

မျက်နှာဝိုင်းတဲ့သူတွေအတွက်ကတော့ ရှည်လျားတဲ့နားဆွဲက အလိုက်ဖက်ဆုံးပါ။ အသည်းပုံမျက်နှာရှိသူတွေက ရှည်လျားပြီး ခပ်ကွေးကွေးနားကပ်လေးတွေကို ရွေးချယ်နိုင်ပါတယ်။

၂။ အရမ်းကြီးတဲ့ အဝတ်အစား သို့မဟုတ် အရမ်းသေးတဲ့ အဝတ်အစားကို ရွေးချယ်ခြင်း

အရမ်းကျပ်တဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်က အဆီတွေကို ထင်ထင်ရှားရှားပေါ်လွင်နေစေမှာပါ။ ဒါ့အပြင် နေရထိုင်ရတာလည်း သက်တောင့်သက်သာရှိမှာမဟုတ်ပါဘူး။ အရမ်းပွချောင်တဲ့အဝတ်အစားကလည်း သင့်ကို ဝပြီး အသက်ကြီးတယ်လို့ ထင်ရစေပါတယ်။

၃။ အလွန်အလှဆင်ထားတဲ့ အဝတ်အစားတွေကို ရွေးချယ်ခြင်း

အပွင့်ချပ်ကြီးတွေ၊ ကျောက်တွေ၊ ကြယ်သီးတွေ အများကြီးပါဝင်တဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်ကို ကြီးမားတယ်လို့ ထင်ရစေပါတယ်။

ရိုးရှင်းပြီး သာမန်လောက်သာ အလှဆင်ထားတဲ့ အဝတ်အစားတွေက သင့်ကို ကျက်သရေရှိရှိ လှပနေစေမှာပါ။ အလွန်အလှဆင်ထားတဲ့အဝတ်အစားတွေက လျှော်ရတာ မလွယ်ကူတဲ့အပြင် ထိန်းသိမ်းရတာလည်း အလုပ်ပိုပါတယ်။

၄။ အသုံးအဆောင်တွေ အများကြီး ဆင်ယင်ထားခြင်း

အသုံးအဆောင်ပစ္စည်းတွေကို အများကြီး ဆင်ယင်ထားတိုင်း မလှပသွားပါဘူး။ ဆွဲကြိုးတွေ၊ လက်ကောက်တွေ၊ ဦးထုပ်တွေနဲ့ အသုံးအဆောင်တွေက အရမ်းများနေရင် ပင်ကိုအလှက ငုပ်လျှိုးသွားပါတော့တယ်။ တစ်ခါတရံမှာ နာရီတစ်လုံးတည်း ပတ်ထားတာမျိုးနဲ့တင် သင့်ရဲ့အလှက ပြည့်စုံသွားနိုင်ပါတယ်။

၅။ အစင်းကြောင်းပါဝင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်း

အလျားလိုက်အစင်းကြောင်းပါတဲ့အဝတ်အစားတွေက ခန္ဓာကိုယ်ကို ပိုကြီးတယ်လို့ ထင်ရစေပါတဘ်။ ဒါ့အပြင် အစင်းကြောင်းပါတဲ့အဝတ်အစားတွေက အသက်အရွယ်တိုင်းနဲ့လည်း မလိုက်ဖက်ပါဘူး။ အဲဒီအစား အပွင့်သေးသေးလေးတွေ ပါဝင်တဲ့အဝတ်အစားတွေက ယဉ်ယဉ်လေးနဲ့ လှနေစေမှာပါ။

၆။ ခန္ဓာကိုယ်ပုံစံနဲ့ မလိုက်ဖက်တဲ့ အဝတ်အစားတွေကို ရွေးချယ်ခြင်း

ခန္ဓာကိုယ်က ဝဖြိုးပြီး အရပ်ပုတဲ့အခါ ခပ်ပွပွဘောင်းဘီရှည်တွေကို မရွေးချယ်သင့်ပါဘူး။ ခပ်ပွပွဘောင်းဘီရှည်တွေက တြိဂံပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ ပိုပြီး လိုက်ဖက်ပါတယ်။ သစ်တော်သီးပုံစံခန္ဓာကိုယ်ပိုင်ရှင်တွေက ဂါဝန်တွေ ဝတ်တဲ့အခါ ခါးပတ်ကို တွဲဝတ်လိုက်ရင် အလိုက်ဖက်ဆုံးပါ။

၇။ နေရာနဲ့မလိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ဆင်ခြင်း

အဝတ်အစားကို နေရာနဲ့ လိုက်ဖက်အောင် ဝတ်တာက ဖက်ရှင်အမြင်ရှိကြောင်း သိသာစေပါတယ်။ နေရာနဲ့မလိုက်ဖက်တဲ့အဝတ်အစားတွေကြောင့် လူအများကြားမှာ မပေါ်မလွင်ဖြစ်ပေါ်နေမှာပါ။

Zombie (lovemedia)

Post a Comment

0 Comments