ကမ္ဘာကြီးမှာ ရာသီဥတု သာယာဖို့အတွက် ဆင်က ဘာ့ကြောင့် အရေးပါတာလဲ

ဆင်တွေက ဉာဏ်ရည်မြင့်မားပြီး စိတ်ခံစားလွယ်ပါတယ်။ ဆင်ကို အာရှတိုက်က ယဉ်ကျေးမှုတွေမှာ အမြတ်တနိုးတန်ဖိုးထားကြပါတယ်။

ဆင်တွေကို ခရီးသွားလုပ်ငန်းနဲ့ သစ်လုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ ဆင်တွေမှာ လူသိနည်းတဲ့စွမ်းအားတစ်ခု ရှိပါတယ်။

ဆင်တွေက အကောင်ကြီးပေမယ့် အရမ်းချစ်စရာကောင်းပါတယ်။


ကမ္ဘာပေါ်မှာ ဆင်ကောင်ရေမနည်းပါးအောင် ကာကွယ်ဖို့က အရေးကြီးတဲ့အရာတစ်ရပ်ဖြစ်လာပါတယ်။ ဆင်တွေက သဘာဝပတ်ဝန်းကျင်အတွက် အရေးပါလာပါတယ်။ ကမ္ဘာကြီး အမြဲတမ်းစိမ်းလန်းနေဖို့အတွက် ဆင်တွေက မရှိမဖြစ် လိုအပ်လာပါတယ်။

ဆင်တွေက တောထဲမှာဆိုရင်တော့ ဥယျာဉ်မှူးတွေပါ။


သိပ္ပံပညာရှင်တွေက ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချဖို့အတွက် ဆင်တွေက အရေးကြီးတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကြီးမှာ အပင်တွေ ရှားပါးလာပြီးနောက် ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုလည်း များများမစုပ်ယူနိုင်တော့ပါဘူး။ ကမ္ဘာကြီးလည်း ပူနွေးလာပါတယ်။


ဆင်တွေက သူတို့ရဲ့အစာအဖြစ် အပင်ငယ်လေးတွေကိုပဲ စားသောက်ပါတယ်။ အပင်ငယ်လေးတွေက ကာဗွန်ဒိုက်အောက်ဆိုက်ကို များများစားစား မစုပ်ယူနိုင်ပါဘူး။ အပင်ကြီးတွေပဲ ကျန်ရစ်အောင် ဆင်တွေက ပြုလုပ်ပေးနိုင်ပါတယ်။

ကမ္ဘာကြီးအတွက် မဖြစ်မနေလိုအပ်တဲ့အပင်တွေကို ဆင်တွေက မစားဘဲ ချန်ထားခဲ့ပါတယ်။


ဆင်ကြီးတွေက သစ်တောထဲမှာ တကယ်လိုအပ်တဲ့အပင်တွေကို မစားဘဲ အပင်သေးလေးတွေကိုပဲ စားပါတယ်။ အပင်သေးလေးတွေကိုပဲ ရွေးပြီး စားသောက်တာကြောင့် အပင်ကြီးတွေကလည်း ကြီးထွားတာ မြန်လာပါတယ်။


ဆင်တွေကို တောထဲက ဥယျာဉ်မှူးလို့ ခေါ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ရဲ့အစာချေစနစ်ကြောင့်ပါ။ ဆင်ရဲ့အညစ်အကြေးက သဘာဝမြေဩဇာအဖြစ် ရရှိပါတယ်။

ဆင်တွေ သွားတဲ့နေရာမှာ သူတို့ရဲ့အညစ်အကြေးတွေကြောင့် အပင်ငယ်လေးတွေလည်း ပေါက်လာပါတယ်။ ဒီနည်းနဲ့ တောထဲမှာ အပင်တွေ တိုးပွားလာအောင် ဆင်‌တွေက ပြုလုပ်ပေးပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments