ဆင်တွေက အားအင်ကြီးမားပြီး လူသားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်ကြပါတယ်။ ဆင်တွေက အားအင်ကြီးမားတာကြောင့် သူတို့ကျောပေါ် တက်စီးလည်း ဘာမှမဖြစ်လောက်ဘူးလို့ အချို့တွေက တွေးထင်နိုင်ပါတယ်။
တကယ်တော့ ဆင်တွေရဲ့ ကျောပေါ်ကို တက်စီးတာက ဆင်တွေအတွက် ကြီးကြီးမားမား ထိခိုက်မှုတွေ ဖြစ်စေပါတယ်။
ပုံထဲက ဆင်ကြီးကတော့ ထိုင်းနိုင်ငံ Wildlife Friends Foundation ဂေဟာက ဆင်ကြီး Pai Lin ပါ။ ဆင်ကြီး Pai Lin က အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဆင်မကြီးပါ။
ဆင်ကြီးရဲ့ကျောပေါ်မှာ ၂၅ နှစ်ကြာအောင် ခရီးသွားတွေကို သယ်ဆောင်ခဲ့ရတာကြောင့် ကျောရိုးကျန်းမာရေးကို အရမ်းကို ဆိုးရွားလာပါတယ်။ အရင်က ဆင်မကြီးဟာ ခရီးသွားတွေကို တစ်ခါသယ်ရင် ၆ ယောက်နှုန်းနဲ့ ပို့ဆောင်ပေးခဲ့ရပါတယ်။
ဆင်ကြီးက Wildlife Friends Foundation ဂေဟာကို ၂၀၀၆ ခုနှစ်မှာ ရောက်လာခဲ့ပါတယ်။ အရင်က ဆင်ကြီးဟာ ခရီးသွားလုပ်ငန်းမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရပါတယ်။
အလုပ်မလုပ်နိုင်တော့ဘဲ အရမ်းနှေးကွေးလာတာကြောင့် ဆင်ပိုင်ရှင်တွေက ဆင်ကြီး Pai Lin ကို စွန့်ပစ်လိုက်ကြပါတော့တယ်။ ဆင်မကြီးရဲ့ ကျောရိုးက ပုံမကျတော့တာကြောင့် သွားလာရာမှာ နှေးကွေးသွားပါတယ်။
တကယ်တော့ ဆင်တွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ ပစ္စည်းတွေ၊ အလေးချိန်များတာတွေကို သယ်ယူဖို့မဟုတ်ပါဘူး။ ကျောကုန်းပေါ်မှာ လေးလံတဲ့အရာတွေကို နှစ်ပေါင်းများစွာ သယ်ဆောင်ခဲ့ရတာကြောင့် ကျောရိုးက ပုံစံမမှန်တော့ဘဲ ကျန်းမာရေးလည်း ချွတ်ယွင်းလာပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆင်စီးပြီး လည်ပတ်တာက လူကြိုက်များတဲ့ လုပ်ငန်းတစ်ခုပါ။ ဒါပေမယ့် ဆင်တွေအတွက်တော့ သနားညှာတာမှုကင်းမဲ့တဲ့အရာဖြစ်သွားခဲ့ပါတယ်။
ခရီးသွားလုပ်ငန်းတွေမှာ ဆင်လေးတွေရဲ့ သနားစရာဘဝကို လူသိနည်းပါတယ်။ Pai Lin က အခုဆိုရင်တော့ ဂေဟာမှာ စွန့်ပစ်ခံရတဲ့အခြားဆင် ၂၄ ကောင်နဲ့အတူတူ နေထိုင်နေပါပြီ။
ရုပ်သံ
Zombie (lovemedia)
0 Comments