လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀-၁၀၀ လောက်တုန်းက သိပ္ပံစိတ်ကူးယဉ်စာအုပ်တွေမှာ လူသားတွေက နေရာတွေဝေးပေမယ့် တစ်နေရာနဲ့တစ်နေရာ ကြားခံကိရိယာတစ်မျိုးကို အသုံးပြုပြီး ဆက်သွယ်နိုင်တော့မယ်လို့ ရေးသားခဲ့ပါကြတယ်။
ယနေ့ခေတ်မှာတော့ ဖုန်း၊ အင်တာနက်တို့ ပေါ်ပေါက်လာပြီး ကမ္ဘာကြီးက တစ်နေရာနဲ့တစ်နေရာအလှမ်းမဝေးတော့ပါဘူး။ နောက်ထပ်ဆယ်စုနှစ် နှစ်စုခန့်ကြာတဲ့အခါ ကမ္ဘာကြီးက ဒီထက်မကတိုးတက်လာပြီး တဖြည်းဖြည်းပျောက်ကွယ်သွားတော့မယ် အရာဝတ္တု (၉) မျိုးလည်း ရှိပါတယ်။
၁။ ပလက်စတစ်
ပလက်စတစ်ရေဘူးတွေနဲ့ ပလက်စတစ်အမှိုက်အိတ်တွေက နောက်ထပ် နှစ် ၂၀ လောက်နေရင် ကမ္ဘာပေါ်မှာ အသုံးပြုမှုမရှိတော့သလောက် ရှားပါးသွားနိုင်ပါတယ်။
ပလက်စတစ်အိတ်တွေက ကမ္ဘာမြေရဲ့သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာကြောင့် ပလက်စတစ်အစားထိုး အိတ်တွေ၊ ဘူးတွေ ပေါက်ပေါက်လာနိုင်ခြေရှိပါတယ်။
၂။ ကိုယ်ပိုင်နေရာ
နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ကိုယ်ပိုင်နေရာ၊ သီးသန့်နေရာတွေ ပျောက်ဆုံးလာတော့မှာပါ။ နေရာတိုင်းမှာ လုံခြုံရေးကင်မရာ၊ လက်ဗွေစနစ်၊ မျက်နှာဖတ်တဲ့စနစ်တွေ ပေါက်ပေါက်လာပြီး ကိုယ်ပိုင်သီးသန့်နေရာဆိုတာ မရှိတော့သလောက်ဖြစ်လာတော့မှာပါ။
၃။ ဝိုင်ယာကြိုး
အရင်ခေတ်တွေတုန်းက ဖုန်းတွေအားသွင်းဖို့ အားသွင်းကြိုး၊ နားကြပ်အတွက် ကြိုးပါတဲ့နားကြပ်တွေကို အသုံးပြုခဲ့ကြပါတယ်။ ဝိုင်ယာကြိုးတွေက နေရာယူပြီး အလုပ်ရှုပ်တယ်လို့ ယူဆလာတဲ့အခါ ဝိုင်ယာကြိုးကို လျှော့ချလာပြီး ကြိုးမဲ့စနစ်တွေကို အသုံပြုလာကြပါတယ်။
၄။ ရွှေ
ကမ္ဘာမြေကြီးမှာ ရွှေတူးဖော်မှုတွေက အကန့်အသတ်နဲ့ ရှိပါတယ်။ အမေရိကန်ပထဝီဝင်စစ်တမ်းတွေအရ ကမ္ဘာမြေကြီးထဲမှာ ရွှေတန်ချိန်ပေါင်း ၅၀၀၀၀ ရှိနေသေးပါတယ်။
နှစ်စဉ် ရွှေတန်ချိန်ပေါင်း ၂.၅-၃၀၀၀ တန်ကို နှစ်စဉ်တူးဖော်နေကြပါတယ်။ အဲဒါကြောင့် နောက်ထပ် ၁၇နှစ်လောက်ကြာရင် ရွှေတွေက ကမ္ဘာပေါ်မှာ ရှားပါးသွားနိုင်ပါတယ်။
၅။ ဈေးဆိုင်များ
နည်းပညာတွေ တိုးတက်လာပြီးနောက်မှာတော့ ရောင်းသူမဲ့ဈေးဆိုင်တွေ ပေါများလာနိုင်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ဈေးဆိုင်တွေက နည်းပါးသွားပြီး အွန်လိုင်းကနေ ရောင်းချတာကို ပိုပြီးတော့ များပြားလာနိုင်ပါတယ်။
၆။ ယာဉ်ကြောပိတ်ဆို့မှုများ
ယုံကြည်ဖို့ခက်ခဲပေမယ့် အနာဂတ်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေနည်းပါးလာမှာပါ။ ကားတွေမှာ ဉာဏ်ရည်တုစနစ်တွေ တပ်ဆင်လာပြီး လမ်းပိတ်နေတဲ့နေရာ၊ ယာဉ်မောင်းရဲ့အမှား စတဲ့အချက်အလက်တွေကိုပါ ဖော်ပြလာနိုင်တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေက တဖြည်းဖြည်းလျော့နည်းလာနိုင်ပါတယ်။
၇။ ပဋိဇီဝဆေးများ
ပဋိဇီဝဆေးတွေကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် အနာဂတ်မှာတော့ ပဋိဇီဝဆေးအသုံးပြုမှုတွေ လျော့နည်းလာနိုင်ပြီး ရောဂါပိုးတွေ ကူးစက်တာကို တားဆီးဖို့အတွက် antibody တွေကို လူနာရဲ့ခန္ဓာကိုယ်ထဲကို ထိုးဆေးအဖြစ် ရောက်ရှိလာမှာပါ။
၈။ ဖော့စဖောရပ်
ဖော့စဖိတ်တွေကို မြေဩဇာပြုလုပ်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြပါတယ်။ ကမ္ဘာ့လူဦးရေတိုးတက်လာတာနဲ့အမျှ စားသုံးမှုတွေ ပိုများလာပြီး ဖော့စဖိတ်တွေက ကမ္ဘာမြေကြီးပေါ်ကနေ နှစ်ပေါင်း ၈၀ အတွင်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ ဒီပြဿနာအတွက် အဖြေရှာနေကြပါတယ်။
၉။ စိုက်ကွင်းများ
ကမ္ဘာပေါ်မှာ လူဦးရေထူထပ်လာပြီး မြို့တွေလည်း များပြာလာပါတယ်။ အဲဒါကြောင့် ခြံတွေ၊ စိုက်ကွင်းတွေ၊ လယ်ကွင်းတွေက တဖြည်းဖြည်းနဲ့ နည်းပါးလာမှာပါ။ အနာဂတ်မှာတော့ အထပ်မြင့်တဲ့ခြံတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
Zombie (lovemedia)
0 Comments