ဝမ်းဗိုက်ထဲမှာ တုန်ခါပေးတဲ့နည်းနဲ့ ဝမ်းချုပ်တာကို ကုစားပေမယ့်ဆေးတောင့်

နေထိုင်စားသောက်မှုပုံစံ၊ အသက်ကြီးခြင်း၊ ဆေးတွေသောက်ရခြင်း၊ မျိုးရိုးစတဲ့အကြောင်းအချက်တွေကြောင့် ဝမ်းချုပ်ကြပါတယ်။

ဝမ်းချုပ်တာကို သဘာဝအတိုင်း သက်သာစေမယ့်နည်းလမ်းကတော့ ရေများများသောက်ပြီး အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးတာပါ။

ဝမ်းချုပ်တာက အရမ်းကို နေရထိုင်ရခက်စေပါတယ်။ ဝမ်းချုပ်တာကြောင့် အခြားသော ကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်ပေါ်လာစေပါတယ်။ ဝမ်းချုပ်တာကို သက်သာဖို့ ဆေးတွေသောက်ရင်လည်း အစာအိမ်အတွက် မကောင်းပါဘူး။


ဝမ်းချုပ်တတ်သူတွေအတွက် သိပ္ပံပညာရှင်တွေက smart pill ကို ထုတ်လုပ်လိုက်ပါတယ်။ Smart pillက တော့ ဆေးလုံးဖြစ်ပြီး သောက်လိုက်တဲ့အခါ တုန်ခါမှုနဲ့ အူမကြီးကို လှုံ့ဆော်ပေးပြီး ဝမ်းသွားစေပါတယ်။

ဝမ်းချုပ်တာကို သက်သာစေမယ့် smart pill ကို တီထွင်လိုက်တာကတော့ Vibrant Gastro ဆိုတဲ့ ဆေးကုမ္ပဏီပါ။ Smart pill ကို တစ်ပတ်မှာ ၅ ရက်ခန့် သောက်သုံးပေးလို့ရပါတယ်။

သောက်ဆေးဖြစ်တာကြောင့် အရမ်းအဆင်ပြေပါတယ်။ ဝမ်းဗိုက်ထဲမှာ နှစ်နာရီကြာတုန်ခါနေစေဖို့အတွက် ပြုလုပ်ထားပါတယ်။ ပြီးနောက် ၆ နာရီကြာ မတုန်ခါဘဲ ရပ်နေမှာပါ။


နောက်တစ်ဖန် နှစ်နာရီကြာအောင် ဝမ်းဗိုက်ထဲမှာ တုန်ခါနေမှာပါ။ Smart pill က အူထဲက နာဗ်ကြောတွေကို လှုံ့ဆော်ပေးပါတယ်။

တုန်ခါပေးတဲ့ဆေးတောင့်လေးကြောင့် ဝမ်းချုပ်မှာကိုလည်း စိတ်ပူစရာမလိုတော့ပါဘူး။ Smart pill ဟာ ကာလကြာရှည်စွာ ဝမ်းချုပ်တတ်သူတွေ အသုံးပြုဖို့အတွက် FDA ထောက်ခံကိုလည်း ရပြီးသားဖြစ်ပါတယ်။

တစ်လစာအတွက်ဆိုရင်တော့ ၈၉ ဒေါ်လာကျသင့်မှာပါ။ Smart pill က ပုံမှန်သုံးနေကျ ဝမ်းချုပ်ပျောက်ဆေးတွေထက်တော့ ဈေးကြီးနေပါသေးတယ်။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments