ဝက်ခြံက တွေ့ရများတဲ့ အရေပြားပြဿနာတစ်မျိုးပါ။ အသက် ၁၂ နှစ်ကနေ ၂၄ နှစ်အတွင်းမှာ ဝက်ခြံနဲ့ပတ်သက်တဲ့ ပြဿနာတွေကို တွေ့ကြုံရလေ့ရှိပတါယ်။ ဝက်ခြံပေါက်ပြီးတဲ့အခါမှာလည်း အမာရွတ်တွေက ကျန်နေတတ်ပါတယ်။
အမာရွတ်တွေကလည်း တော်တော်နဲ့ မပျောက်လွယ်ပါဘူး။ ဝက်ခြံတွေမဖြစ်အောင် ထိထိရောက်ရောက်ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ မျက်နှာကို ပုံမှန်သစ်ပါ။
ဝက်ခြံရှိတဲ့သူပဲဖြစ်ဖြစ်၊ ဝက်ခြံမရှိတဲ့သူပဲ ဖြစ်ဖြစ် မျက်နှာကို ကြည်လင်နေအောင်လုပ်ဖို့က အရေးကြီးပါတယ်။ သန့်စင်တဲ့မျက်နှာကိုရဖို့ တစ်နေ့ကို နှစ်ကြိမ် မျက်နှာသစ်ပေးသင့်ပါတယ်။
နှစ်ကြိမ်ထက်ပိုပြီး မျက်နှာသစ်တဲ့အခါမှာလည်း ဝက်ခြံတွေ ပိုဖြစ်လာစေပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာလည်း မျက်နှာသစ်ပေးသင့်ပါတယ်။
၂။ ခေါင်းကို ပုံမှန်လျှော်ပါ။
ဆံပင်က အညစ်အကြေးတွေက မျက်နှာကို လာထိတဲ့အခါမှာ ဝက်ခြံတွေဖြစ်ပေါ်လာပါတယ်။ အဲဒါကြောင့် ခေါင်းကိုလည်း ပုံမှန်လျှော်ပေးသင့်ပါတယ်။ ဆံပင်ကို မျက်နှာပေါ်မကျလာအောင် စည်းထားတာ၊ ထုံးထားတာကလည်း ဝက်ခြံတွေကို ကာကွယ်ဖို့ နည်းလမ်းကောင်းပါ။
၃။ အစားအသောက်ပုံစံကို ပြောင်းလဲလိုက်ပါ။
ဝက်ခြံကို ကာကွယ်ဖို့ ဗီတာမင်စီများများပါဝင်တဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။ ဗီတာမင်စီက အသားအရေကို ကြည်လင်လှပစေပါတယ်။ ကာဘိုဟိုက်ဒရိတ်များတဲ့အစားအစာတွေကို လျှော့ချလိုက်ရင် ဝက်ခြံအပြင် ဆားဝက်ခြံတွေကိုပါ လျော့နည်းသွားစေမှာပါ။
၄။ အိမ်မှာတင် ပြုလုပ်နိုင်တဲ့ mask
မျက်နှာကြည်လင်လှပဖို့အတွက် အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့တင် mask ပြုလုပ်နိုင်ပါတယ်။ ကြက်ဥအကာကို မျက်နှာမှာ နှစ်မိနစ်ခန့် လိမ်းပေးထားက ချွေးပေါက်တွေကို ကျဉ်းစေပါတယ်။
ပျားရည်နဲ့ သစ်ကြံပိုးကို ပေါင်းစပ်ထားတဲ့ mask ကတော့ အသားအရေကို ချောမွေ့စေပါတယ်။ ချွေးပေါက်တွေကို ပွင့်စေတာကြောင့် ဝက်ခြံလည်း မဖြစ်လာတော့ပါဘူး။
၅။ အသားအရေကို နေရောင်ဒဏ်ကနေ ကာကွယ်ပါ။
နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေကြောင့် အသားအရေက နီမြန်းလာပါတယ်။ နေလောင်ခံရတာများတဲ့အသားအရေတွေမှာ အဆီတွေ ထွက်လာတာကြောင့် ဝက်ခြံတွေက ပိုဆိုးလာပါတယ်။
မနက် ၁၀ နာရီကနေ ညနေ ၄ နာရီက ခရမ်းလွန်ရောင်ခြည်အမြင့်ဆုံးအချိန်တွေပါပဲ။ အဲဒီအလိုအချိန်တွေမှာ အပြင်ထွက်တဲ့အခါ SPF ၃၀ နဲ့အထက်ပါဝင်တဲ့ sunscreen ကို လိမ်းပေးသင့်ပါတယ်။
၆။ အိပ်ရာခင်းကို မကြာခဏလဲပေးပါ။
အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေမှာ ဆဲလ်သေတွေနဲ့ အဆီတွေ ကပ်ကျန်နေပါတယ်။ အဲဒါကြောင့် အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို တစ်ပတ်ကိုတစ်ကြိမ်ခန့် လဲပေးသင့်ပါတယ်။ အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်ကို ပုံမှန်လဲလှယ်ပေးရုံနဲ့ ဝက်ခြံပြဿနာကို တော်တော်များများ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
၇။ ဝက်ခြံကို မညှစ်ဘဲ ကုသမှုခံယူပါ။
မျက်နှာမှာ ဝက်ခြံထွက်လာတဲ့အခါ မျက်နှာကို ခဏခဏကိုင်တာ၊ ညှစ်တာတို့ မပြုလုပ်သင့်ပါဘူးနော်။ မသန့်ရှင်းတဲ့လက်နဲ့ ဝက်ခြံကို ညှစ်လိုက်ရင် ဝက်ခြံက ပိုဆိုးလာတတ်ပါတယ်။ ဝက်ခြံတွေ အရမ်းမဆိုးလာခင်မှာ အရေပြားဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။
၈။ အခြားသော နည်းလမ်းတွေကို အသုံးပြုပါ။
ဝက်ခြံတွေကို လက်နဲ့မညှစ်ဘဲ ဝက်ခြံညှစ်တဲ့ကိရိယာလေးကို အသုံးပြုနိုင်ပါတယ်။ ဆားဝက်ခြံတွေရှိတဲ့အခါ ဒီကိရိယာလေးကို အသုံးပြုလိုက်ရုံပါပဲ။ ဆားဝက်ခြံတွေကို ဖယ်ရှားပြီးတဲ့အခါ မျက်နှာကို ချက်ချင်းသစ်ပြီး ရေဓာတ်ဖြည့်ခရင်မ်ကို လိမ်းထားပေးနိုင်ပါတယ်။
ဝက်ခြံအမျိုးအစားများ
- အဆီဖုဝက်ခြံတွေက အဖြူရောင်ရှိပြီး ဘေးပတ်ပတ်လည်က နီရဲနေတ်ပါတယ်။ တစ်ခါတရံမှာ ဝက်ခြံထဲကနေ အမွေးအမျှင်ထွက်လာပါတယ်။
- ဆားဝက်ခြံကတော့ အနက်ရောင်ဖြစ်ပြီးတော့ နှာခေါင်းနဲ့ မေးစေ့တစ်ဝိုက်မှာ ပေါက်လေ့ရှိပါတယ်။
- ပြည်တည်အနာဖုကတော့ အဝါရောင်ရှိပြီး မျက်နှာမှာပေါက်လာရင် အရမ်းနာကျင်ပါတယ်။
- အသားအရေထဲမှာ နက်နက်ရှိုင်းရှိုင်းပေါက်နေတဲ့ ဝက်ခြံကတော့ နာကျင်ပြီး အမာရွတ်ကြီးကြီးမားမား ကျန်ခဲ့လေ့ရှိပါတယ်။
-ပြည်တည်ဖုက စပေါက်ကတည်းက နာကျင်ပြီး ပိုကြီးလေ ပိုနာလေပါပဲ။ အသားအရေအပြင်မှာ မဟုတ်ဘဲ အသားအရေထဲမှာ ပေါက်လေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments