ကိန်းဂဏန်းအချက်အလက်တွေအရ အလုပ်ရှင်တွေက အလုပ်ခန့်ထားဖို့အတွက် အင်တာဗျူးလာရောက်ဖြေဆိုသူရဲ့ အဝတ်အစားဝတ်ဆင်ပုံကိုလည်း ထည့်သွင်းစဉ်းစားကြောင်း တွေ့ရပါတယ်။
အဲဒါကြောင့် အင်တာဗျူးသွားရောက်ဖြေဆိုတဲ့အခါ အဝတ်အစားရွေးချယ်တာနဲ့ပတ်သက်ပြီး အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ အရောင်
အရောင်က လူတွေရဲ့စိတ်နဲ့ဆက်စပ်နေပါတယ်။ မီးခိုးရောင်က တိကျမှုနဲ့ အလုပ်အပေါ် စေ့စပ်သေချာမှုရှိပုံကို ဖော်ပြပါတယ်။ အင်တာဗျူးသွားရောက်ဖြေဆိုတဲ့အခါ အရောင်နု သို့မဟုတ် အဖြူရောင်ကို ဦးစားပေးဝတ်ဆင်သင့်ပါတယ်။
ခရမ်းရောင်နဲ့ အစိမ်းရောင်ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှုနဲ့ တီထွင်ဖန်တီးလိုစိတ်ရှိမှုတို့ကို ဖော်ပြတဲ့အရောင်ပါ။ ဒါပေမယ့် အင်တာဗျူးသွားရောက်ဖြေတဲ့အခါ လိမ္မော်ရောင်ကိုတော့ မရွေးချယ်သင့်ပါဘူး။
၂။ အရောင်ရင့်တဲ့အဝတ်အစားများ
အရောင်အရမ်းရင့်ပြီး ရှုပ်ထွေးနေတဲ့ အဝတ်အစားတွေ ဝတ်လိုက်ရင် အာရုံစိုက်မှုကို ပိုခံရမယ်လို့ အချို့တွေက ယူဆကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အဲဒီလိုမဟုတ်ဘဲ အင်တာဗျူးမေးခွန်းမေးသူတွေကို စိတ်ရှုပ်သွားစေပါတယ်။
အင်တာဗျူးသွားရောက်ဖြေတဲ့အခါ နာရီ၊ မျက်မှန်တို့လောက်နဲ့ ရိုးရိုးရှင်းရှင်းဝတ်စားထားတာ အာရုံစိုက်မှုကို ပိုရရှိစေတာပါ။ ဒါပေမယ့် နေကာမျက်မှန်ကိုလည်း နဖူးပေါ်မှာတင်ပြီး အလုပ်သွားမလျှောက်သင့်ပါဘူး။
၃။ တင်းကြပ်တဲ့အဝတ်အစားများ
အင်တာဗျူးသွားဖြေတော့မယ်ဆိုရင် ကုမ္ပဏီမှာ ဝတ်ဆင်လေ့ရှိတဲ့အဝတ်အစား၊ အရောင်တွေအကြောင်းကို အရင်ဆုံး လေ့လာသင့်ပါတယ်။
တင်းကြပ်ပြီး ခန္ဓာကိုယ်တဲ့ကွက်တိဖြစ်နေတဲ့ အဝတ်အစားတွေက အလုပ်ရနိုင်ချေနည်းပါးသွားနိုင်တဲ့အဝတ်အစားတွေပါ။ ရိုးရှင်းပြီး အမြင်တင့်တယ်တဲ့အဝတ်အစားတွေကိုသာ အင်တာဗျူးဖြေဆိုတဲ့အခါ ဝတ်သွားသင့်ပါတယ်။
၄။ သက်တောင့်သက်သာဖြစ်မှု
အင်တာဗျူးသွားဖြေတော့မယ်ဆိုရင် အဝတ်အစားအသစ်တွေ ဝယ်ထားတဲ့အခါ တစ်ခါလောက် အစမ်းဝတ်ကြည့်ထားသင့်ပါတယ်။
အဲဒီအခါမှသာ ဝတ်ရတာ သက်တောင့်သာဖြစ်နေမှာပါ။ ဝတ်နေကျမဟုတ်တဲ့အဝတ်အစားတွေကြောင့် နေရထိုင်ရခက်ပြီး အင်တာဗျူးဖြေဆိုတဲ့အခါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းနေမှာပါ။
၅။ ချည်သားအဝတ်အစားများ
ဝတ်နေကျမဟုတ်တဲ့အဝတ်အစားတွေကြောင့် နေရထိုင်ရခက်နေတာကို အင်တာဗျူးမေးခွန်းမေးသူတွေက သတိထားမိပါတယ်။ ပူအိုက်တဲ့အဝတ်အစားကလည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေပါတယ်။
မတွန့်ကြေဘဲ ပြန့်ပြူးနေတဲ့ချည်သားအဝတ်အစားတွေက ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ ဒါ့အပြင် ပုံမှန်ပြင်ဆင်နေကျမဟုတ်တဲ့ မိတ်ကပ်ပုံစံ၊ ဆံပင်ပုံစံတို့ကိုလည်း အင်တာဗျူးဖြေတဲ့အခါမှာ မပြင်ဆင်သွားသင့်ပါဘူး။
Zombie (lovemedia)
0 Comments