ကမ္ဘာပေါ်မှာ ပျားတွေရဲ့ အရေးပါပုံ (၇) ချက်

ကမ္ဘာမြေကြီးပေါ်မှာ လူဦးရေတွေ တိုးပွားလာတာနဲ့အမျှ သီးနှံတွေ၊ အစားအစာတွေ ပိုမိုစိုက်ပျိုးလာရပါတယ်။ သီးနှံတွေ အထွက်တိုးအောင်လို့ မြေဩဇာတွေ၊ ပေါင်းသတ်တွေဥို အသုံးပြုလာရပါတယ်။

အဲဒါကြောင့် ကမ္ဘာပေါ်မှာ ပျားကောင်ရေတွေက ကြောက်စရာကောင်းလောက်အောင် နည်းပါးလာပါတယ်။ ပျားတွေက ကမ္ဘာပေါ်မှာ နည်းသထက်နည်းလာရင် လူသားမျိုးနွယ်တွေလည်း အဆုံးသတ်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဖော်ပြထားပါတယ်။

အဲဒါကြောင့် ကမ္ဘာပေါ်မှာ ပျားတွေက ဘာ့ကြောင့်အရေးကြီးရတာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပျားတွေက ဝတ်မှုန်ကူးပေးပါတယ်။

ကမ္ဘာပေါ်က ကောက်ပဲသီးနှံတွေ ဝတ်မှုန်ကူးဖို့ ပျားတွေက အရေးအကြီးဆုံးပါ။ နေ့စဉ်စားသောက်နေတဲ့အစားအစာတွေရဲ့ သုံးပုံတစ်ပုံက ပျားတွေရဲ့ ဝတ်မှုန်ကူးခြင်းအပေါ်မှာ မူတည်နေပါတယ်။

ထောပတ်သီး၊ ပဲပုပ်ပဲ၊ နှမ်း၊ သခွားသီး၊ ချဉ်တဲ့အသီးများ၊ ကီဝီသီး၊ ချယ်ရီသီးစတဲ့အသီးအနှံ အသီးအရွက်တွေကို ပျားတွေက ဝတ်မှုန်ကူးပေးပါတယ်။

၂။ အခြားသောတိရစ္ဆာန်တွေရဲ့ အစားအစာတွေအတွက်လည်း ပျားတွေက အရေးပါပါတယ်။

ဝတ်မှုန်ကူးတာက ကော်ဖီ၊ ဝါချည်တို့အတွက်လည်း အရေးကြီးတဲ့အရာပါ။ ပျားတွေက ကျွဲနွားတိရစ္ဆာန်တွေ စားသုံးတဲ့အစားအစာတွေကိုတောင် ဝတ်မှုန်ကူးပေးပါတယ်။ ပျားတွေက အခြားသော တိရစ္ဆာန်တွေရဲ့ အစာကွင်းဆက်အတွက်လည်း မရှိမဖြစ်ပါပဲ။

၃။ ပျားတွေက ဂေဟနစ်ကို ကျန်းမာအောင် ပြုလုပ်ပေးပါတယ်။

ပျားတွေက ဝတ်မှုန်ကူးတဲ့နည်းနဲ့ ဂေဟစနစ်ကို ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။ ပျားတွေရဲ့အလုပ်ကြောင့် လူသားတွေရဲ့ အစားအစာတွေ၊ ပန်းတွေ၊ အသီးအရွက်တွေ ပေါများလာပါတယ်။

၄။ ပျားတွေက ကမ္ဘာပေါ်မှာ အလုပ်အလုပ်ဆုံး သတ္တဝါပါ။

ပျားတွေ လုပ်ငန်းဆောင်တာတွေကို ခွဲဝေထားပါတယ်။ ပျားအုံကို သန့်ရှင်းရေးလုပ်ပေးတဲ့ သန့်ရှင်းရေးပျား၊ royal jelly ထုတ်လုပ်ပေးတဲ့ ပျားရည်ပျား၊ အစားအစာနဲ့ နေရာတွေကို ရှာဖွေပေးတဲ့ပျား၊ ပျားတွေကို စောင့်ရှောက်ပေးတဲ့ အစောင့်ပျားစသဖြင့် လုပ်ငန်းတွေအများကြီးကို ခွဲဝေလုပ်ဆောင်ကြပါတယ်။

၅။ ကမ္ဘာကြီးလှပဖို့အတွက်လည်း ပျားတွေက အလှဆင်ပေးသူတွေပါ။

ပျားတွေ ဝတ်မှုန်မကူးရင် ကမ္ဘာပေါ်က ပန်းပေါင်း သုံးပုံတစ်ပုံက အစေ့တွေ မထုတ်လုပ်နိုင်တော့ပါဘူး။ ပန်းတွေလည်း မပွင့်လာနိုင်တော့ပါဘူး။ ပျားတွေကြောင့် ပန်းတွေရဲ့အရောင်၊ ရနံ့၊ နူးညံ့မှုတွေက ကွဲပြားသွားပါတယ်။

၆။ ပျားတွေက ကမ္ဘာပေါ်မှာ အရေးအကြီးဆုံး အင်းဆက်ပိုးမွှားတွေထဲမှာ တစ်မျိုးအပါအဝင်ပါ။

ပျားတွေသာမရှိရင် လူသား‌တွေက ဆန်ပြုတ်ပဲ စားနေရလိမ့်မယ်လို့ Dr.George McGavin က ပြောဖူးပါတယ်။ နေ့စဉ်စားနေတဲ့အစားအစာ လေးပုံတစ်ပုံဟာ ပျားတွေနဲ့ တိုက်ရိုက်နည်းရော သွယ်ဝိုက်နည်းပါ သက်ဆိုင်နေပါတဘ်။

၇။ ပျားတွေက ပျားရည်ကိုပဲ ထုတ်လုပ်တာ မဟုတ်ပါဘူး။

ပျားဖယောင်းက နေစဉ်ဘဝမှာ အရမ်းကို အသုံးဝင်တဲ့အရာပါ။ ပျားတွေထံကနေ ပျားရည်အပြင် ပျားဖယောင်း၊ ပျားဝတ်မှုန်၊ ပျားရည်အရက်၊ royal jelly တို့ကိုပါ ရရှိနိုင်ပါသေးတယ်။

ပျားတွေ မျိုးတုန်းမပျောက်ကွယ်သွားအောင် ကာကွယ်နိုင်မယ့်နည်းလမ်းများ

- အိမ်မှာ လာဗင်ဒါ၊ ဒေလီယာ၊ ဒေစီ၊ နေကြာ စတဲ့ပန်းတွေကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ပါတယ်။

- အပင်တွေကို ဓာတုပိုးသတ်ဆေးမသုံးဘဲ သဘာဝပိုးသတ်ဆေးကိုသာ အသုံးပြုပါ။

- ပျားအုံတွေကို မဖယ်ရှားလိုက်သင့်ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments