အိပ်ရာထထချင်း အိပ်ရာမသိမ်းသင့်တဲ့ အကြောင်းအရင်း (၆) ခု

အိပ်ရာထပြီးနောက် အိပ်ရာသိမ်းတာက နေ့စဉ်မနက်ရဲ့ လုပ်နေကျအလုပ်တစ်ခုပါ။ သပ်သပ်ရပ်ရပ်ဖြစ်သွားတဲ့အိပ်ရာက စိတ်ကို လန်းဆန်းစေပါတယ်။ ဒါပေမယ့် လေ့လာချက်တွေအရ အိပ်ရာမသိမ်းသင့်တဲ့အကြောင်းအရင်းတွေကို ဖော်ပြလိုက်ပါတယ်နော်။

ခေါင်းအုံးပေါ်မှာ ဘက်တီးရီးယားတွေ ရှိနေပါတယ်။

ခေါင်းအုံးပေါ်မှာ တစ်ညတာအိပ်စက်ရုံနဲ့ ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေ အများကြီး ကျန်ရှိနေပါတယ်။ ဘက်တီးရီးယားလေးတွေကို သာမန်မျက်လုံးနဲ့ ကြည်ဖို့ မလွယ်ကူပါဘူး။

အဲဒါကြောင့် အိပ်ရာထထချင်း အိပ်ရာကို ချက်ချင်းမသိမ်းဘဲ ဘက်တီးရီးယားတွေ မရှိတော့အောင် ခဏစောင့်ပြီးမှသာ သိမ်းသင့်ပါတယ်။

စောင်ကလည်း ဘက်တီးရီးယားတွေ ပျော်တဲ့နေရာပါ။

ဘက်တီးရီးယားတွေက မှောင်ပြီး စိုစွတ်တဲ့နေရာတွေကို ကြိုက်ပါတယ်။ မွေ့ရာထဲမှာလည်း ဘက်တီးရီးယားနဲ့ ဆဲလ်သေတွေ ရှိနေပါသေးတယ်။ အိပ်ရာသိမ်းလိုက်တဲ့အခါ ဘက်တီးရီးယားတွေကို ဖုံးအုပ်သလို ဖြစ်သွားပြီး မွေ့ရာပေါ်မှာ ပွားသထက်ပွားနေတော့မှာပါ။

ဘက်တီးရီးယားတွေက အိပ်ရာခင်းတွေပေါ်မှာပဲ အညစ်အကြေးစွန့်ပါတယ်။

ဘက်တီးရီးယားတွေက ခန္ဓာကိုယ်ပေါ်က ဆဲလ်သေတွေကို စားပြီး အညစ်အကြေးတွေကိုလည်း အိပ်ရာခင်းနဲ့ ခေါင်းအုံးပေါ်မှာပဲ ထားခဲ့ပါတယ်။

သူတို့ရဲ့အညစ်အကြေးတွေက လူသားတွေအတွက်တော့ ဓာတ်မတည့်ပါဘူး။ ဘက်တီးရီးယားတွေရဲ့ အညစ်အကြေးတွေကြောင့် နှာချေတာနဲ့ ပန်းနာရင်ကျပ်ကိုလည်း ဖြစ်စေပါတယ်။

ဘက်တီးရီးယားတွေက သေသွားရင်တောင် အန္တရာယ်ပြုနိုင်ပါသေးတယ်။

ကမ္ဘာပေါ်က အခြားသော သက်ရှိသတ္တဝါတွေလိုပဲ အိပ်ရာထဲက ဘက်တီးရီးယားတွေမှာလည်း ဘဝသံသရာကလည်နေပါတယ်။

ဘက်တီးရီးယားတွေက သေသွားရင်တောင် သူတို့ရဲ့အကြွင်းအကျန်တွေကို လူသားတွေက ရှူရှိုက်မိနိုင်ပါသေးတယ်။ ဘက်တီးရီးယားအကြွင်းအကျန်တွေကြောင့် ခန္ဓာကိုယ်မှာ ဓာတ်မတည့်တာတွေ ဖြစ်ပေါ်လာစေပါတယ်။

အိပ်ရာထဲက ဘက်တီးရီးယားတွေက နေရောင်ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။

မနက်ခင်းမှာ အိပ်ရာမသိမ်းဘဲနဲ့ စောင်တွေကို ဖယ်ထားလိုက်ပါ။ ဘက်တီးရီးယားပိုးမွှားတွေက နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်မရှိပါဘူး။ အိပ်ရာကို လေဝင်လေထွက်ကောင်းအောင် နာရီအနည်းငယ်ကြာ ထားပြီးမှသာ အိပ်ရာသိမ်းပါ။

အိပ်ရာထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ ဓာတုဆေးတွေကို အသုံးမပြုသင့်ပါဘူး။

ပိုးမွှားတွေကို ဖယ်ရှားတဲ့ ဓာတုဆေးတွေက ကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။ အိပ်ရာထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ဆိုရင် လေစုပ်စက်ကို အသုံးပြုနိုင်ပါတယ်။ စောင်နဲ့ အိပ်ရာခင်းတွေကို နေပူထုတ်လှန်းတာကလည်း ထိရောက်တဲ့နည်းလမ်းပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments