Mayan ခေတ်ကနေ ယနေ့ခေတ်အထိ ခေတ်စားနေဆဲဖြစ်တဲ့ အလှအပစံနှုန်း (၇) ခု

အလှအပစံနှုန်းတွေက ရဟတ်လိုမျိုးလည်ပတ်နေလေ့ရှိပါတယ်။ ယနေ့ခေတ်မှာ အသုံးပြုနေတဲ့ အချို့အလှအပစံနှုန်းတွေထဲမှာ Mayan ခေတ်ကတည်းက ခေတ်စားခဲ့တဲ့ အလှအပစံနှုန်းတွေလည်း ပါဝင်ပါတယ်။

ဘယ်လို အလှအပနည်းလမ်းတွေက Mayan ခေတ်ကတည်းက ခေတ်စားခဲ့လဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားမှာ ကျောက်မျက်ရတနာတွေ တပ်ဆင်ခြင်း

သွားညီအောင်လို့ သွားညှိကိရိယာတပ်တာက ယနေ့ခေတ်မှာမှ ပြုလုပ်တာမဟုတ်ပါဘူး။ Mayan ခေတ်ကတည်းက ပြုလုပ်ခဲ့တာပါ။

Mayan ခေတ်မှာဆိုရင် သွားမှာ တလက်လက်တောက်ပနေတဲ့ကျောက်မျက်ရတနာတွေပါ တပ်ဆင်ကြတာပါ။ ယနေ့ခေတ်မှာလည်း သွားမှာ ကျောက်မျက်ရတနာတွေ စီခြယ်ထားတဲ့ rapper အချို့ ရှိကြပါတယ်။

၂။ တက်တူး

Mayan ခေတ်မှာ တက်တူးကို သုံးဖက်မြင်ပုံစံဖြစ်အောင် အသွားပေါ်မှာ ထွင်းကြပါတယ်။ တက်တူးထိုးထားတာကို သတ္တိရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ်အဖြစ် ယူဆခဲ့ကြပါတယ်။

၃။ ရှုပ်ထွေးလှတဲ့ ဆံပင်ပုံစံ

Mayan ခေတ် (၂၅၀ AD-၉၀၀ AD) မှာ ခေတ်စားခဲ့တာကတော့ ရှုပ်ထွေးလှတဲ့ ဆံပင်ပုံစံပါ။ သာမန်လူတွေကတော့ ဆံပင်ကို တိုတိုပဲ ညှပ်ကြပါတယ်။

အထက်တန်းလွှာအမျိုးသမီးတွေကတော့ ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး လှပအောင်လို့ ဆန်းသစ်တီထွင်ကြပါတယ်။

၄။ စက္ကူနားကပ်

Mayan ခေတ်မှာ နားကပ်တွေ အမျိုးမျိုးပေါ်ပေါက်ဲ့ပါတယ်။ ကျောက်မျက်ရတနာတွေနဲ့ စီခြယ်ထားတဲ့ နားကပ်တွေအပြင် စက္ကူနားကပ်လေးတွေပါ ခေတ်စားခဲ့ပါတယ်။ ယနေ့ခေတ်မှာလည်း အလှဆင်ထားတဲ့ စက္ကူနားကပ်လေးတွေက ခေတ်စားနေဆဲပါ။

၅။ စွေနေတဲ့မျက်လုံးများ

စစ်မှန်တဲ့အလှအပဟာ မျက်လုံးမှာ အခြေခံပါတယ်။ Mayanခေတ်မှာတော့ စွေနေတဲ့မျက်လုံးတွေကို အလှအပစံနှုန်းအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

စွေနေတဲ့မျက်လုံးရအောင်လို့ မိဘတွေက ကလေးတွေရဲ့အိပ်ရာပေါ်မှာ အရုပ်လေးတွေ ချိတ်ဆွဲပေးထားကြပါယ်။ ယနေ့ခေတ်မှာတော့ ဒီအလှအပစံနှုန်းက မရှိတော့ပါဘူး။

၆။ မျက်နှာမှာ အပေါက်ဖောက်ခြင်း

မျက်နှာမှာ အပေါက်ဖောက်တာက ယနေ့ခေတ်မှာရော Mayan ခေတ်မှာပါ လူကြိုက်များခဲ့တာပါ။ Mayan ခေတ်မှာလည်း နှုတ်ခမ်း၊ နှာခေါင်းတို့မှာ အပေါက်တွေ ဖောက်ကြပါတယ်။ မျက်နှာမှာ အပေါက်တွေ ဖောက်တာက အလှကို ပိုမိုထင်ရှားစေတဲ့အချက်လို့ ယုံကြည်တာကြောင့်ပါ။

၇။ နှာတံ

Mayan ခေတ်မှာ နှာခေါင်းကို လှပအောင် အမျိုးမျိုးအလှဆင်ကြပါတယ်။ အဲဒီအထဲမှာ နှာခေါင်းကို ဖြောင့်တန်းတဲ့ပုံစံဖြစ်စေဖို့ နှာတံအတုလည်း ပါဝင်ပါတယ်။

နှာတံမလှတဲ့သူတွေအတွက် နှာတံအတုကို တပ်ထားရင် နှာတံဖြောင့်ပြီး လှပသွားစေတာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments