ဂျပန်နိုင်ငံက အဝတ်အစားကုမ္ပဏီတစ်ခုဟာ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာမဆို ထိုင်ချလို့ရမယ့်၊ လဲလျောင်းလို့ရမယ့် ဝတ်စုံကို တီထွင်ခဲ့ပါတယ်။
ပဲစေ့ကို ပုံစံယူထားတဲ့ဝတ်စုံကို ဂျပန်ကုမ္ပဏီဖြစ်တဲ့ Aichi Prefecture က တီထွင်ထုတ်လုပ်လိုက်တာပါ။ ဒီဝတ်စုံလေးကို ဝတ်ထားလိုက်ရင် ထိုင်စရာထိုင်ခုံ၊ လဲလျောင်းစရာနေရာ မရှိမှာကို စိတ်ပူဖို့ မလိုတော့ပါဘူး။
ဝတ်စုံရဲ့ပုံစံကြောင့် ဘယ်အချိန်၊ ဘယ်နေရာမှာမဆို ချက်ချင်း ထိုင်ချလိုက်လို့လည်း ရသလို၊ ချက်ချင်းလဲလျောင်းလိုက်လို့လည်း ရပါတယ်။
ဝတ်စုံကို စတင်မိတ်ဆက်လိုက်တဲ့အခါ Twitter မှာ ပျံ့နှံ့ပြီး လူကြိုက်များသွားခဲ့ပါတယ်။ ကိုဗစ်လော့ဒေါင်းကြောင့် အပြင်မထွက်ရချိန်မှာ အိမ်မှာ သက်တောင့်သက်သာနေထိုင်အောင် တီထွင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဝတ်စုံလေးကို အရွယ်အစားသုံးမျိုးနဲ့ ဝယ်ယူနိုင်ပြီး အရောင်မျိုးစုံလည်း ရရှိနိုင်ပါတယ်။ ဝတ်စုံက လူကြီးဝတ်ဆိုရင်တော့ ၁၁ ပေါင် (၅ ကီလိုဂရမ်) ခန့် အလေးချိန်ရှိပါတယ်။
အဲဒါကြောင့် ပုံမှန်အဝတ်အစားတွေထက်တော့ လေးလံပါတယ်။ ဘယ်နေရာမှာမဆို လဲအိပ်ချင်သူတွေအတွက်တော့ အရမ်းကို အဆင်ပြေမှာပါ။
လက်ရှိမှာတော့ Aichi Prefecture ကုမ္ပဏီက Small size အတွက် ဒေါ်လာ ၆၀၊ medium size အတွက် ၇၄ဒေါ်လာ၊ large size အတွက် ၁၁၉ ဒေါ်လာနဲ့ ရောင်းချပေးပါတယ်။
ရုပ်သံ
Zombie (lovemedia)
0 Comments