အမျိုးသားတွေအတွက် နဖူးပြောင်၊ ထိပ်ပြောင်တယ်ဆိုတာ ထိလွယ်ရှလွယ်တဲ့ခေါင်းစဉ်တစ်ခုပါ။ နဖူးပြောင်၊ ထိပ်ပြောင်ရင် ဆွဲဆောင်မှုတွေ လျော့ကျတယ်လို့ အမျိုးသားအများစုက ယူဆထားကြပါတယ်။
တကယ်တော့ လေ့လာချက်တွေအရ နဖူးပြောင်၊ ထိပ်ပြောင်တဲ့အမျိုးသားတွေဟာ ဉာဏ်ကောင်းကြောင်း တွေ့ရှိရပါတယ်။
ထိပ်ပြောင်တဲ့အမျိုးသားတွေက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။
Barry University က ပါမောက္ခ Dr.Frank Muscarella ရဲ့လေ့လာချက်အရ ထိပ်ပြောင်တဲ့အမျိုးသားတွေက ပေါင်းသင်းဆက်ဆံရေးမှာ အခြားအမျိုးသားတွေထက် ပိုပြီးဆရာကျတာကို တွေ့ရပါတယ်။
ထိပ်ပြောင်တာကလည်း ဆွဲဆောင်မှုတစ်ရပ်ဖြစ်နေပါတယ်။ ဒါ့အပြင် မြင်လိုက်တာနဲ့ ခင်ချင်စိတ်ကို တစ်ခါတည်း ဖြစ်ပေါ်စေပါတယ်။
လေ့လာတဲ့အခါမှာ ထိပ်ပြောင်တဲ့အမျိုးသားတွေရဲ့ ဓာတ်ပုံတွေနဲ့ ဆံပင်ပါရှိတဲ့အမျိုးသားတွေရဲ့ ဓာတ်ပုံတွေကို ယှဉ်တွဲပြပြီး သုတေသနမှာ ပါဝင်သူတွေကို ရွေးချယ်စေပါတယ်။
ရလဒ်အရ ထိပ်ပြောင်တဲ့သူတွေဟာ ဆွဲဆောင်မှုရှိပြီး နှစ်လိုဖွယ်ကောင်းကြောင်း ပါဝင်သူတွေက ရွေးချယ်ခဲ့ကြပါတယ်။
နောက်ထပ်လေ့လာမှုတွေကိုလည်း ဆက်လုပ်ခဲ့ပါသေးတယ်။
Saarland တက္ကသိုလ်ကလည်း လူပေါင်း ၂ သောင်းကို စစ်တမ်းကောက်ခဲ့ပါသေးတယ်။ ရလဒ်အရ ထိပ်ပြောင်တဲ့သူတွေက ရင့်ကျက်တယ်လို့ ထင်ရကြောင်း၊ အခြားသူတွေထက် ပိုပြီးဉာဏ်ကောင်းကြောင်း ဖော်ပြထားပါတယ်။
ထိပ်ပြောင်နေပေမယ့် မှဲ့ရှိနေရင်တော့ အမြင်က တစ်မျိုးပြောင်းလဲသွားပါတယ်။
အချို့သောအမျိုးသားတွေက ထိပ်ပြောင်တာကို အားနည်းချက်တစ်ခုလို့ မယူဆကြပါဘူး။ ဆွဲဆောင်မှုရှိပြီး ယောက်ျားဆန်တယ်လို့ပဲ ယုံကြည်ကြပါတယ်။
ဒါပေမယ့် ထိပ်ပြောင်နေတဲ့အပေါ်မှာ မှဲ့ရှိနေရင်တော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက နည်းသွားပါတယ်။ ထိပ်ပြောင်တဲ့အမျိုးသားတွေကလည်း မှဲ့ထင်ရှားနေရင် သဘောမကျတော့ပါဘူး။
Zombie (lovemedia)
0 Comments