စကားတခွန်းနှင့် လူ့တန်ဖိုး

စကားဆိုတာ သာမန်ကြည့်ရင် လူတယောက်ရဲ့ တန်ဖိုးနဲ့ မသက်ဆိုင်ဘူးလို့ ထင်ရပေမယ့် လူတယောက်ရဲ့ အဆင့်အတန်းကိုတော့ စကားလုံးတွေကို ကြည့်ပြီး ပိုင်းဖြတ်လို့ ရတတ်တယ်။

စကားဆိုတာ "စကားစကား ပြောပါများ စကားထဲက ဇာတိပြ" ဆိုသလို စကားလုံးကြမ်းတွေက လူ့တန်ဖိုးကို နိမ့်ကျသွားစေတတ်ပါတယ်။ စိတ်ရင်း ဘယ်လောက်ကောင်းကောင်း အပြောမတတ်ရင် ဆဲသလို ဖြစ်တတ်တယ်။

စကားဆိုတာ ချစ်ခင်မှုကို ဖန်တီးပေးတတ်သလို နာကျည်း မုန်းတီးမှုကိုလည်း ပေးတတ် ပြန်ပါတယ်။ ပျော်ရွှင်မူတွေ သယ်ဆောင် လာတတ်သလို အထီးကျန်မူကိုလည်း တွဲခေါ်တတ် ပြန်တယ်။

စကားကြောင့် အားဖြစ်စေသလို စကားကြောင့်ပဲ စိတ်ဓာတ်ကျစေ တတ်တယ်။ အသွားမတော်တလှမ်း အစားမတော်ရင် တလုတ် ဆိုသလို အပြောမတတ်ရင် စကားတခွန်းတည်းနဲ့ပဲ အရမ်းချစ်ရသူတောင် ရန်သူ ဖြစ်သွားစေတတ်ပါတယ်။

စကားဆိုတာ အောင်မြင်မူတွေရဲ့ ပထမခြေလှမ်း ဖြစ်သလို ဆုံးရူံးမူတွေရဲ့ အဓိကရန်သူ ဖြစ်နေတတ် ပြန်တယ်။

စကားကြောင့် မိတ်ဆွေ ဖွဲ့ပြီး ရင်းနှီးခဲ့ကြရသလို စကားကြောင့်ပဲ မိတ်ဆွေကနေ သူစိမ်းတွေ ဖြစ်သွားတတ် ကြပါတယ်။

စကားဆိုတာ အပြောမတတ်ရင် နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာတွေတောင် စကားတခွန်းကြောင့် ရေစုန်မျောသွားရတတ်ပြန် ပါသေးတယ်။

မပြောမဖြစ်မို့ ပြောပြန်ရင်လည်း အမှားမပါစေဘဲ "ဓါး" တလက်ကို အကျိုးရှိစေတဲ့ နေရာမှာ အသုံးချတတ်နိုင်ဖို့ရာ ကိုယ်နှင့် အခြားသူတွေကို ထိခိုက်စေတဲ့ လူသတ် လက်နက် "ဓါး" တလက်တော့ မဖြစ်ကြပါစေနဲ့။

ဒါ့ကြောင့် နားထောင်ရမယ့် အချိန်မှာ စကားမပြောပါနဲ့။ မသေချာ မရေရာရင် မပြောပါနဲ့။ အချက်အလက် မပြည့်စုံရင် မပြောပါနဲ့။

မိတ်ပျက်စေမယ့် စကားမျိုးဆို မပြောပါနဲ့။ တဖက်လူကို ထိခိုက်စေမယ်ဆို မပြောပါနဲ့။ အရှက်ရစေမယ့် စကားဆို မပြောပါနဲ့။ အပြစ်ဖြစ်မယ့် စကားဆို မပြောပါနဲ့။ Crd

Post a Comment

0 Comments