ဆေးလိပ်သောက်တတ်တဲ့ လူကို ဆေးလိပ်ရဲ့ ဆိုးကျိုးတွေ သွားရှင်းပြလည်း ကိုယ့်ရှေ့ ခေါင်းလေးညိတ်လို့ နားလည်ပါတယ် ပြောရုံကလွဲ၊ ဆေးလိပ်ကြောင့် သူ့ကျန်းမာရေး ဆိုးရွားတဲ့ အချိန်ကျမှ ဖြတ်တယ်။
အရက်ကြိုက်တတ်တဲ့လူရှေ့ အရက်ရဲ့ ဆိုးကျိုးတွေ သွားရှင်းပြလည်း ဟုတ်တယ် အရက်သောက်တာ မကောင်းဘူး။ သူနားလည်ပါတယ် ပြောရုံကလွဲ၊ တကယ်တမ်း အရက်ကြောင့် သူ့အသည်းတွေ ခြောက်ပြီး ကိုယ်တိုင် ကျန်းမာရေး ဆိုးရွားတဲ့အခါကျမှ အရက်ဖြတ်တယ်။
ဒီလိုပါပဲ။ ဖောက်ပြန်ခြင်း အမှုကို အရသာ တွေ့နေတဲ့ လူရှေ့ကိုလည်း ဖောက်ပြန်ခြင်းဟာ စာရိတ္တ ညံ့ဖျင်းတဲ့ လူတွေလုပ်တာ ဖောက်ပြန်ခြင်းကြောင့် တန်ပြန် ခံစားရမယ့် ဆိုးကျိုးတွေ၊ ဝဋ် ငရဲတွေကို သွားရှင်းပြလည်း သူကိုယ်တိုင် ဖောက်ပြန်ခြင်းကြောင့် ဝဋ်ပြန်လည်တဲ့ အချိန်ကျမှ နောင်တတွေ တပွေ့တပိုက်နဲ့ သေချင်လောက်အောင် ခံစားရမယ်။
တချို့ အရာတွေက သူတို့ကိုယ်တိုင် ခံစားရမှ သဘောပေါက် နားလည်သလို သူတို့ကိုယ်တိုင် ဝဋ်လည်တော့မှ ကိုယ်ချင်းစာတတ်တယ်။ ကိုယ့်အရှေ့မှာ အကြိမ်ကြိမ် ဖောက်ပြန်တတ်တဲ့ လူကို စိတ်အပင်ပန်းခံပြီး ဆွဲမထားပါနဲ့ လွှတ်ပေးလိုက်ပါ။
တခါတလေ "လွတ်သွားရင်" နာကျင်မှာပဲလို့ တွေးထားပေးမယ့် တကယ်တမ်း "လွှတ်" လိုက်တဲ့ အခါမှ စိတ်ချမ်းသာတာမျိုးပါ။
တချို့ လူတွေက တိမ်မဲတွေလိုပဲ သူတို့ မရှိတော့မှ နေရောင်ကို ကောင်းကောင်းမြင်ရသလို ကြည်လင်တဲ့ ကောင်းကင်ကြီးကိုလည်း မြင်တွေ့ခွင့် ရတယ်။
ကိုယ်နဲ့ ဆန့်ကျင်ဘက်လူကို ဥပေက္ခာ မထားတတ်ရင် ကိုယ့်နှလုံးသား အကြိမ်ကြိမ် သေဖို့ ဖြစ်နိုင်ချေ များတယ်။
ကိုယ့်နှလုံးသား အနာကို ကိုယ်တိုင် မကုစားတတ်ရင် ရှင်လျက် သေနေသလို လူဖြစ် ရှုံးပါတယ်။ အကြိမ်ကြိမ် အလှည့်စား ခံနေမယ့်အစား ရုန်းထွက်လိုက်စမ်းပါ။ စိတ်ချမ်းသာပါလိမ့်တယ်။ crd
Zawgyi
ဥေပကၡာနဲ႔ ထိုက္တန္ေသာသူ
ေဆးလိပ္ေသာက္တတ္တဲ့ လူကို ေဆးလိပ္ရဲ႕ ဆိုးက်ိဳးေတြ သြားရွင္းျပလည္း ကိုယ့္ေရွ႕ ေခါင္းေလးညိတ္လို႔ နားလည္ပါတယ္ ေျပာ႐ုံကလြဲ၊ ေဆးလိပ္ေၾကာင့္ သူ႔က်န္းမာေရး ဆိုး႐ြားတဲ့ အခ်ိန္က်မွ ျဖတ္တယ္။
အရက္ႀကိဳက္တတ္တဲ့လူေရွ႕ အရက္ရဲ႕ ဆိုးက်ိဳးေတြ သြားရွင္းျပလည္း ဟုတ္တယ္ အရက္ေသာက္တာ မေကာင္းဘူး။ သူနားလည္ပါတယ္ ေျပာ႐ုံကလြဲ၊ တကယ္တမ္း အရက္ေၾကာင့္ သူ႔အသည္းေတြ ေျခာက္ၿပီး ကိုယ္တိုင္ က်န္းမာေရး ဆိုး႐ြားတဲ့အခါက်မွ အရက္ျဖတ္တယ္။
ဒီလိုပါပဲ။ ေဖာက္ျပန္ျခင္း အမႈကို အရသာ ေတြ႕ေနတဲ့ လူေရွ႕ကိုလည္း ေဖာက္ျပန္ျခင္းဟာ စာရိတၱ ညံ့ဖ်င္းတဲ့ လူေတြလုပ္တာ ေဖာက္ျပန္ျခင္းေၾကာင့္ တန္ျပန္ ခံစားရမယ့္ ဆိုးက်ိဳးေတြ၊ ဝဋ္ ငရဲေတြကို သြားရွင္းျပလည္း သူကိုယ္တိုင္ ေဖာက္ျပန္ျခင္းေၾကာင့္ ဝဋ္ျပန္လည္တဲ့ အခ်ိန္က်မွ ေနာင္တေတြ တေပြ႕တပိုက္နဲ႔ ေသခ်င္ေလာက္ေအာင္ ခံစားရမယ္။
တခ်ိဳ႕ အရာေတြက သူတို႔ကိုယ္တိုင္ ခံစားရမွ သေဘာေပါက္ နားလည္သလို သူတို႔ကိုယ္တိုင္ ဝဋ္လည္ေတာ့မွ ကိုယ္ခ်င္းစာတတ္တယ္။ ကိုယ့္အေရွ႕မွာ အႀကိမ္ႀကိမ္ ေဖာက္ျပန္တတ္တဲ့ လူကို စိတ္အပင္ပန္းခံၿပီး ဆြဲမထားပါနဲ႔ လႊတ္ေပးလိုက္ပါ။
တခါတေလ "လြတ္သြားရင္" နာက်င္မွာပဲလို႔ ေတြးထားေပးမယ့္ တကယ္တမ္း "လႊတ္" လိုက္တဲ့ အခါမွ စိတ္ခ်မ္းသာတာမ်ိဳးပါ။ တခ်ိဳ႕ လူေတြက တိမ္မဲေတြလိုပဲ သူတို႔ မရွိေတာ့မွ ေနေရာင္ကို ေကာင္းေကာင္းျမင္ရသလို ၾကည္လင္တဲ့ ေကာင္းကင္ႀကီးကိုလည္း ျမင္ေတြ႕ခြင့္ ရတယ္။
ကိုယ္နဲ႔ ဆန႔္က်င္ဘက္လူကို ဥေပကၡာ မထားတတ္ရင္ ကိုယ့္ႏွလုံးသား အႀကိမ္ႀကိမ္ ေသဖို႔ ျဖစ္ႏိုင္ေခ် မ်ားတယ္။ ကိုယ့္ႏွလုံးသား အနာကို ကိုယ္တိုင္ မကုစားတတ္ရင္ ရွင္လ်က္ ေသေနသလို လူျဖစ္ ရႈံးပါတယ္။ အႀကိမ္ႀကိမ္ အလွည့္စား ခံေနမယ့္အစား ႐ုန္းထြက္လိုက္စမ္းပါ။ စိတ္ခ်မ္းသာပါလိမ့္တယ္။ crd
0 Comments