မလိုအပ်သော အရာတွေကို ဖယ်ထုတ်ပစ်ပါ

တခါတုန်းက ရွာတရွာမှာ ပန်းပုဆရာတယောက် ရှိတယ်။ သူဟာ ဘယ်လို သစ်သားမျိုးနဲ့မဆို ပန်းပုရုပ်ကို ပီပြင်အောင် ထုပေးနိုင်တယ်။

သူထွင်းလိုက်တဲ့ လက်ရာတွေက အသက်ဝင်လွန်းတော့ အနီးနားက ရွာတွေအထိပါ သူ့သတင်းက ကျော်ကြားတယ်။

ဒီတော့ သူ့ဆီမှာ တပည့်လက်သားအဖြစ်နဲ့ ပညာသင်ချင်တဲ့ သူတွေကလည်း များတယ်။ ဒါပေမယ့် လာသမျှ တပည့်တွေကလည်း ဆရာ့လက်ရာကို မမီနိုင်ဘူး။

အဲဒီလိုနဲ့ တနေ့ကျတော့ ဆရာ့ကို လူတယောက်က မေးတယ်။ "ဆရာထုတဲ့ အရုပ်နဲ့ တခြားလူတွေရဲ့ အရုပ်က ဘာကြောင့် ကွာခြားရတာလဲ။ ဆရာ့လက်ရာတွေက ဘာကြောင့် ပိုပြီးတော့ ပီပြင်ရတာလဲ" လို့ မေးတယ်။

ဒီတော့ ပန်းပုဆရာက "ကျုပ်တို့မှာ အခြေခံအနေနဲ့ ကတော့ သုံးရတာချင်း အတူတူပဲ။ ဒါပေမယ့် မြင်အောင် ကြည့်တတ်တဲ့ အမြင် နေရာမှတော့ ကွာသွားပြီ။ ဥပမာ ဆင်ရုပ်ထွင်းမယ် ဆိုပါတော့။

ဒီသစ်ပိုင်းထဲကနေ ဘယ်နေရာက ဆင်ရဲ့ အစိတ်အပိုင်း ဖြစ်သင့်တယ်၊ ဘယ်နေရာကိုတော့ မဖြစ်ထိုက်လို့ ဖယ်ထုတ်သင့်တယ် ဆိုတာကို သေသေချာချာ သိနေဖို့ပဲ။

မလိုတဲ့ အပိုင်းကို ဖယ်ထုတ်လိုက်နိုင်တော့ ထွင်းတဲ့ လက်ရာ ပီပြင်တာပေါ့ဗျာ။ ဆင်ဆိုရင်လည်း ဆင်ရုပ်၊ မြင်းဆိုလည်း မြင်းရုပ်၊ အကုန် ပီပြင်တယ်ဗျာ။ အရေးကြီးတာက ဘယ်အပိုင်းကို ဖယ်ထုတ်ရမလဲ ဆိုတာပဲ" တဲ့။

ကျနော်တို့တွေလည်း ပထမဆုံး ကိုယ်ဖြစ်ချင်တာကို သိအောင် လုပ်ရပါမယ်။ ဖြစ်ချင်တာတွေ ပီပြင်ဖို့အတွက် မလိုအပ်တဲ့အရာတွေကို ပြတ်ပြတ်သားသား ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။

အဲဒီအထဲမှာ အားနာစိတ်တွေ၊ ပျင်းရိခြင်းတွေ၊ တွေဝေခြင်းတွေနဲ့ သံယောဇဉ်တွေ ပါကောင်း ပါနေပါလိမ့်မယ်။ crd

Zawgyi

မလိုအပ္ေသာ အရာေတြကို ဖယ္ထုတ္ပစ္ပါ

တခါတုန္းက ႐ြာတ႐ြာမွာ ပန္းပုဆရာတေယာက္ ရွိတယ္။ သူဟာ ဘယ္လို သစ္သားမ်ိဳးနဲ႔မဆို ပန္းပု႐ုပ္ကို ပီျပင္ေအာင္ ထုေပးႏိုင္တယ္။ သူထြင္းလိုက္တဲ့ လက္ရာေတြက အသက္ဝင္လြန္းေတာ့ အနီးနားက ႐ြာေတြအထိပါ သူ႔သတင္းက ေက်ာ္ၾကားတယ္။

ဒီေတာ့ သူ႔ဆီမွာ တပည့္လက္သားအျဖစ္နဲ႔ ပညာသင္ခ်င္တဲ့ သူေတြကလည္း မ်ားတယ္။ ဒါေပမယ့္ လာသမွ် တပည့္ေတြကလည္း ဆရာ့လက္ရာကို မမီႏိုင္ဘူး။

အဲဒီလိုနဲ႔ တေန႔က်ေတာ့ ဆရာ့ကို လူတေယာက္က ေမးတယ္။ "ဆရာထုတဲ့ အ႐ုပ္နဲ႔ တျခားလူေတြရဲ႕ အ႐ုပ္က ဘာေၾကာင့္ ကြာျခားရတာလဲ။ ဆရာ့လက္ရာေတြက ဘာေၾကာင့္ ပိုၿပီးေတာ့ ပီျပင္ရတာလဲ" လို႔ ေမးတယ္။

ဒီေတာ့ ပန္းပုဆရာက "က်ဳပ္တို႔မွာ အေျခခံအေနနဲ႔ ကေတာ့ သုံးရတာခ်င္း အတူတူပဲ။ ဒါေပမယ့္ ျမင္ေအာင္ ၾကည့္တတ္တဲ့ အျမင္ ေနရာမွေတာ့ ကြာသြားၿပီ။ ဥပမာ ဆင္႐ုပ္ထြင္းမယ္ ဆိုပါေတာ့။

ဒီသစ္ပိုင္းထဲကေန ဘယ္ေနရာက ဆင္ရဲ႕ အစိတ္အပိုင္း ျဖစ္သင့္တယ္၊ ဘယ္ေနရာကိုေတာ့ မျဖစ္ထိုက္လို႔ ဖယ္ထုတ္သင့္တယ္ ဆိုတာကို ေသေသခ်ာခ်ာ သိေနဖို႔ပဲ။ မလိုတဲ့ အပိုင္းကို ဖယ္ထုတ္လိုက္ႏိုင္ေတာ့ ထြင္းတဲ့ လက္ရာ ပီျပင္တာေပါ့ဗ်ာ။ ဆင္ဆိုရင္လည္း ဆင္႐ုပ္၊ ျမင္းဆိုလည္း ျမင္း႐ုပ္၊ အကုန္ ပီျပင္တယ္ဗ်ာ။ အေရးႀကီးတာက ဘယ္အပိုင္းကို ဖယ္ထုတ္ရမလဲ ဆိုတာပဲ" တဲ့။

က်ေနာ္တို႔ေတြလည္း ပထမဆုံး ကိုယ္ျဖစ္ခ်င္တာကို သိေအာင္ လုပ္ရပါမယ္။ ျဖစ္ခ်င္တာေတြ ပီျပင္ဖို႔အတြက္ မလိုအပ္တဲ့အရာေတြကို ျပတ္ျပတ္သားသား ဖယ္ထုတ္ပစ္ဖို႔ လိုပါတယ္။ အဲဒီအထဲမွာ အားနာစိတ္ေတြ၊ ပ်င္းရိျခင္းေတြ၊ ေတြေဝျခင္းေတြနဲ႔ သံေယာဇဥ္ေတြ ပါေကာင္း ပါေနပါလိမ့္မယ္။ crd

Post a Comment

0 Comments