ကျေးဇူးသိတတ်သော ကြွက်ကလေး

ခြင်္သေ့ကြီးဟာ ဂူထဲမှာ နှစ်ချိုက်စွာ အိပ်ပျော်နေစဉ် မျက်နှာပေါ် ကို ဂူနံရံပေါ်က ကြွက်တကောင် ပြုတ်ကျလာလို့ အိပ်ရာက လန့်နိုးသွားတယ်။

ခြင်္သေ့ကြီးဟာ ဒေါသတကြီး ထလာပြီး ကြွက်ကိုဖမ်း သတ်ပစ်ဖို့ လုပ်တယ်။ ကြွက်က ခြင်္သေ့ကြီးကို သနားကြင်နာစွာနဲ့ ခွင့်လွှတ်‌ပေးဖို့ တောင်းပန်တယ်။

"အရှင်မင်းကြီးဟာ ကျနော့်အသက်ကို လွှတ်ပေးမယ်ဆိုရင် ကျနော်ဟာ ဒီကျေးဇူးကို နောင်တချိန်မှာ မဖြစ်မနေ ပြန်ဆပ်ပါ့မယ်" လို့လည်း ကတိပေးခဲ့တယ်။

ခြင်္သေ့ကြီးက ကြွက်ကလေးလို အကောင်ပေါက်စကလေးရဲ့ ကတိကို အတည်မယူပေမယ့် ဂရုမစိုက်ပေမယ့် ကြွက်ကလေးရဲ့ ပြောပုံဆိုပုံကို သဘောကျ သနားသွားတာနဲ့ ရယ်‌မောပြီး ကြွက်ကလေးကို လွှတ်ပေးလိုက်တယ်။

အဲဒီနောက် မကြာခင်မှာပဲ ခြင်္သေ့ကြီးဟာ မုဆိုးတွေ ထောင်ထားတဲ့ ကျော့ကွင်းမှာမိပြီး မြေကြီးပေါ် လဲကျသွားလို့ အသံနက်ကြီးနဲ့ ဟိန်းဟောက် နေခဲ့တယ်။

ကြွက်က‌လေးဟာ ခြင်္သေ့ကြီးရဲ့ ဟိန်းသံကို ကြားတာနဲ့ အသံကြားရတဲ့နေရာကို ပြေးသွားကြည့်‌တော့ ကျော့ကွင်းမှာ မိနေတာတွေ့တာနဲ့ ကြိုးတွေကို သွားနဲ့ ကိုက်ဖြတ်ပြီး ခြင်္သေ့ကြီးလွတ်အောင် လုပ်ပေးလိုက်တယ်။

"မင်းငါ့ကို ကျေးဇူးဆပ်မယ်၊ ကူညီမယ် ဆိုတာကို မဖြစ်နိုင်ဘူး ထင်လို့ ဘာကျေးဇူးဆပ်မှုကိုမှ မမျှော်လင့်ခဲ့ဘူး။

အခုတော့ မင်းရဲ့ ကျေးဇူးသိတတ်မှုနဲ့ ကူညီနိုင်စွမ်းကို သိလိုက်ရပြီ နောင်ကို ငါတို့တွေ မိတ်ဆွေတွေအဖြစ် အတူရင်းရင်းနှီးနှီး နေကြမယ်" လို့ ခြင်္သေ့ကြီးက ရယ်ရယ်မောမောနဲ့ ကြွက်ကလေးကို ပြောလိုက်တယ်။

ကြွက်တကောင်သည်လည်း ကြွက်တကောင် အလျောက် ခြင်္သေ့တကောင်အား အကျိုးကျေးဇူး များပေးနိုင်သည်။

အကောင်ကြီးသည် ငယ်သည်မှာ အဓိကမကျပဲ ကျေးဇူးသိတတ်ဖို့သာ အရေးကြီးသည်။ စကားကို ချစ်စဖွယ် ပြောတတ်လျှင်ပင် မိမိအတွက် အထောက်အကူ ရနိုင်ပေသည်။ Crd

Post a Comment

0 Comments