Valentine's Day မှာ ကမ္ဘာတဝှမ်းက လူတွေဟာ ချစ်ခြင်းမေတ္တာတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြသကြပါတယ်။ အဲဒီထဲမှာ ထိုင်းနိုင်ငံက အရမ်းချစ်တတ်တဲ့သူတစ်ယောက်လည်း အပါအဝင်ပါပဲ။
ဒီအကြောင်းကိုတော့ ထိုင်းနိုင်ငံ Saraburi ခရိုင်၊ Kaeng Khoi မြို့က တက်တူးဆရာတစ်ယောက်က မျှဝေပေးထားတာပါ။
မကြာသေးခင်က လူတစ်ယောက် ရောက်လာပြီး လက်ထပ်စာချုပ်ကို သူ့ရဲ့လက်မှာ တက်တူးထိုးပေးဖို့ တက်တူးဆရာကို ပြောပါတယ်။
Valentine's Day နေ့မှာ သူ့ရဲ့အမျိုးသမီးဖြစ်သူကို သူမတူတဲ့အချစ်နဲ့ချစ်ကြောင်း သက်သေပြဖို့အတွက် လက်ထပ်စာချုပ်ကို လက်မှာ တက်တူးထိုးချင်ခဲ့တာပါ။
အသက် ၃၄ နှစ်အရွယ် Mr.Vall ဟာ အမျိုးသမီးဖြစ်သူကို ပန်းစည်းတွေ၊ ချောကလက်ဘူးတွေ မပေးဘဲ အသားအနာခံပြီးတော့ အချစ်ကို သက်သေပြခဲ့ပါတယ်။
သူ့ရဲ့အမျိုးသမီးနဲ့ လက်ထပ်ခဲ့တာ ၈ နှစ်ကျော်ခဲ့ပါပြီ။ ဒီနှစ်မှာတော့ ဇနီးဖြစ်သူပျော်သွားအောင်လို့ လက်ထပ်စာချုပ်ကို တက်တူးထိုးပြီး အံ့ဩသွားအောင် ပြုလုပ်ခဲ့ပါတယ်။
လက်မှာ လက်ထပ်စာချုပ်တက်တူးထိုးဖို့အတွက် အချိန် ၈ နာရီကြာမြင့်ခဲ့ပါတယ်။ ဒါပေမယ့် အမျိုးသမီးဖြစ်သူကို ပျော်ရွှင်သွားအောင် ပြုလုပ်နိုင်တော့မှာဖြစ်လို့ Mr.Vall တစ်ယောက် အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။ Mr.Vallရဲ့ ဇနီးကတော့ လက်က တက်တူးကို မြင်တဲ့အခါ အရမ်းကို အံ့ဩသွားခဲ့ပါတယ်။
"ဒီတက်တူးက ကျွန်တော့်အတွက်တော့ သတိပေးတဲ့အရာတစ်ခုလိုပဲ။ ကျွန်တော်တို့ စကားများရန်ဖြစ်တဲ့အခါ ဒီတက်တူးလေးကို ကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် ရူးရူးမူးမူးချစ်ခဲ့တာတွေ၊ အတူဖြတ်သန်းခဲ့တဲ့နေ့ရက်တွေကို ပြန်ပြီး သတိရလာနိုင်တော့မယ်။
အတ္တတွေကိုလည်း လျှော့ချနိုင်တော့မယ်။ မိသားစုအတွက် ပိုကောင်းတဲ့အရာတွေ ပြုလုပ်ပေးဖို့ အားအင်တွေ ရလာတော့မယ်" လို့ Mr.Vall က ဆိုပါတယ်။
ဆိုရှယ်မီဒီယာတော့ ဒီသတင်းက လူအများရဲ့စိတ်ဝင်စားမှုကို အများဆုံးရရှိနေပြီး ချီးကျူးစကားတွေ၊ အားကျတဲ့မှတ်ချက်တွေနဲ့ ပြည့်နေပါတော့တယ်။
Zombie (lovemedia)
0 Comments