စေတနာကောင်းသော သူခိုး

ရှေးရှေးတုန်းက ရွာတရွာ၌ ချမ်းသာကြွယ်ဝသော သူဌေးတဦး ရှိ၏။ ထိုသူဌေးကြီးမှာ သူပိုင်သော ဆန်စပါးများကို အိမ်ဘေး၌ ကျီများဖြင့် သိုလှောင်ထား၏။

တညတွင် သူခိုးများသည် အဆိုပါ သူဌေးကြီး၏ ကျီတိုက်ကို ဖောက်ထွင်းကာ ပါလာသော လုံချည်နှင့် ဆန်စပါးများကို သိမ်း ကျုံးထည့်ယူပြီး ပြန်သွားကြ၏။

တယောက်သော သူခိုးမှာ လက်၌ အနာရှိ၍ လုံချည်ထဲသို့ ဆန်စပါး ကျုံးထည့်စဉ် လက်မှ လက်သည်းခွံ ကျွတ်ကျလေ၏။

ထိုအခါ သူခိုးသည် လက်မှ လက်သည်းခွံ ကျွတ်ကျသောကြောင့် သူဌေးကြီး ချမ်းသာရာက မွဲတော့မည်ဟူ၍ စိတ်မကောင်း ဖြစ်ကာ သူ့ကို မိလိုက မိစေတော့ လက်သည်းခွံကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်လိုက်၏။

သူခိုးသည် စပါးပုံထဲတွင် တညလုံး လက်သည်းခွံ ရှာဖွေသော်လည်း အရုဏ်တက်ခါနီးအထိ မတွေ့သေးချေ။ နေဝန်းကြီး ထွက်စအချိန်တွင် လက်သည်းခွံကို တွေ့ရှိ၍ စပါးကျီက အထွက်၌ သူခိုးအား သူဌေးကြီး၏ တပည့်များက ဖမ်းဆီးပြီး သူဌေးကြီးလက်သို့ အပ်နှံလိုက်၏။

သူဌေးကြီးသည် သူခိုးအား "အဘယ်ကြောင့် မိုးလင်းသည် အထိ ခိုးယူရသနည်း" ဟူ၍ မေးမြန်း၏။

သူခိုးက ညဉ့်ဦးပိုင်းကပင် ဆန်စပါးများကို သိမ်းကျုံးယူငယ်ရာ၌ လက်သည်းခွံ ကျွတ်ကျရာသဖြင့် သူဌေးကြီးကို မမွဲစေလိုသော စေတနာကြောင့် တညလုံး လက်သည်းခွံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြန်ကြားပြောဆိုလေ၏။

သူဌေးကြီးသည် သူခိုးပြောသော စကားကိုကြားလျှင် ဝမ်းမြောက် ဝမ်းသာဖြစ်၍ "ဤ သူခိုးကား သစ္စာရှိ သူခိုးဖြစ်သည်၊ အချည်းနှီး မဖြစ်စေသင့်" ဟူ၍ ဆိုကာ ခြံစောင့်အလုပ် ပေးလေ၏။ ဆောင်ပုဒ် - သစ္စာတန်ခိုး မေတ္တာကျိုး တန်ဖိုးမဆုံးရာ။ Crd

Zawgyi

ေစတနာေကာင္းေသာ သူခိုး

ေရွးေရွးတုန္းက ႐ြာတ႐ြာ၌ ခ်မ္းသာႂကြယ္ဝေသာ သူေဌးတဦး ရွိ၏။ ထိုသူေဌးႀကီးမွာ သူပိုင္ေသာ ဆန္စပါးမ်ားကို အိမ္ေဘး၌ က်ီမ်ားျဖင့္ သိုေလွာင္ထား၏။

တညတြင္ သူခိုးမ်ားသည္ အဆိုပါ သူေဌးႀကီး၏ က်ီတိုက္ကို ေဖာက္ထြင္းကာ ပါလာေသာ လုံခ်ည္ႏွင့္ ဆန္စပါးမ်ားကို သိမ္း က်ဳံးထည့္ယူၿပီး ျပန္သြားၾက၏။ တေယာက္ေသာ သူခိုးမွာ လက္၌ အနာရွိ၍ လုံခ်ည္ထဲသို႔ ဆန္စပါး က်ဳံးထည့္စဥ္ လက္မွ လက္သည္းခြံ ကြၽတ္က်ေလ၏။

ထိုအခါ သူခိုးသည္ လက္မွ လက္သည္းခြံ ကြၽတ္က်ေသာေၾကာင့္ သူေဌးႀကီး ခ်မ္းသာရာက မြဲေတာ့မည္ဟူ၍ စိတ္မေကာင္း ျဖစ္ကာ သူ႔ကို မိလိုက မိေစေတာ့ လက္သည္းခြံကို ေတြ႕ေအာင္ ရွာမည္ဟု ဆုံးျဖတ္လိုက္၏။

သူခိုးသည္ စပါးပုံထဲတြင္ တညလုံး လက္သည္းခြံ ရွာေဖြေသာ္လည္း အ႐ုဏ္တက္ခါနီးအထိ မေတြ႕ေသးေခ်။ ေနဝန္းႀကီး ထြက္စအခ်ိန္တြင္ လက္သည္းခြံကို ေတြ႕ရွိ၍ စပါးက်ီက အထြက္၌ သူခိုးအား သူေဌးႀကီး၏ တပည့္မ်ားက ဖမ္းဆီးၿပီး သူေဌးႀကီးလက္သို႔ အပ္ႏွံလိုက္၏။

သူေဌးႀကီးသည္ သူခိုးအား "အဘယ္ေၾကာင့္ မိုးလင္းသည္ အထိ ခိုးယူရသနည္း" ဟူ၍ ေမးျမန္း၏။ သူခိုးက ညဥ့္ဦးပိုင္းကပင္ ဆန္စပါးမ်ားကို သိမ္းက်ဳံးယူငယ္ရာ၌ လက္သည္းခြံ ကြၽတ္က်ရာသျဖင့္ သူေဌးႀကီးကို မမြဲေစလိုေသာ ေစတနာေၾကာင့္ တညလုံး လက္သည္းခြံ ရွာေဖြေနျခင္း ျဖစ္ေၾကာင္း ျပန္ၾကားေျပာဆိုေလ၏။

သူေဌးႀကီးသည္ သူခိုးေျပာေသာ စကားကိုၾကားလွ်င္ ဝမ္းေျမာက္ ဝမ္းသာျဖစ္၍ "ဤ သူခိုးကား သစၥာရွိ သူခိုးျဖစ္သည္၊ အခ်ည္းႏွီး မျဖစ္ေစသင့္" ဟူ၍ ဆိုကာ ၿခံေစာင့္အလုပ္ ေပးေလ၏။ ေဆာင္ပုဒ္ - သစၥာတန္ခိုး ေမတၱာက်ိဳး တန္ဖိုးမဆုံးရာ။ Crd

Post a Comment

0 Comments