အိပ်နေရင်းနဲ့ သွားရည်မကျအောင် ကာကွယ်နိုင်မယ့်နည်းလမ်း (၅) ခု

အိပ်နေရင်းနဲ့ သွားရည်ကျတာကို လူတော်တော်များများ ကြုံဖူးကြပါတယ်။ ခံတွင်းထဲမှာ တံတွေးတွေ စုလာတဲ့အခါ အိပ်ရင်းနဲ့ သွားရည်ကျလာပါတယ်။ အဲဒါကြောင့် အိပ်ရင်းနဲ့ သွားရည်မကျအောင် ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေနွေးနဲ့ ရေချိုးပါ။

နှာ‌ခေါင်းပိတ်တဲ့အခါ ပါးစပ်နဲ့ အသက်ရှူရတာကြောင့် သွားရည်တွေ ကျလာပါတယ်။ နှာခေါင်းပိတ်တာ သက်သာအောင် ရေနွေးနဲ့ ရေချိုးနိုင်ပါတယ်။

ရေနွေးငွေ့က နှာခေါင်းမှာ ပိတ်နေတဲ့ အချွဲတွေကို ဖယ်ရှားပေးပါတယ်။ နှာခေါင်းပိတ်တဲ့အခါ ယူကလစ်ဆီနဲ့ ပက်ပါမင့်ဆီကိုလည်း ရှူပေးနိုင်ပါတယ်။

၂။ အိပ်တဲ့ပုံစံကို ပြောင်းလဲလိုက်ပါ။

မှောက်ပြီး အိပ်တဲ့အခါ သို့မဟုတ် ဘေးစောင်းအိပ်တဲ့အခါ သွားရည်တွေက ပိုကျလာပါတယ်။ အိပ်နေရင်းနဲ့ သွားရည်မကျအောင်လို့ ပက်လက်အိပ်တာက အကောင်းဆုံးပါ။

၃။ ခေါင်းအုံး

ခပ်ပြားပြားခေါင်းအုံးနဲ့အိပ်ရင် ပါးစပ်က ဟနေတာကြောင့် သွားရည်တွေ ပိုကျလာပါတယ်။ အဲဒါကြောင့် ဦးခေါင်းကို အနည်းငယ် မြင့်သွားစေမယ့် ခေါင်းအုံးကို ရွေးချယ်ပါ။ ခေါင်းအုံးကို နှစ်လုံးထပ်အိပ်တာကလည်း သွားရည်ကျတာကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ခံတွင်းကျန်းမာရေး

တစ်ခါတရံမှာ ခံတွင်းကျန်းမာရေးမကောင်းတာကြောင့် အိပ်နေရင်းနဲ့ သွားရည်ကျလာတတ်ပါတယ်။ အိပ်ခါနီးမှာ ပါးပါးလေးလှီးထားတဲ့ သံပုရာကွင်းလေးကို စုပ်လိုက်ပါ။

သံပုရာသီးရဲ့ဆစ်ထရစ်အက်စစ်က ခံတွင်းကို ကျန်းမာစေပြီး သွားရည်ကျတာကို တားဆီး‌ပေးပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်တဲ့အခါမှာ တံတွေးတွေ ပိုထွက်လာပါတယ်။ အဲဒါကြောင့် ရေများများသောက်တာကလည်း သွားရည်မကျအောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၅။ သွားကျန်းမာရေး

သွားမှာ အခေါင်းပေါက်တွေ ဖြစ်နေတာ သို့မဟုတ် သွားဖုံးတွေ ရောင်ရမ်းနေတာဆိုရင် သွားရည်တွေ ကျလာတတ်ပါတယ်။

သွားကို ပုံမှန်တိုက်ပေးပြီး ခံတွင်းသန့်စင်ဆေးရည် အသုံးပြုပေးတာက သွားကျန်းမာရေးကို ဂရုစိုက်ရာကျတဲ့အပြင် သွားရည်လည်း မကျတော့ပါဘူး။

Zombie (lovemedia)

Post a Comment

0 Comments