သက်သက်လွတ်စားသူတွေအတွက် အဆင်ပြေစေမယ့် အပင်ကနေ ထုတ်လုပ်ထားတဲ့ ဆော်လမွန်ငါး

နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ အပင်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ဆော်လမွန်ငါးကို ကနေဒါနိုင်ငံသားတစ်ယောက်က တီထွင်ခဲ့ပါတယ်။

အပင်ကို အခြေခံပြီးထုတ်လုပ်ထားတဲ့ ဆော်လမွန်ငါးဟာ တကယ့်ဆော်လမွန်ငါးအစစ်လို အနံ့၊ အရသာ၊ အထိအတွေ့ကအစ တူညီပါတယ်။


အပင်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အသားတွေက ကမ္ဘာပေါ်မှာ ပေါ်ထွက်လာတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အပင်ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ ပင်လယ်စာတွေကတော့ မရှိသေးပါဘူး။

အဲဒါကြောင့် ကနေဒါနိုင်ငံသားတယောက်က အပင်ကနေ ဆော်လမွန်ငါးပုံစံတူ ထုတ်လုပ်ဖို့ စိတ်ကူးရသွားခဲ့ပါတယ်။

ကနေဒါနိုင်ငံ Toronto အခြေစိုက် New School Foods ကုမ္မဏီက အပင်ကို အခြေခံထားတဲ့ ဆော်လမွန်ငါးကို ထုတ်လုပ်ဖို့အတွက် ၃ နှစ်ကြာကြိုးစားခဲ့ပါတယ်။

အဲဒီလုပ်ငန်းအတွက် ဒေါ်လာ ၁၂ မီလီယံကို ရင်းနှီးမြှုပ်နှံထားခဲ့ပါတယ်။ တကယ့်ဆော်လမွန်ငါးအစစ်ကို စားလိုက်ရသလို အရသာ၊ ခံစားမှု၊ အထိအတွေ့၊ အနံ့တို့ ရရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီဆော်လမွန်ငါးကိုတော့ ဈေးကွက်မှာ မိတ်မဆက်ရသေးပါဘူး။ အပင်ကနေ ထုတ်လုပ်ထားတဲ့ ဆော်လမွန်ငါးဟာ တကယ့်ဆော်လမွန်ငါးအစစ်လိုပဲ ပရိုတိန်းဓာတ်တွေနဲ့ အိုမီဂါ ၃ တွေလည်း ပါဝင်ပါတယ်။


ဆော်လမွန်ငါးကို နည်းလမ်းအမျိုးမျိုးနဲ့ ချက်ပြုတ်လို့ရအောင်၊ ရေခဲရိုက်လို့ရအောင် ဆက်လက်ဖန်တီးသွားမယ်လို့ New School Foods ကုမ္မဏီက ဆိုပါတယ်။

ဆော်လမွန်အစားထိုးငါးကို ဈေးကွက်ထဲမှာ ရရှိအောင်၊ လူအများကြိုက်နှစ်သက်လာအောင်လို့ New School Foods က ဆက်လက်ကြိုးစားနေကြပါတယ်။

ဈေးကွက်ထဲရောက်ရှိတဲ့အခါ ဆော်လမွန်ငါးကို ဈေးသက်သက်သာနဲ့ စားနိုင်မှာဖြစ်သလို သက်သက်လွတ်စားသူတွေအတွက်လည်း အများကြီး အဆင်ပြေသွားစေမှာပါ။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments