ချမ်းသာလို့လည်း မာန်မတက်နဲ့

တခါတုန်းက မြို့တမြို့မှာ အရမ်းချမ်းသာတဲ့ သူဋ္ဌေးသား တယောက် ရှိခဲ့ဖူးတယ်။ သူဋ္ဌေးသားက အသက်ကလည်းငယ် ဘွဲ့ရ ပညာတတ် ဆိုတော့ မာန်မာနလေးတွေ ရှိနေတာပေါ့။

သူဋ္ဌေးသား ဆိုတဲ့အတိုင်း အလုပ်ကလည်း မလုပ်၊ တနေ့တနေ့ အပေါင်းအသင်းတွေနဲ့ ပျော်ပါးနေတာ အချိန်တွေ ကုန်လာလိုက်တာ မိဘတွေတောင် နောက်ဆုံးအချိန်ကို ရောက်လာ ပါလေရော။

အဲဒါနဲ့ အိပ်ယာထဲ လဲနေတဲ့ မိဘတွေက သူတို့သားကို အလုပ်လုပ်ဖို့ ပြောပေမဲ့ သားက မလုပ်ဘူး။ နောက်တော့ မိဘတွေ သေတယ် ဆိုပါတော့။

မိဘတွေကလည်း သေ၊ သားကလည်း အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား လုပ်နေတာ မိဘတွေ ရှာထားတဲ့ စည်းစိမ်တွေ ပြုတ်တဲ့အထိ ဆိုပါတော့။

နောက်တော့ ပိုက်ဆံမရှိတော့ အိမ်ပေါင် အိမ်ရောင်း လုပ်ပြီး နေလာလိုက်တာ နောက်ဆုံး နေစရာမရှိ ဖြစ်သွားတော့တယ်။

နောက်တော့ ကိုယ်ပိုင်အရည်အချင်းနဲ့ အလုပ်လုပ်မယ် ဆိုတော့လည်း သူဋ္ဌေးသားဘဝနဲ့ မောက်မောက်မာမာ နေလာတော့ သူတပါးဆီမှာ အလုပ်လုပ်ဖို့လည်း မဖြစ်နိုင်ဘူးလေ။

အဲဒါနဲ့ ကလေးက "အဘိုး အဲဒီသူဋ္ဌေးသားက နောက်တော့ ဘာဖြစ်သွားလဲ" မေးတော့ အဘိုးအိုက ရယ်ပြီးတော့ "အဲဒီသူဋ္ဌေးသားက သူတောင်းစား ဖြစ်သွားတာပေါ့ကွယ်" လို့ ပြောလိုက်တယ်။

အဘိုးအိုက ဆက်ပြီး "ကလေး၊ အဲဒီသူဋ္ဌေးသားက ဘယ်သူလဲဆိုတာ မသိချင်ဘူးလား" ဆိုတော့ ကလေးကလည်း "သိချင်တယ်" လို့ ဖြေတယ်။

အဘိုးက "ကလေး၊ တကယ်တော့ အဲဒီသူဋ္ဌေးသားက တခြားသူ မဟုတ်ဘူး။ အဘိုးပဲ" လို့ ပြောလိုက်တော့ ကလေးက အရမ်းအံ့သြသွားတာပေါ့။

အဘိုအိုးက ထပ်ပြောပြန်တယ်။ "ကလေး လောကမှာ ဆင်းရဲလို့လည်း စိတ်ဓာတ်မကျနဲ့၊ ချမ်းသာလို့လဲ မာန်မတတ်နဲ့။ ဆင်းရဲလို့ စိတ်ဓာတ်ကျနေရင် ဘယ်တော့မှ ထိပ်ကိုရောက်မှာ ဟုတ်ဘူး။

ချမ်းသာလို့လည်း မာန်မတက်နဲ့။ မာန်တက်လို့ ပြုတ်ကျရင် ဘယ်တော့မှ နလန်ထူနိုင်မှာ မဟုတ်ဘူး ကလေး" သင်ခန်းစာ ယူနိုင်ကြပါစေ။ Crd

Post a Comment

0 Comments