ဘဝမှာ တစုံတယောက်ကြောင့် ကိုယ့်တိုင် နာကျင်နေရပြီဆိုရင် သူ့ကို စွန့်လွှတ်ဖို့ လုံးဝ တွေဝေမနေပါနဲ့။ တချို့သော စွန့်လွှတ်မှုတွေက ခဏတာ ထိခိုက်ပေမယ့် တဘဝလုံးစာ ကိုယ့်အတွက် သောကတွေ ကင်းစေမှာပါ။
ဘဝမှာ တစုံတယောက်ကြောင့် ကိုယ်မျက်ရည်တွေ ကျနေရပြီဆိုရင် မျက်ရည်တွေ သုတ်ရုံလောက်နဲ့ မရပ်လိုက်ပါနဲ့။
သူ့ကိုပါ အပြီးတိုင် မေ့နိုင်အောင် ကြိုးစားပါ။ အချိန်ခဏတော့ ပင်ပန်းပေမယ့် နောင်တဘဝလုံးစာ သာယာပျော်ရွှင် စေမှာပါ။
ဘဝမှာ တစုံတရာကြောင့် ကိုယ်မာနတွေ ထိခိုက်ခံလာရပြီဆိုရင် အရှုံးပေး ခေါင်းငုံ မနေလိုက်ပါနဲ့။ အချို့သော အမှန်တရားတွေက ခါးသက်ပေမယ့် ထိရောက်မှုက ပြင်းထန်ကြောင်း ပြသလိုက်ပါ။ ခဏတာ မောပန်းသွားပေမယ့် တဘဝလုံး သိက္ခာရှိစွာ ရပ်တည်နိုင်မှာပါ။
ဘဝမှာ တစုံတရာကြောင့် ကိုယ့်အောင်မြင်မှု အခွင့်အရေးတွေ ဆုံးရှုံးလာရပြီဆိုရင် စိတ်ပျက်ဝမ်းနည်းမနေပါနဲ့။ အောင်မြင်တဲ့သူတိုင်းက ဒုက္ခဆိုတဲ့ အရာကို အကြိမ်ကြိမ် ရင်ဆိုင် ဖြတ်ကျော်ခဲ့ရသူတွေပဲ ဆိုတာ သတိရပါ။
တကြိမ်ရှုံးရုံနဲ့ တသက်လုံး ရှုံးသွားတာမျိုး မဖြစ်ဖို့ စိတ်ဓာတ်တွေ အားတင်းထားသမျှ တချိန်ချိန် အခွင့်အရေးတွေ ရှိလာနိုင်မှာပါ။
အကယ်၍သာ ဘဝမှာ ကိုယ့်ရယူသင့်တာကို ယူတဲ့အခါမျိုးမှာ ရဲရဲရင့်ရင့်ယူနိုင်ပြီး စွန့်လွတ်သင့်တဲ့ အရာမှန်သမျှကိုလည်း ပြတ်ပြတ်သားသား စွန့်ပစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပါ။
တခါတလေတော့ ဘဝမှာ အရှုံးလို့ တွေးနေသမျှ တကယ်ကို အမြဲတမ်းရှုံးနေတော့မှာမို့ တခါတရံ ပြန်ထနိုင်ဖို့ စိတ်ဓာတ်တွေကို ကြိုတင် စုစည်းထားနိုင်ရမယ်။ နောင်တ ဆိုတာ မပြတ်သားလို့ နောင်မှရတဲ့ စိတ်ခံစားမှု တခုရယ်ပါ။ crd
Zawgyi
မွတ္ထားပါ ျပတ္သားပါ
ဘဝမွာ တစုံတေယာက္ေၾကာင့္ ကိုယ့္တိုင္ နာက်င္ေနရၿပီဆိုရင္ သူ႔ကို စြန႔္လႊတ္ဖို႔ လုံးဝ ေတြေဝမေနပါနဲ႔။ တခ်ိဳ႕ေသာ စြန႔္လႊတ္မႈေတြက ခဏတာ ထိခိုက္ေပမယ့္ တဘဝလုံးစာ ကိုယ့္အတြက္ ေသာကေတြ ကင္းေစမွာပါ။
ဘဝမွာ တစုံတေယာက္ေၾကာင့္ ကိုယ္မ်က္ရည္ေတြ က်ေနရၿပီဆိုရင္ မ်က္ရည္ေတြ သုတ္႐ုံေလာက္နဲ႔ မရပ္လိုက္ပါနဲ႔။ သူ႔ကိုပါ အၿပီးတိုင္ ေမ့ႏိုင္ေအာင္ ႀကိဳးစားပါ။ အခ်ိန္ခဏေတာ့ ပင္ပန္းေပမယ့္ ေနာင္တဘဝလုံးစာ သာယာေပ်ာ္႐ႊင္ ေစမွာပါ။
ဘဝမွာ တစုံတရာေၾကာင့္ ကိုယ္မာနေတြ ထိခိုက္ခံလာရၿပီဆိုရင္ အရႈံးေပး ေခါင္းငုံ မေနလိုက္ပါနဲ႔။ အခ်ိဳ႕ေသာ အမွန္တရားေတြက ခါးသက္ေပမယ့္ ထိေရာက္မႈက ျပင္းထန္ေၾကာင္း ျပသလိုက္ပါ။ ခဏတာ ေမာပန္းသြားေပမယ့္ တဘဝလုံး သိကၡာရွိစြာ ရပ္တည္ႏိုင္မွာပါ။
ဘဝမွာ တစုံတရာေၾကာင့္ ကိုယ့္ေအာင္ျမင္မႈ အခြင့္အေရးေတြ ဆုံးရႈံးလာရၿပီဆိုရင္ စိတ္ပ်က္ဝမ္းနည္းမေနပါနဲ႔။ ေအာင္ျမင္တဲ့သူတိုင္းက ဒုကၡဆိုတဲ့ အရာကို အႀကိမ္ႀကိမ္ ရင္ဆိုင္ ျဖတ္ေက်ာ္ခဲ့ရသူေတြပဲ ဆိုတာ သတိရပါ။ တႀကိမ္ရႈံး႐ုံနဲ႔ တသက္လုံး ရႈံးသြားတာမ်ိဳး မျဖစ္ဖို႔ စိတ္ဓာတ္ေတြ အားတင္းထားသမွ် တခ်ိန္ခ်ိန္ အခြင့္အေရးေတြ ရွိလာႏိုင္မွာပါ။
အကယ္၍သာ ဘဝမွာ ကိုယ့္ရယူသင့္တာကို ယူတဲ့အခါမ်ိဳးမွာ ရဲရဲရင့္ရင့္ယူႏိုင္ၿပီး စြန႔္လြတ္သင့္တဲ့ အရာမွန္သမွ်ကိုလည္း ျပတ္ျပတ္သားသား စြန႔္ပစ္ႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားပါ။
တခါတေလေတာ့ ဘဝမွာ အရႈံးလို႔ ေတြးေနသမွ် တကယ္ကို အၿမဲတမ္းရႈံးေနေတာ့မွာမို႔ တခါတရံ ျပန္ထႏိုင္ဖို႔ စိတ္ဓာတ္ေတြကို ႀကိဳတင္ စုစည္းထားႏိုင္ရမယ္။ ေနာင္တ ဆိုတာ မျပတ္သားလို႔ ေနာင္မွရတဲ့ စိတ္ခံစားမႈ တခုရယ္ပါ။ crd
0 Comments