ကြိုတင်ပြင်ဆင်ခြင်းဟာ အောင်မြင်ခြင်းပါ

တခါတုန်းက ရွာတရွာမှာ လယ်မြေတွေ ပိုင်တဲ့ သူဌေးကြီးက သူ့လယ်တွေကို ကြီးကြပ်ဖို့ လူတယောက် ရှာနေတယ်။ သူ့ရွာက လူအတော်များများဟာ အလုပ်ကြမ်း မလုပ်ချင်ကြလို့ သူဌေးကြီးဟာ လူရှာမရ ဖြစ်နေခဲ့တယ်။

တနေ့မှာ လူကောင်ပိန်သေးသေးနဲ့ အသက်ကြီးကြီး လူတယောက် သူ့ဆီမှာ အလုပ်လာလျှောက်တယ်။ သူဌေးကြီးက သူ့ကို ဒီအလုပ်ကို လုပ်နိုင်မလားလို့ မေးတယ်။

သူက "မုန်တိုင်းကျရင်တောင် အိပ်ပျော်ပါတယ်" လို့ ပြန်ဖြေတယ်။ သူဌေးကြီးဟာ သူ့အဖြေကို သဘောမကျပေမယ့် အလုပ်လျှောက်သူ မရှိလို့ သူ့ကိုပဲ လက်ခံပြီး အလုပ်ခန့်လိုက်ရတယ်။

အဲဒီညမှာပဲ လေပြင်းမုန်တိုင်းကြီး ကျပါတော့တယ်။ သူဌေးကြီးက အိပ်နေတဲ့သူ့ကို သွားနှိုးပြီး အော်ပြောတယ်။ "ဟေ့လူ ထ ထ။ မုန်တိုင်းကျနေပြီ။ အပြင် ထွက်ကြည့်လိုက်အုံး"

ဟိုလူက တဖက်ကို လှည့်စောင်း ပြန်အိပ်ရင်း "ကျွန်တော် ပြောထားတယ်လေ။ မုန်တိုင်းကျရင် အိပ်ပျော်ပါတယ်လို့" လို့ ဖြေတယ်။

သူဌေးကြီးက သူ့ကို ချက်ခြင်း အလုပ်ဖြုတ်ပစ်ချင်တယ်။ ဒါပေမယ့် လောလောဆယ် အပြင်ဖက်မှာ ဘာတွေ ဖြစ်ပျက်နေတယ် ဆိုတာကို သွားကြည့်လိုက်တယ်။

ကောက်ရိုးပုံတွေကို သပ်သပ်ရပ်ရပ် ပုံထားပြီး အပေါ်မှာ မိုးကာတွေနဲ့ အုပ်ထားတယ်။ နွားတွေအားလုံး နွားခြံထဲ မောင်းသွင်းထားပြီး ခြံတံ ခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။

ကြက်တွေကိုလည်း ကြက်ခြံ အမိုးအောက်မှာ ထည့်ထားပြီးပြီ။ ရှိတဲ့ တဲတွေကို ကြိုးနဲ့ မြေကြီးမှာ ငုတ်စိုက်ချည်ထားတယ်။ မုန်တိုင်းကြောင့် လွင့်ပျံ မတက်သွားအောင်ပါ။

အဲဒါတွေကို လူသစ်က နေ့ခင်းကတည်းက လုပ်ထားခဲ့တာပါ။ သူဌေးကြီးဟာ အခုမှ သဘောပေါက်သွား ပါတယ်။ လူသစ်ဟာ စီစဉ်စရာတွေကို မုန်တိုင်း မလာခင်ကတဲက စီစဉ်ပြီးသားမို့ မုန်တိုင်းလာချိန်မှာ သူ ကောင်းကောင်းအိပ်နေနိုင်တာကိုး။

သူဌေးကြီးလည်း အိပ်ယာဝင်ပြီး အဲဒီညမှာ စိတ်ချလက်ချနဲ့ ကောင်းကောင်း အိပ်ပျော်သွားပါတယ်။ သင်ခန်းစာ – မည်သည့်အလုပ်ကိုမဆို ကြိုတင်ပြင်ဆင်ထားခြင်းက အကောင်းဆုံးသော လုပ်ဆောင်မှု တခုပါပဲ။ ဗန်းမော်သိန်းဖေ

Post a Comment

0 Comments